13
Aug

HIV ကူးစက်မှု ကာကွယ်ဆေး စမ်းသပ်မှုနှစ်ခု အရ ထွက်ပေါ်လာ

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသည့် ရလာဒ်တစ်ခုအရ ကွဲပြားသည့် စမ်းသပ်မှု နှစ်ခုပြုလုပ် ခဲ့ရာတွင် HIV ရောဂါပိုး ကူးစက်မှု မရှိစေရန် ကာကွယ်နိုင်သည့် ဆေးတစ်မျိုးကို တွေ့ရှိခဲ့ရကြောင်း အတ္တလန္တာရှိ  ရောဂါဗေဒ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Kevin Fenton မှ ပြောကြားလိုက်သည်။

Partners PrEP အမည်ရ ယခုလိုစမ်းသပ်မှုကို ကင်ညာနိုင်ငံနှင့် ယုဂန္ဓာတို့တွင် စမ်းသပ်ရာ၌ tenofovir နှင့် emtricitabine ဆေးနှစ်မျိုး ပေါင်းစပ်ထားသည့် ဆေးလုံးများ ကို တစ်ဦးတွင် HIV ရှိသည့် စုံတွဲများအကြား စမ်းသပ်သောက်သုံး စေခဲ့ရာ ရောဂါပိုးမရှိသူအတွက် ကာကွယ်နိုင်စွမ်းမှာ ၇၃ ရာခိုင်နှုန်း အထိမြင့်တက် ခဲ့ကြောင်းနှင့် နောက်ထပ် ဆေးတစ်မျိုး ဖြစ်သည့် tenofovir တစ်မျိုးသာ ပါဝင်သည့်  ဆေးဖြင့် စမ်းသပ်သည့် လူများတွင် ၆၂ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

 ဒုတိယမြောက် စမ်းသပ်မှုကို ဘော့စ်ဝါနာ နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ Truvada  ပါဝင်သည့် ဆေးကို သောက်သုံးသူများမှာ ၆၃ ရာခိုင်နှုန်းအထိကာကွယ်နိုင်စွမ်း ရှိကြောင်း သိရသည်။ယခုလိုစမ်းသပ်မှုမှာ နေ့စဉ် သောက်သုံးရသည့် ဆေးလုံးများဖြစ်ပြီး စမ်းသပ်မှုရလာဒ်  အသေးစိတ်ကို လာမည့်အပတ် ရောမတွင် ကျင်းပသည့် AIDS  ဆွေးနွေးပွဲတွင် ရှင်းလင်း ပြသမည် ဖြစ်သည်ဟု သိရသည်။

MRTV-4 - HIV ကူးစက်မှု ကာကွယ်ဆေး စမ်းသပ်မှုနှစ်ခု အရ ထွက်ပေါ်လာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top