မေး။ ။ ကျွန်တော် လွန်ခဲသော တစ်လကျော်က အကာကွယ်နဲ့ လိင်ဆက်ဆံခံပါတယ်။ အကာကွယ်က မိန်းမလိင်ထံမှာ ကျွတ်ခဲ့ပါတယ်။ သုတ်ပိုးမထွက်ခင် သိပါတယ်။ ဆက်ဆံပြီး တစ်ပတ်ကျော်လောက်မှာ ဖျားတာ အခုတစ်လကျော်ပါပြီ။ လည်ပင်းမနာသလို အာသီးလဲ မယောင်ပါဘူး။ ကိုယ်လက်တွေတော့ ကိုက်တယ် မလုပ်ချင်ပါဘူး။ ဗိုက်နာပေမယ် ၀မ်းအနဲငယ်ပဲ သွားပါတယ်။ အဲဒါ HIVလား။ ဖြေပေးပါအုံး ဆရာ။အဖျားကြာရင် HIV လို့ ပြောပါတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ မိတ်ဆွေရဲ့ လိင်ဆက်ဆံဖော်က ဘယ်လိုလူမျိုးလဲဆိုတာ စာမှာ မဖော်ပြထားတော့ လိင်ဆက်ဆံသူ အမျိုးသမီးက အခကြေးငွေပေးရတဲ့ လိင်လုပ်သမလို့ ယူဆရပါတယ်။
ကွန်ဒုံးကျွတ်ကျန်တာ သိသိချင်း လိင်ကိစ္စကို ရပ်လိုက်ပါလား၊ ဒါမှမဟုတ် ဆက်ဆံလို့ ပြီးမှ ကျွတ်နေမှန်း သိလိုက်တာလား သိချင်ပါတယ်။
များသောအားဖြင့် HIV က ကူးစက်တာနဲ့ ချက်ချင်း ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ဖျားတာ၊ ၀မ်းသွားတာမျိုးကလည်း HIV ပိုးကူးစက်ပြီး အချိန်အတော်ကြာမှ (ဥပမာ- ၁ နှစ် ၂ နှစ်နေမှ) AIDS ရောဂါအဆင့် ရောက်မှ ဖြစ်တာမျိုးပါ။ အခုဖြစ်ပုံက HIV လို့ ပြောလို့ မရပါဘူး။
ကာလအကြာကြီးဖျားစေတဲ့ အကြောင်းရာတွေက အများကြီးရှိပါတယ်။ ဥပမာ- တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊သွေးရောဂါ တွေရှိရင် ရက်ရှည်ဖျားတတ်ပါတယ်။
လိင်ဆက်ဆံခဲ့တုန်းက ရောဂါကူးခဲ့ရင်လည်း HIV ထက် ကာလသားရောဂါက ပိုပြီး ကူးစက်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ ကာလသားရောဂါတွေ ကူးစက်ခံရရင်တော့ ဖျားတာ၊ လိင်အင်္ဂါမှာ အနာပေါက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အခု ရက်ရှည်ဖျားတာကို အရင်ဆုံး သေသေချာချာ ကုသပြီး ရောဂါ အဖြေရှာစေချင်ပါတယ်။ ဒီအတွက် သမားတော်နဲ့ ပြစေချင်ပါတယ်။ သမားတော်က သွေးစစ်၊ ဆီးစစ် တာတွေလုပ်ပြီးမှ ကျန်တဲ့ HIV ရှိ/မရှိ သွေးစစ်ဖို့၊ ကာလသားရောဂါ ရှိ/မရှိ သွေးစစ်ဖို့ကို လုပ်စေချင်ပါတယ်။
လမင်းကို




