13
May

HIV ကူးစက်​ခံရစ လက္ခဏာများဟာ တပြိုင်တည်း ဖြစ်တတ်ပါသလား (အမေးအဖြေ)

မေး။    ။ HIV ကူးစက်​ခံရစ ဖြစ်​​ပေါ်တတ်​​သော လက္ခဏာများ ဖြစ်ကြတဲ့
၁။ ဖျားခြင်း
၂။ အကျိတ်​ထွက်​ခြင်း
၃။ Rash ထွက်​ခြင်း
၎။ လည်​​ချောင်းနာ ၊ အာသီး​ရောင်​ခြင်း
၅။ ​မောပန်းခြင်း  စသည်​ တို့သည်​ တပြိုင်​နက်​ ဖြစ်​တတ်​ခြင်းလား။ တစ်​ခုပြီး တစ်​ခုဖြစ်​တတ်​ခြင်းလား။

ပြီး​နောက်​ မရှင်းတာ​လေးတစ်​ခု​လောက်​ သိချင်​ပါတယ်​။ Rash ကို အဘိဓါန်​ထဲမှာ အဖုအပိမ့်လို့ ​ရေးထားပါတယ်​။ ဘယ်​လို အသွင်​သဏ္ဌာန်​ အဖုအပိမ့်ဆိုတာ သိချင်​ပါတယ်​။

ဖြေ။    ။ HIV ကူးစက်​ခံရစ ဖြစ်​​ပေါ်တတ်​​သော လက္ခဏာများ ဖြစ်တဲ့
၁။ ဖျားခြင်း
၂။ အကျိတ်​ထွက်​ခြင်း
၃။ Rash ထွက်​ခြင်း
၎။ လည်​​ချောင်းနာ ၊ အာသီး​ရောင်​ခြင်း
၅။ ​မောပန်းခြင်း  စသည်တို့က အားလုံး တစ်ပြိုင်နက်ဖြစ်တာ ရှားပါတယ်။

များသောအားဖြင့် တစ်မျိုး နှစ်မျိုးပဲ တွဲဖြစ်ပါတယ် ဥပမာ - ဖျားခြင်းနှင့် လည်ချောင်းနာခြင်း။
ဒီလို ဖြစ်တာတွေကို သာမန်အားဖြင့် လူတွေက သတိမပြုမိကြပါဘူး။ ဖြစ်တာများတာက တုတ်ကွေးဖြစ်သလို ဖျားမယ်၊ နှာစေးမယ်၊ ကြွက်သားတွေနာမယ်၊ မျက်ရိုးကိုက်မယ်၊ အကြိတ်တွေရောင်မယ် စသဖြင့် ဖြစ်တတ်ပါတယ်။

Rash ဆိုတာက အရေပြားမှာဖြစ်တဲ့ အဖု၊ အပိန့်၊ အင်ပြင် အားလုံးကို ခြုံငုံပြီးခေါ်တာပါ။ ဥပမာ- ယားဖုတွေ၊ မိတ်ဖုတွေ၊အင်ပြင်တွေ၊ အနီစက်လေးတွေ၊ ၀က်သက်လို ဖုလေးတွေ၊ ၀က်ခြံလိုဖုလေးတွေအားလုံးကို ခေါ်တာပါ။

HIV ပိုးကူးစက်ခါစမှာ အရေပြားမှာ သိပ်မသိသာပါဘူး။ ဖြစ်ခဲ့ရင်လည်း အင်ပြင်ပေါက်သလိုမျိုး အရေပြားမှာ ဖြစ်တတ်ပါတယ်။ AIDS အဆင့်ရောက်ရင်တော့ အရေပြားမှာ ယားနာတွေ၊ ရေယုန်တွေ ဖြစ်တတ်ပါတယ်။ ART ခေါ်တဲ့ ဆေးတွေ စသောက်ခါစမှာလည်း အရေပြားမှာ မှင်ထသလို၊ အင်ပြင်ထသလို၊ နေလောင်သလို Rash တွေ ပေါ်တတ်ပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top