2
Apr

HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် သုခရိပ်မြုံ ဂေဟာ မန်းတွင် တည်ဆောက်

HIV ရောဂါပိုး ကူးစက်ခံနေ ရသည့် ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးမည့် သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာကို မန္တလေးမြို့၊ ပြည်ကြီး တံခွန် မြို့နယ် အတွင်း မတ်လ ၂၅ ရက်နေ့မှ စ၍ ဆောက်လုပ်နေကြောင်း သိရသည်။

‘HIV ရောဂါပိုး ကူးစက်ခံနေ ရတဲ့ ကလေးငယ်တွေကို ပြုစု စောင့်ရှောက်မှု ပေးမယ့် သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ကို ၆၂၊ ပန်းခြံလမ်း၊ မြဝတီမင်း ကြီး ကျောင်းတိုက်၊ ဘုံပျံတောရ ကျောင်းမှာ စတင် ဆောက်လုပ် နေပါပြီ။ ကနေဦး အနေနဲ့ ထမင်းစား ဆောင်၊ နှစ်ထပ် လူနေဆောင်၊ သန့် စင်ခန်း ၊ရေစင် ဆိုပြီး ကျပ်သိန်း ၂၅ဝ ကျော် အကုန်ခံဆောက်မှာပါ။ အဆောက်အအုံကို နှစ်လလောက် အတွင်း အပြီး ဆောက်ပြီး ကလေးငယ် ၃ဝ လောက်ကို ပြုစုစောင့်ရှောက် မှုပေးမှာပါ” ဟု သုခ ရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဖြစ်မြောက် ရေးအဖွဲ့မှ ကိုငြိမ်းချမ်းကပြောသည်။

HIV ရောဂါပိုး၏ ဆိုးကျိုးများ ကို ခံစားနေရသည့် ကလေးငယ် များကို ကြင်နာစွာဖြင့် ၄င်းတို့၏ အသက်ရှင် နေထိုင်နိုင်သမျှ ကာလ အပိုင်းအခြားတွင် မိသားစု အခွင့် အရေးများ တတ်နိုင်သမျှ အပြည့် အဝ ရရှိ ခံစားနိုင်ရေး ကို ရှေးရှု၍ သုခ ရိပ်မြုံ (မန္တလေး) လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ကိုစတင် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ဂေဟာကို အများပြည်သူ အလှူ ငွေများဖြင့် ဆက်လက် လည်ပတ် သွားမည် ဖြစ်ကြောင်း၊ အလှူငွေ အပေါ် မူတည်၍ အဆောင် အရေ အတွက် တိုးချဲ့ဆောက်လုပ်ကာ အသက် ၁ နှစ်ခွဲမှ ၁၂ နှစ် အတွင်း ရှိ HIV ရောဂါပိုး ကူးစက်ခံနေရသော ကလေးငယ်များကို ပြုစုစောင့်ရှောက် သွားမည်ဖြစ်ကြောင်း၊ သုခရိပ်မြုံ ပရဟိတ ဂေဟာဖြစ်မြောက်ရေး လုပ်ဆောင်နေ သူများ က ပြောသည်။

အဆိုပါ ဂေဟာအား ယခုမှ စတင် ဆောက်လုပ်ခြင်းဖြစ်သော် လည်း ဆရာဝန် ၁ဝ ဦးဖြင့် ကျန်းမာရေး အဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်ပြီး သုခရိပ်မြုံ ပရဟိတ ဂေဟာသို့ လာရောက် ဆက်သွယ်ထားသည့် HIV ရောဂါပိုး ကူးစက်ခံစားနေရသူ ကလေးငယ်များကို အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပြီဟု ကိုငြိမ်းချမ်း က ပြောသည်။

သုခရိပ်မြုံ (မန္တလေး) လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ လှူဒါန်းလိုပါက ဘုံပျံတောရ၊ မြဝတီ မင်းကြီးကျောင်းတိုက်ဝင်း၊ ၆၂၊ ပန်းခြံလမ်း၊ ပြည်ကြီးတံခွန်၊ မန္တ လေးနှင့် တောင်စလင်း တိုက်သစ် ဝင်း၊ ၃၂-လမ်း၊ ၆၁ x ၆၂ လမ်း ကြား၊ ချမ်းအေးသာစံ၊ မန္တလေး တို့သို့ ဆက်သွယ် လှူဒါန်းနိုင် ကြောင်း သိရသည်။

မောင်တာ ((မန္တလေး၊ မတ် ၂၆))

Popular - HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် သုခရိပ်မြုံ ဂေဟာ မန်းတွင် တည်ဆောက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top