မေး။ ။ ကျွန်တော် ရင်ဘတ်နဲ့ ကျောမှာ အနီစက်တွေ အများကြီး ထွက်နေတယ်။ HIV ပိုးဝင်ရင် အနီရောင် ပန်းရောင် ခရမ်းရောင် စတဲ့ အနီစက်တွေ ထွက်တယ်လို့ သိရပါတယ်။ ကျွန်တော်ချစ်သူလည်း အရင်က မပေါက်ဖူးပါဘူး။ အခုအဲလိုအနီစက်တွေ သူ့မှာလည်း ပေါက်နေပါတယ်။ အဲဒါ ဘယ်လိုရောဂါမျိုး ဖြစ်နိုင်ပါသလဲ ဆိုတာ ဖြေပေးစေလိုပါတယ်။ HIV ပိုး လက္ခဏာများလား။
ဖြေ။ ။ HIV ပိုး ကူးစမှာ အနီကွက်တွေ ဖြစ်တတ်တာ နည်းပါတယ်။ အခုမိတ်ဆွေ ဖြစ်နေတာကို မမြင်ရတော့ ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး။ အဖုတွေက ယားပါသလား။ ပွားလာပါသလား။ အရွယ်ကြီးလာပါသလား။ အခုမေးတာတွေမှာ ဟုတ်တယ်လို့ ဖြေမိရင် သာမန် အရေပြားရောဂါ ဖြစ်နိုင်ပါတယ်။ အရေပြား ဆရာဝန်နဲ့ ပြစေချင်ပါတယ် ခင်ဗျား။
မေး။ ။ အဲဒီ့ အဖုလေးတွေက မယားပါဘူး။ ပွားမလာပါဘူး။ မနာလည်းမနာပါဘူး။ အဖုလေးတွေထိပ်မှာ အရေကြည်ဖုလို အရေကြည်လေးတွေ ရှိနေပါတယ်။ HIV Test ကို 25.6.2014 ရက်နေ့က စစ်ပါတယ်။ Negative ပါ သူတို့က Test kit နဲ့ စစ်တာပါ။ Microscope နဲ့ စစ်တာမဟုတ်ပါ။ အဲဒါ အဖြေမှန်နိုင်ပါ့မလား။ test kit က စိတ်ချရပါ့မလား။ ကျွန်တော် အရမ်းစိုးရိမ်နေလို့ပါ။
ဖြေ။ ။ သွေးစစ်တာကို လိင်ဆက်ဆံပြီး ဘယ်လောက်အကြာမှာ စစ်ခဲ့တာလည်းဆိုတာ သိပါရစေ။ Test kit နဲ့ စစ်တာ လည်းစိတ်ချရပါတယ်။ တကယ်တော့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီ ၃ လ သို့မဟုတ် ၆ လ နေမှ သွေးစစ်ရတာပါ။ ၃ လမပြည့်ပဲ သွေးစစ်ရင် အဖြေမှန် မပေါ်နိုင်ပါဘူး။
မိတ်ဆွေပြောပြပုံအရ အရေပြားမှာဖြစ်တဲ့ အနာတွေက HIV နဲ့ မစပ်ဆက်ပါဘူး။ ရိုးရိုး အရေပြား ရောဂါပဲ ဖြစ်နိုင်ပါတယ်။ စိတ်သိပ်မပူပါနဲ့။ တစ်ခါတစ်လေမှာ ခြင်ကိုက်ခံရရင်လည်း ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင် ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေပြား ဆရာဝန်နဲ့သာ ပြစေချင်ပါတယ်။
လမင်းကို




