10
Apr

HIV ကူးစက် ခံနေရပြီလား (၇) (အမေးအဖြေ)

မေး။    ။ ကျနော် လွန်ခဲ့တဲ့ ၈ နှစ်လောက်က အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မိပါတယ်။ ဒါပေမယ့် ကျနော်နဲ့ ဆက်ဆံခဲ့ဖူးသူလည်း အိမ်ထောင်ပြုသွားပါပြီ။ သူလည်းကျန်းမာနေဆဲ ကျနော်လည်း ကျန်းမာနေဆဲပါဆရာ။ ကျနော် ဒီ ရှစ်နှစ် အတွင်း လိင်လည်း မဆက်ဆံဘူး။ သွေးလည်းမသွင်းဘူး။ ဆေးလည်းမထိုးဘူး။ HIV ဖြစ်စေနိုမယ့် အရာအားလုံး ရှောင်ခဲ့ပါတယ်။ ကျနော် သိချင်တာက ကျနော် အဲ့ဒီလွန်ခဲ့တဲ့ ၈ နှစ်က အကာအကွယ်မဲ့ ဆက်ဆံခဲ့တာကြောင့် HIV ပိုး ကျနော်မှာ ရှိနိုင်ပါလား။ ကျနော် ကြားဘူးတာက တနှစ်လောက်ဆို ရောဂါ Symptoms တွေပြနေပြီပေါ့။ ကျနော်က ၈ နှစ်တောင်ကြာပြီ ကျန်းမာဆဲ ဖျားတောင်မဖျားဘူးဆိုတော့လေ။ ကျနော် သွေးစစ်သင့်လား။ ပြီးတော့ HIV ပိုး ကူးစက်ခံရပြီး ရောဂါ symptom က ဘယ်လောက်ကြာရင် စပြလေ့ရှိလဲ။

ဖြေ။    ။ အကွာယ်မဲ့ လိင်ဆက်ဆံခဲ့ရင်တော့ ဒီလို စိတ်ပူပန်မှု ဖြစ်ကြရပါတယ်။ အကယ်၍ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်မှာ HIV ပိုးရှိနေရင် အကာကွယ်မပါတဲ့အတွက် ပိုးကူးစက်ခံရနိုင်ပါတယ်။ ပိုးက ကူးစက်ပြီးတာနဲ့ ချက်ချင်း လက္ခဏာမပြပါဘူး။ တစ်ချို့မှာ ၁ နှစ်၊ တစ်ချို့မှာ ၁၀ နှစ်လောက်နေမှ လက္ခဏာပြပါတယ်။ ဒါက လူအမျိုးမျိုးမှာ ရှိတဲ့ မတူညီတဲ့ ခုခံအားတွေကြောင့်ပါ။

မိတ်ဆွေအနေနဲ့ လိင်ဆက်ဆံခဲ့တာ ၈ နှစ်ဆိုတော့ သွေးစစ်လို့ ရနေပါပြီ။ တတ်ကျွမ်းတဲ့ သူတွေနဲ့ စနစ်တကျ ဆွေးနွေးပြီး သွေးစစ်ဖို့ အကြံပြုပါရစေ။ ဒါဆို စိတ်သောကတွေ ရှင်းသွားပါလိမ့်မယ်။ နောင်အခါ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးဖို့လည်း အကြံပြု တိုက်တွန်းပါရစေ ခင်ဗျာ။

မေး။    ။ ကျွန်​​တော်​သည်​ လွန်​ခဲ့သည့် (၁၇.၃.၁၄) က အနှိပ်​ခန်း တစ်​ခုမှာ အကာကွယ်​မဲ့ လိင်​ဆက်​ဆံခဲ့ပါသည်​။ ကြားကာလမှာ မည်​သည့်​ Sids မပြပါ။ (၃၁.၃.၁၄) မှာ ကျွန်​​တော်​ လည်​ပင်းတွင်​ အကျိတ်​များရှိလာပါတယ်​။ ချိုင်းကြားနဲ့ ​ပေါင်​ခြံမှာ အနည်းငယ်​ နာသလို ခံစားရပါတယ်​။ ဒါ​ပေမယ့် (၂၇.၃..၁၄) မှာ အပူရှပ်​ပြီး ဖျားခဲ့ပါတယ်​။ ဖျားပြီး​နောက်​ပိုင်း နှာ​စေး​ချောင်းဆိုးတာ ယခုထိပါပဲ။ သိချင်​တာက အပူ​ကြောင့်​ အကျိတ်​ထွက်​တာလား။ မ​မျှော်​လင့် နိုင်​​သော ​ရောဂါဆိုး၏ ​နောက်​ဆက်​တွဲလား။ သိချင်​ပါတယ်​ ခင်​ဗျာ။

ဖြေ။    ။ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တဲ့ အတွက် စိတ်ပူနေမှာတော့ အမှန်ပဲ။ လည်ပင်း အကြိတ်တွေ ကြီးလာတာ၊ အခြားအကြိတ်တွေ ကြီးလာတာကတော့ ဒီရာသီဥတုမှာ ဖြစ်တတ်ပါတယ်။ ပူအိုက်တဲ့ ရာသီမှာ အပူရှပ်ပြီး ဒီလို တုတ်ကွေးဆန်ဆန် ဖျားတတ်ကြပါတယ်။ ဒါကို HIV ကြောင့် ဖြစ်တာလို့ ပုံသေကားချပ် ပြောလို့မရပါဘူးခင်ဗျာ။

စိတ်ထဲက သံသယတွေရှင်းသွားအောင် အကြံပြုချင်တာကတော့ -
၁) လိင်ဆက်ဆံပြီး ၃ လအကြာမှာ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သွေးစစ်စေချင်ပါတယ်။
၂) အဲဒီ ၃ လအကြာ စစ်လို့ မတွေ့ဘူး Negative ပြတယ်ဆိုရင် နောက် ၃ လကြာ ထပ်စစ်ပါ။ ထပ်စစ်လို့ မတွေ့ဘူးဆိုရင်တော့ စိတ်ချရပါပြီ။
၃) လိင်ကိစ္စပြုလုပ်တိုင်း အမြဲတမ်း အကာအကွယ်သုံးစေချင်ပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top