26
Jul

HIV ကူးစက်နေသူ အရေအတွက် ကင်ဆာ ရောဂါ ရှင်ထက် နှစ်ဆ ကျော်



ကမ္ဘာတစ်ဝှမ်းတွင် HIV ပိုးကူးစက်ခံနေရသည့် အရေအတွက်မှာ AIDS မဟုတ်သော ကင်ဆာ ရောဂါများ ခံစား နေရသူ အားလုံးပေါင်း ပမာဏ
ထက် နှစ်ဆ ကျော်မျှ များပြားနေကြောင်း သိရှိရသည်။
HIV ရှိသူများသည် ကင်ဆာဝေဒနာရှင် ပမာဏ၏ (၂.၃) ဆရှိပြီး HIV ကူးစက်ခံထားရသူ အမျိုးသမီး အရေအတွက်မှာ ကင်ဆာရောဂါရှင်
အမျိုးသမီး အရေအတွက်၏ (၁.၅) ဆမျှရှိကြောင်း စစ်တမ်း တစ်ခုတွင် ဖော်ပြ ထားသည်။

 

ကမ္ဘာတစ်ဝှမ်းတွင် HIV ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်
ဆောင်ရွက်နေသော်လည်း
AIDS အခြေအနေမှာ
ကြောက်စရာ ကောင်းနေ ဆဲဖြစ်ကြောင်း ၀ါရှင်တန် ဒီစီမှ ဆရာဝန်များ က တွေ့ရှိလာကြသည်။
ထို့ပြင် ကင်ဆာ ဖြစ်ပွားနှုန်းမှာလည်း တရိပ်ရိပ်တက်လာကြောင်း သိပ္ပံပညာရှင်များ က
သတိ ပေးထားသည်။ လက်ရှိ အနေအထားအရ
HIV ပိုး ကူးစက်ခံ ရမှုနှုန်း တိုးမြင့် လာခြင်းအပေါ် အာရုံစိုက်
သင့်ကြောင်း ကျန်းမာရေး အဖွဲ့ အစည်းများထံ အကြံပြုမှုများ ပေးပို့ ထားသည်ဟု
သုတေသီများ က ထုတ်ဖော် ပြောဆို သွားသည်။

 

http://www.yourmyanmar.com

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top