15
Aug

HIV ကူးစက် ခံနေရပြီလား (အမေးအဖြေ)

မေး။    ။ ဆရာ ကျွန်တော် သိချင်တာလေးတွေ မေးချင်လို့ပါ။ ကျွန်တော် အပျော်အပါး တစ်ခါ လိုက်စားမိပါတယ်။ အဲ့ဒီ အချိန်ကစပြီး ကျွန်တော်ကို ကျွန်တော် ယုံကြည့်မှု မရှိတော့ဘူး ဖြစ်နေပါတယ်။ အပျော်အပါး လိုက်စားပြီး ဘယ်လောက် အကြာမှာ HIV ရောဂါ လက္ခဏာ စပြီးပြတက်ပါ သလဲ။ ဘယ်လို လက္ခဏာတွေရော ပြတက်ပါသလဲ ဆိုတာ ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်။ ကွန်ဒုံးတော့ သုံးပါတယ်။ အပျော်အပါး လိုက်စားပြီး ကတည်းက ဒီနေ့နဲ့ဆို ၁ လခွဲလောက်တော့ ရှိပါပြီ။ ကျွန်တော်စိတ်တွေလည်း အရမ်းညစ်နေတယ်။ နောက်ဘယ်တော့မှလည်း မလိုက်စားတော့ပါဘူး။ ပြီးတော့ ဆေးစစ်ချင်ရင် ဘယ်တွေမှာ ဘယ်လိုစစ်ရမလဲ ခင်ဗျာ။

ဖြေ။    ။ မိတ်ဆွေပြောပြပုံအရ ကွန်ဒုံး သုံးခဲ့တဲ့ အတွက် အလွန်အမင်း စိတ်သောက ရောက်တာမျိုး မဖြစ်သင့်ပါဘူး။ သွေးစစ်ချင်တယ်ဆိုရင်တော့ လိင်ဆက်ဆံပြီးတဲ့ အချိန်ကနေ ၃ လ သို့မဟုတ် ၆ လမှာ သွေးစစ်သင့် ပါတယ်။

ရောဂါလက္ခဏာတွေက ချက်ချင်းမပြတတ်ပါဘူး။ လူတွေရဲ့ မတူညီတဲ့ ကိုယ်ခံအားပေါ်မူတည်ပြီး ပိုးစတင် ကူးစက်ချိန်ကနေ ၁ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

ဘယ်လို လက္ခဏာတွေလဲဆိုတော့
- ရက်အတော်ကြာ- ၀မ်းပျက်ခြင်း
- ရက်အတန်ကြာ ချောင်းဆိုးခြင်း
- ရက်အတန်ကြာ ဖျားခြင်း
- ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း
- ပေါင်၊ ဂျိုင်းစတဲ့ နေရာတွေမှာ အကြိတ်များကြီးခြင်း
- အရေပြားမှာ ရေယုံ၊ မက်ခရု၊ ယားနာကဲ့သို့ အနာများပေါက်ခြင်း စတာတွေပါ။

ဆေးစစ်မယ်ဆို အပြင်က ဓာတ်ခွဲခန်းတွေ၊ အစိုးရ ဆေးရုံတွေမှာ စစ်နိုင်သလို အန်ဂျီအိုတွေမှာလည်း စစ်လို့ရပါတယ်။

ကျနော်တို့ HIM ရဲ့ အင်တာနက် စာမျက်နှာမှာ ရန်ကုန်မြို့က အန်ဂျီအိုတွေရဲ့ လိပ်စာတွေ တင်ထားပေးပါတယ်။ HIV ပိုးအကြောင်း၊ ကူးစက်ပုံအကြောင်း စတာတွေကိုလည်း တင်ပေးထားပါတယ်။ အချိန်ယူပြီး လေ့လာစေချင် ပါတယ် ခင်ဗျာ။

မေး။    ။ HIV reactive ဆိုတာ ပိုးရှိနေပြိလား။ ရှိတယ်ဆိုရင် အခြားရောဂါတွေလို သွေးထဲမှာ အကောင် ဘယ်လောက်ပါလဲ ဆိုတာ စစ်ပြီး ဆေးသောက်လို့ ရပါသလားခင်ဗျာ။ဘာဆေးသောက်ပြီး ဘယ်မှာ ရနိုင်ပါလဲခင်ဗျာ။ ကျေးဇူးပြုပြီး စာပြန်ပေးပါခင်ဗျာ။

ဖြေ။    ။ HIV Reactive ဆိုတာဘာလဲ....
ဓာတ်ခွဲခန်းကနေ သွေးအဖြေဖြစ်ပါတယ်။ ဆိုလိုတာက ဓာတ်ခွဲခန်းကို ပေးလိုက်တဲ့ သွေးနမူနာမှာ HIV ပိုး စစ်ဆေးတွေ့ရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ သွေးစစ်တဲ့ သူမှာ HIV ပိုးရှိနေတယ်လို့ ဆိုလိုပါတယ်။

တခြားရောဂါတွေလို ပိုးဘယ်နှစ်ကောင် ရှိတယ်ဆိုတာကို ရှာလို့ရသလား....
ရပါတယ်။ HIV ပိုးကူးစက်ခံထားရတဲ့သူရဲ့ သွေးထဲမှာ HIV ပိုးကောင် အရေအတွက်ကို စစ်ဆေးနိုင်တဲ့ နည်းပညာ မြန်မာနိုင်ငံမှာ ရှိပါတယ်။ ရန်ကုန်- မန္တလေးစတဲ့ မြို့ကြီးတွေမှာ စစ်နိုင်ပါတယ်။ စစ်ဆေးတဲ့ နည်းကို Viral Load လို့ခေါ်ပါတယ်။ အဲဒီနည်းက သွေးတစ်စက်မှာ HIV ပိုးကောင် ဘယ်လောက် ပါသလဲဆိုတာကို စစ်ဆေးပေးနိုင်ပါတယ်။

ဘာဆေးသောက်ပြီး ဘယ်မှာ ရနိုင်မလဲ....
HIV ပိုးရှိတယ် ဆိုတာနဲ့ ဆေးသောက်ဖို့ မလိုသေးပါဘူး။ လိုအပ်တဲ့ အခါမှ ဆေးသောက်ရပါတယ်။ သောက်ရတဲ့ ဆေးကို ART (anti-retrovial therapy) လို့ခေါ်ပါတယ်။ အေအာတီ ကုထုံးလို့ လူသိများပါတယ်။ ဒီဆေးကို မိမိသဘောနဲ့ မသောက်သင့် ပါဘူး။ တတ်ကျွမ်းတဲ့ ဆ၇ာဝန်နဲ့ သေသေချာချာ စစ်ဆေး တိုင်ပင်ပြီးမှ သောက်ရတာပါ။

ဆေးကို ဘယ်နေရာမှာ ရနိုင်လဲဆိုတော့ အစိုးရဆေးရုံတစ်ချို့၊ အန်ဂျီအို အဖွဲ့တွေမှာ ရနိုင်သလို ကိုယ်တိုင်ငွေနဲ့လည်း ၀ယ်သောက်နိုင်ပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top