16
Feb

HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဖွင့်မည်

HIV ကလေးငယ် များကို လက်ခံ စောင့်ရှောက် ပေးမည့် သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ရုံးခန်း ဖွင့်လှစ်ခြင်း နှင့် အလှူငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်က ရုံးခန်း တည်ရှိရာ မန္တလေးမြို့ ၆၁ × ၆၂ လမ်းကြား ၃၂ လမ်း တောင်စလင်း တိုက်သစ်ဝင်း၌ ပြုလုပ်သည်။

အဆိုပါ သုခရိပ်မြုံ (မန္တလေး)ကို ပြည်ကြီး တံခွန်မြို့နယ်၊ ၆၂(ပန်းခြံ) လမ်း၊ ဘုံပျံတောရမြဝတီမင်းကြီးကျောင်းတိုက်ဝင်း၌ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခု ဖွင့်လှစ် လိုက်သည့် ရုံးခန်း မှာ အလှူရှင်များ ဆက်သွယ်မှု လွယ်ကူစေရန်ဖြစ်ကြောင်း လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဖြစ်မြောက်ရေးအဖွဲ့မှ ကိုတင်သစ်က ပြော သည်။

HIV ကလေးငယ် ၂၀-ဦးခန့် နေထိုင်နိုင်သည့် ပေ ၂၀ × ပေ ၄၀ အဆောက်အအုံ များနှင့် ထမင်းစားဆောင် ဆောက်လုပ် သွားမည်ဖြစ်၍ လှူဒါန်း လိုသူ များသည် တောင်စလင်း တိုက်သစ်ဝင်း ဖုန်း-ဝ၉-၂၀၃၄၇၄၀ သို့ ဆက်သွယ်နိုင်သည်။

ရိုးရာလေး - HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဖွင့်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top