26
Aug

“HIV ကဏ္ဍ” အမေးအဖြေ



မေး။ ကျွန်တော်တို့ဘက်မှာ HIV/AIDS နဲ့
ပတ်သက်ပြီး ထိုးဆေးပေါ်နေပါတယ်။ ဒါကိုယုံလို့ရမလား( နယ်တွင် နေထိုင်သူတစ်ဦး)

“ထိုးဆေးက
သူများထိုပေးမှ အဆင်ပြေနိုင်တဲ့အတွက် ထိုးပေးတဲ့ သူတစ်ယောက် လိုတယ်။ အခုလက်ရှိ ပေးနေတဲ့
ART ဆေးက တစ်နေ့ကို နှစ်ခွက် သောက်ရတယ်။ အဲဒီနှစ်ခွက် သောက်ရတာတောင် အလုပ်ကိစ္စနဲ့ ဘာနဲ့
မေ့သွားနိုင်လို့ တစ်ခွက်တည်း သောက်ရုံနဲ့ ကိစ္စပြီးမယ့်ဟာမျိုး ဝိုင်းပြီး စဉ်းစားနေတယ်။
အခုထိုးဆေးပေါ်တယ် ဆိုတာအတုလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ထိုးဆေးပေါ်တယ်ဆိုတာ ရန်ကုန်မှာလည်း
မဟုတ်ဘူး။ နေပြည်တော်မှာလည်း မဟုတ်ဘူး။ နယ်မှာဆိုတော့ နည်းနည်း စဉ်းစားစရာ ဖြစ်နေတယ်။
တစ်ခါတလေကျရင် ကုမ္ပဏီတွေက တစ်ခုလောက် အဆင်ပြေတာကို အကုန်အဆင်ပြေတယ်ဆိုပြီး ပြောတတ်တယ်။
အဲဒီထဲမှာ ဆရာဝန်တွေလည်း ပါတတ်တယ်။ တစ်စုံတစ်ခု အဆင်ပြေရုံနဲ့ အဆင်ပြေတယ်ဆိုပြီး ကြောညာလိုမရဘူး။
တခုလို ထိုးဆေးပေါ်တာ စဉ်းစားရမယ်။ မဖြစ်နိုင်တာများတယ်" ဟု မာရီစတုပ် အင်တာနေရှင်နယ်မှ
ဒေါက်တာစစ်နိုင်က ပြန်လည်ပြောကြားပေးခြင်း ဖြစ်ပါသည်။

အေးအေးဇင်


သြဂုတ် ၂၀၁၀ (အတွဲ ၂၊ အမှတ် ၄၉) (စာမျက်နှာ ၂၉)

True News
“HIV ကဏ္ဍ” အမေးအဖြေ

 

HIV
မေးခွန်းများကိုမေးလိုလျှင် True News ဂျာနယ်တိုက်၊ အမှတ် ၂၃၊ ဗိုလ်တထောင် လမ်းသွယ်(၁)၊
ဗိုလ်တစ်ထောင်မြို့နယ်၊ ဖုန်း ၃၉၇၆၇၄၊ ၃၉၉၈၉၁ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top