3
Nov

HIV ကူးစက်မှု နှင့် သဘာဝ ဖြစ်စဉ်



HIV ကူးစက်ခံရပြီးနောက် နှစ်ပတ်မှ လေးပတ်အတွင်း
Acute HIV Syndrome (သို့မဟုတ်) Seroconversion Illness (သို့မဟုတ်) Flue – Like
Syndrome ဟု ခေါ်သော လက္ခဏာ တချို့ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ အများအားဖြင့် ယင်းကာလတွင်
သွေးစစ်ဆေးကြည့်ပါက Positive ဖြစ်ဦးမည် မဟုတ်ပါ။ သွေးစစ်ခြင်းမှာ HIV ဗိုင်းရပ်စ်ကြောင့်
ခန္ဓာကိုယ်မှ ပြန်လည်ထုတ်ပေးသော ပဋိပစ္စည်း Antibody ကို စစ်ဆေးခြင်းဖြစ်သည်။

 

      ရောဂါ
ကူးစက်ခံထားရပြီး ဖြစ်သော်လည်း၊ သွေးစစ်၍ Positive မတွေ့ရသေးသည့် ကာလကို Window
Period ဟု သုံးနှုန်းခေါ်ဆိုသည်။

 

      လူနာများသည်
HIV ကူးစက်ခံခဲ့ရပြီး ဝေဒနာ လက္ခဏာ မပြဘဲ နှစ်ပေါင်းများစွာ အများအားဖြင့် ၁၀ နှစ်ခန့်ထိ
ရှိနေတတ်သည်။ Clinical Latency Asymptomatic လက္ခဏာ မရှိသော ကာလ၊ ငုပ်လျှိုးနေသော ကာလဟုဆိုနိုင်ပါသည်။
တချို့လူနာများတွင် ယင်းကာလမှာ ၁၀ ကျော် ၁၅ နှစ်အထိရှိနိုင်ပါသည်။

 

      နောက်ပိုင်းကာလတွင်
ဗိုင်းရပ်စ်ပိုးအရေအတွက် များပြားလာပြီး၊ CD4 အရေအတွက်မှာ ကျဆင်း လာသည်။ (CD4 200)
CD4 အရေအတွက် ၂၀၀ အောက်ကျဆင်းလာချိန်တွင် အခွင့်အရေး ယူတတ်သော ပိုးမွှားများ အဓိက ကူးစက်မှု
ဖြစ်လာလေ့ရှိသည်။

 

      CD4 ၂၀၀
အောက်ကျဆင်းခဲ့သူ တစ်ဦးသည် သဘာဝ ဖြစ်စဉ်အတိုင်းသွားမည်ဆိုပါလျှင် (ကုသမှု ခံယူခြင်းမပြုလျှင်)အသက်ရှင်သန်ခွင့်မှာပျမ်းမျှ
အားဖြင့် ၃.၇ နှစ်ခန့်သာရှိပါသည်။

 

      ကလေးငယ်များတွင်
ရောဂါပိုးရှိသော မိခင်မှ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် နို့တိုက်ကျွေးမွေးစဉ်
ရောဂါ ကူးစက်ခံရတတ်ပြီး သဘာဝ ဖြစ်စဉ်မှာ လူကြီးများနှင့်မတူ ကွဲပြားမှု ရှိကြောင်း တွေ့ရပါသည်။

 

      HIV ကူးစက်မှု
၏ သဘာဝ ဖြစ်စဉ် ဆိုသည်မှာ ရောဂါပိုးဝင်ရောက်ပြီး ကုသမှု တစ်စုံတစ်ရာမရှိဘဲ ရောဂါအဆင့်
ဆင့် ဖြစ်ပေါ်ပြောင်းလဲမှုကို ဆိုလိုပါသည်။ 

 

(Family Health Journal Vol.235, 28th Oct, 2009)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top