BBC 13/Nov/2007
တရုတ်နိုင်ငံသည် HIV ကူးစက်ခံ နိုင်ငံခြားသားများ ၎င်းတို့၏ နိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းမှ တားမြစ်သည့် နှစ်နှစ်ဆယ်ကြာ ဥပဒေကို ပြန်လည် ပြင်ဆင်တော့မည်ဟု ကျန်းမာရေးဝန်ကြီးဌါနမှ ပြောကြားသည်။ ထိုရောဂါ ပေါ်ပေါက်ခါစ ၎င်း၏ကူးစက်ပြန်နှံပုံကို သေချမသိသေးခင်က ယင်းဥပဒေကို ပြဌါန်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရေဂါအကြောင်း ပိုမိုသိရှိလာသဖြင့် ခေတ်အမြင်နှင့် လျော်ညီစွာဥပဒေကို ပြန်လည်ပြုပြင်ရန် လိုသည်ဟု တာဝန် ရှိသူများ ကဆိုသည်။ လက်ရှိဥပဒေအရ HIV ကူးစက်ခံ နိုင်ငံခြားသားများအား နိုင်ငံတွင်းဝင်ခွင့် ငြင်းပယ်နိုင်သည့်အပြင် နိုင်ငံတွင်းရောက်ရှိနေ သူအားလည်း ပြန်လည် ထွက်ခွာစေနိုင်သည်။ (ဘီဘီစီ)




