ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက လူ ၂၇၄ ဦးဟာ စမ်းသပ်စစ်ဆေးရာ HIV ရှိသူအရေအတွက်ဟာ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ဖိလစ်ပိုင်နိုင်ငံတွင် ၇၂ ရာခိုင်နှုန်း ကူးစက်မှုနှုန်း အမြင့်ဆုံးနှစ်တစ်နှစ် ဖြစ်တယ်လို့ သိရပါတယ်။ ထို၂၇၄ ဦးတွင် ၃၈ဦးဟာ မူးယစ်ဆေးဝါး သွေးကြောအတွင်း ထိုးသွင်း သုံးစွဲရာ၌ ဆေးထိုးအပ်ကို ဝေမျှသုံးစွဲ ခဲ့ရာမှ HIV ရောဂါ ကူးစက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအထဲမှ ၂၃၅ ဦးဟာ လိင်မှတဆင့် HIV ကူးစက်ရောဂါကို ရရှိခဲ့တာဖြစ်ပြီး ထို၂၃၅ဦးမှ ထက်ဝက်ကျော်ဟာ လိင်တူဆက်ဆံတဲ့အတွက် HIV ပိုး ကူးစက်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။ ထိုအထဲမှ တစ်ဦးကတော့ ရောဂါရှိသော မိခင်မှ ကလေးသို့ ရောဂါကူးစက်ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
http://gulfnews.com/news/world/philippines/72-rise-in-hiv-cases-in-philippines-1.1000487
Burmese Hearts - HIV ကူးစက်မှု ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တဲ့ ဖိလစ်ပိုင်




