19
Mar

HIV ကူးစက် ခံနေရပြီလား (ဗဟုသုတရမည့် အမေးအဖြေ-၁၊ ၂၊ ၃)

မေး (၁)။ ။ ကျွန်တော် ၃ လပြည့်ဖို့ ၄ ရက်လောက် အလိုမှာ သွေးစစ်တာ Negative ပဲ။ ကျွန်တော် ခုနောက်ပိုင်း ကိုယ်တွေ ယားလားတယ်။ အနီဖုတွေ ပေါက်လာတယ်။ ပါးစပ် နည်းနည်းခါးနေတယ်။ အပူဖုလို အနီဖု လျှာမှာပေါက်နေတယ်။ နည်းနည်းမောသလို ခံစားရတယ်။ Join pain ကလည်း နည်းနည်း နာလိုက်ပျောက်လိုက်၊ ညအိပ်ရင်လည်း ချွေးတွေ ဆိုရွဲနေတာပဲ။

ကျွန်တော် မေးချင်တာ ၃ လကြာပြီး သွေးစစ်တယ်။ negativ ပြတယ်။ အခု ကျွန်တော်ပြောပြတဲ့ လက္ခဏာတွေက သွေးမစစ်ခင် ကတည်းက ဖြစ်နေတာပါ။ HIV negative ဆိုတော့ HIV ပိုးက ခန္ဓာကိုယ်ထဲကို ၀င်ရောက် မဖျက်ဆီးသေးဘူးဆိုတဲ့ သဘောလား။ အဲ့တာဆို ကျွန်တော် အခုဖြစ်နေတာတွေက HIV နဲ့ မဆိုင်ဘူးဆိုတဲ့ သဘောလား။ ကျွန်တော်က Beer တို့၊ Whisky တိုတော့ သောက်တယ်။ ကျွန်တော့ အခြေအနေလေး သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ။ ။ သွေးစစ်တာကတော့ အန္တရာယ် အပြုအမူပြုပြီး ၃ လ သို့မဟုတ် ၆ လအကြာမှာ စစ်ရင် စိတ်ချရပါတယ်။ ၃ လအကြာမှာ စစ်ပြီးလို့ မတွေ့ အခု ပြောပြတဲ့ အဖုလေးတွေပေါက်တာ၊ မောတာ၊ အဆစ်နာတာတွေက HIV ပိုး ကူးစက်ခါစ ပုံစံနဲ့ မတူပါဘူး။ အရက်၊ ဘီယာလည်း သောက်တတ်တယ် ဆိုတော့ ဒီလိုဖြစ်နေတဲ့ မောတာ၊ အဆစ်နာတာတွေကို သမားတော် တွေနဲ့ ပြသသင့် ပါတယ်။ အရက်၊ ဘီယာသောက်တာတော့ လျော့သင့်ပါတယ်။

မေး (၂)။ ။ ကျွန်တော် နယ်ခရီးသွားရင်း အခန်း ၆ ခန်းအတွက် ရေချိုးခန်း၂ ခန်းသာပါတဲ့ တည်းခိုခန်းမှာ တည်းခဲ့ပါတယ်။ ကျွန်တော်မနက် ရေချိုးပြီးတော့ ကျွန်တော့ သွားတိုက်တံနှင့် ရေချိုးခန်းတွင် ရှိနေသော သွားတိုက်တံ မှားယူလာမှန်း ညပိုင်း သွားတိုက်ပြီးမှ သိခဲ့ပါသည်။ ကျွန်တော့ သွားမှ သွေးထွက်သွား၍ သွားတိုက်တံတွင် HIV ပိုးရှိနေရင် ကူးစက်နိုင်မလား သိပါရစေ။ ကျွန်တော် ကြောက်နေလို့ပါ။

ဖြေ။ ။ သွားတိုက်တံကနေ HIV ပိုး ကူးစက်တာ အလွန်ရှားပါတယ်။ စိတ်မညစ်ပါနဲ့။ HIV ပိုးဟာ သူတစ်ပါးရဲ့ သွားတိုက်တံထဲမှာ အသက်ကြာကြာ မရှင်နိုင်ပါဘူး။ HIV ပိုးကူးစက်နိုင်ခြေက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်းတွေက အဖြစ်များတာပါ။

မေး (၃)။ ။ တခုလောက် သိချင်လို့ပါ။ ကျွန်မကောင်လေးက ၂၀၁၃ ဇွန်လက ရန်ကုန်ကို ပြန်ရောက်ပါတယ်။ ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ သွားရင်း ကောင်မလေးတွေနဲ့ ၂ ခါလောက် အိပ်ဖူးတယ်ပြောပါတယ်။ ကွန်ဒုံး သုံးတယ်တော့ ပြောပါတယ်။ လွန်ခဲ့တဲ့ ( ၁၀) ရက်လောက်ကစပြီး သူ အင်္ဂါက (မရိုးသေ့စကား) ဆီးသွားရင် ကျင်တယ်ပြောပါတယ်။ နောက်ပြီး လိင်တံကနေ ပြည်တွေလည်း နည်းနည်း ထွက်တယ်ပြောတယ်။ ဘယ်လိုဆေး သောက်သင့်ပါသလဲ။ ဘယ်ဆရာဝန်နဲ့ ပြသင့်ပါသလဲ။ ကာကွယ်မှုကရော ဘယ်လို လုပ်သင့်ပါသလဲ။ ကျွန်မတို့ ၂ ယောက် တူတူနေလို့ရော ရနိုင်ပါသလား။ သူက တူတူနေချင်တယ်ပြောပါတယ်။ ကျွန်မက ကြောက်လို့ မနေရဲပါဘူး။ ဖြေနိုင်ရင် ဖြေပေးပါ။

ဖြေ။ ။ အခုပြောပြပုံအရ ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ နီးစပ်ရာ ဆရာဝန်နဲ့ သေသေချာချာပြပြီး သွေးစစ်စေချင်ပါတယ်။ ကာလသားရောဂါ အများစုက သေသေချာချာ ကုသရင်ပျောက်ကင်းပါတယ်။ ရောဂါကို အတည်ပြု၊ သေသေချာချာ စနစ်တကျ ဆေးကုသပြီးမှ နှစ်ဦး အတူတူနေသင့် ပါတယ်။

ရွှေအိမ်စည် - HIV ကူးစက် ခံနေရပြီလား (ဗဟုသုတရမည့် အမေးအဖြေ-၁၊ ၂၊ ၃)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top