30
Nov

HIV ကူးစက်မှု နှုန်းထား တရုတ်နိုင်ငံဖက်သို့ အရှိန်မြှင့် ဦးတည်နေ



တရုတ်နိုင်ငံတွင်
လိင်တူ၊လိင်မတူ နှင့် အခြားသော ပုံသဏ္ဍာန်များဖြင့် ရရှိလာသော AIDS ရောဂါမှာ လျှင်မြန်စွာ
ပြန့်နှံ့နေသည်ဟု ကမ္ဘာ့ကုလသမဂ္ဂသို့ တင်ပြသော စာတမ်းတွင် ဖေါ်ပြထားသည်။

ယင်းစာတမ်းတွင်
ဖေါ်ပြထားသော အချက်အလက်များအရ အိတ်ခ်ျအိုင်ဗီ ကူးစက်ရောဂါအား ၄၀ ရာခိုင်နှုန်းမှာ လိင်တူ/
လိင်ကွဲ ဆက်ဆံခြင်းမှဖြစ်ပြီး၊ ၃၂ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုမှာ ဖြစ်သည်ဟု
တရုတ်အစိုးရထံမှလာသော အချက်အလက်များအရ သိရှိရသည်။

အင်္ဂါနေ့က
ရှန်ဟိုင်း အခြေစိုက် UNAIDS မှပြောကြားလိုက်သည်မှာ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း
လိင်ဆက်ဆံခြင်းမှ ၃ဆမြင့်တက်လာသည်ဟု ပြောကြားလိုက်ပြီး ကူးစက်မှု သဘော သဘာဝမှာ အာဖရိကမှ
အာရှတိုက်သို့ ရွှေ့ပြောင်းလာသည့်သဘောဟု UNAIDS ဒါရိုက်တာ မီရှဲလ်ဆိုက်ဒီဘီ ပြောကြားလိုက်သည်။

ယခင်အပါတ်
ဗုဒ္ဓဟူးနေ့က တရုတ်ကျန်းမာရေး ဝန်ကြီးဋ္ဌာန အဆောက်အဦးရှေ့တွင် ဟိုင်နန်ကျွန်းမှ လာ၍ ဆန္ဒပြနေသော
အေအိုင်ဒီအက်စ် ဝေဒနာသည် ၃၀အား ခေတ္တယာယီဖမ်းဆီးလိုက်သည်။ ထို အထိန်းသိမ်းခံ HIV/AIDS
ဝေဒနာသည် အများစုမှာ ဟိုင်နန်ဆေးရုံမှ သွေးသွင်းယင်း ကူးစက်ခံရခြင်း ဖြစ်သည်ဟုဆိုသည်။

တရုတ်ပြည်တွင်
သွေးအရောင်းအဝယ် ဈေးကွက်မှာ ကြီးမားစွာဖြစ်ထွန်းလျှက်ရှိပြီး ထိုဈေးကွက်မှ အန္တရာယ်ရှိသော
သွေးများပြန့်ပွားလျှက်ရှိသည်ဟု ကျန်းမာရေးဋ္ဌာနအကြံပေး ဂျီယန်တန်ယောင်းမှ ပြောဆိုလိုက်သည်။

တရုတ်ကျန်းမာရေးဝန်ကြီး
ချန်ဇူးမှ ယခင်အောက်တိုဘာလ အကုန်တွင် ပြောကြားလိုက်သည်မှာ တရုတ်နိုင်ငံသည် ယခင်နှစ်က
HIV-AIDS ဝေဒနာသည် ၂၆၄၃၀၂ ရှိနေရာမှ ၃၁၉၈၇၇ အထိမြင့်တက်လာပြီး၊ ယခု နှစ်ကုန်တွင် နိုင်ငံတွင်း
ဝေဒနာသည်ပေါင်း ၇၄၀၀၀၀ အထိ ရှိနိုင်ကြောင်း ဝန်ခံလိုက်သည်။ UNAIDS၏ သုတေသနပြုထားချက်အရ
တရုတ်နိုင်ငံ၏ လိင်ဆက်ဆံမှု အဆိုးအဝါးဆုံးအလေ့အထမှာ ၆၀ ရာခိုင်နှုန်းကျော်မှာ လိင်ဆက်ဆံရာတွင်
ကွန်ဒုံးမသုံးခြင်း ဖြစ်သည် ဟုဆိုသည်။

လူထုအသံ -

HIV ကူးစက်မှု နှုန်းထား တရုတ်နိုင်ငံဖက်သို့ အရှိန်မြှင့်
ဦးတည်နေ


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top