AP 26/Jul/2007<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
သုတေသနပြုချက်များအရ မွေးကင်းစကလေးငယ် HIV စွဲကပ်လူနာများကိုမွေးဖွါးပြီး ပထမ ရက်သတ္တပတ်များအတွင်း လေးကြိမ် antiretroviral ဆေးသွင်းခြင်းဖြင့် ကာကွယ်ကုသ ကယ်တင်လို့ရပြီဟုဆိုသည်။တောင်အာဖရိကနိုင်ငံတွင် အဆိုပါစမ်းသပ်မှုကိုပြုလုပ်၍ မွေးကင်းစကလေးငယ်များကို ဆေးထိုးစမ်းသပ် အောင်မြင်ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ကူးစက်ပြန့်ပွါးရောဂါ ဌါနမှကြေညာလိုက်သည်။ “ဒါဟာလူနာကလေးတွေနဲ့ မိဘတွေအတွက် အင်မတန်ကောင်းတဲ့ သတင်းတစ်ရပ်ပဲဖြစ်ပါတယ်” ဟုတောင်အာဖရိကနိုင်ငံ ဂျွန်ဟန်နက်စ်ဘတ်ရှိ Witwatersrand တက္ကသိုလ်မှ တွဲဖက်စာရေးဆရာ ဒေါက်တာအာဗီဗွိုင်အိုလာရီက အေပီသတင်းဌါနသို့ပြောကြားလိုက်သည်။
အဆိုပါကလေးငယ်များ ရောဂါလက္ခဏာ စတင်ပြသည့်အချိန်မှာပင် ဆေးသွင်းခြင်းဖြင့် ကုသနိုင်သည်ဟုဆိုသည်။ ဒေါက်တာအာဗီက သြစတြေးလျနိုင်ငံ ဆင်းနီမြို့မှာကျင်းပသော AIDS အသင်းဖွဲ့ ကွန်ဖရင့်တွင်ဗုဒ္ဓဟူးနေ့က ပြောကြားခြင်းဖြစ်သည်။ “ရေတိုကာလအတွက်ရည် မှန်းထားတာမဟုတ်ကြောင်း၊ ရေရှည်ပြုလုပ်ရမှာဖြစ်ကြောင်း” သူမကပြောကြားသည်။ ၂၀၀၅ဇူလိုင်မှ အစပြု၍ ခြောက်ပတ်နှင့် ၁၂ ပတ်အရွယ်ရှိ မွေးကင်းစ ကလေးငယ် ၃၇၇ ယောက်ကို အာဖရိကတိုက် ဆိုဝီတိုနှင့် ကိတ်တောင်းတို့တွင် စတင်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ စတင် စမ်းသပ်စဉ်မှာပင်ကလေးငယ် အများအပြားရောဂါလက္ခဏာ လုံးဝမရှိကြောင်းတွေ့ရပြီး၄၈ပတ်အကြာတွင်၎%သေဆုံးမှုရှိကြောင်းနှင့် ၁၆%မှာ ရောဂါလက္ခဏာ လုံးဝမပြသောကြောင့် ကုသမှု နှောင့်နှေး ရကြောင်းဆိုသည်။ နှစ်စဉ် ကမ္ဘာတစ်ဝှမ်း မွေးကင်းစကလေးငယ်ပေါင်းသန်းဝက်ခန့် HIV ရောဂါ ပါလာကြောင်းတွေ့ရသည်။ (အေပီ)




