15
Jul

HIV စွဲကပ်လူနာကလေးများကို ကယ်လို့ရပြီ



သုတေသန ပြုချက်များအရ မွေးကင်းစ ကလေးငယ် HIV စွဲကပ်လူနာများကို မွေးဖွါးပြီး ပထမ ရက်သတ္တပတ် များအတွင်း လေးကြိမ်
antiretrovital
ဆေးသွင်းခြင်းဖြင့် ကာကွယ်ကုသ ကယ်တင်လို့ရပြီဟု ဆိုသည်။
တောင်အာဖရိက နိုင်ငံတွင် အဆိုပါစမ်းသပ်မှုကို ပြုလုပ်၍
မွေးကင်းစ ကလေးငယ်များကို ဆေးထိုးစမ်းသပ်
အောင်မြင်ပြီ ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ကူးစက်ပြန့်ပွါးရောဂါ
ဌါနမှ ကြေညာလိုက်သည်။

 

ဒါဟာ လူနာကလေးတွေနဲ့ မိဘတွေအတွက် အင်မတန်ကောင်းတဲ့ သတင်းတစ်ရပ်ပဲဖြစ်ပါတယ်ဟု တောင်အာဖရိကနိုင်ငံ 
ဂျွန်ဟန်နက်စ်ဘတ်ရှိ
witwatersrand တက္ကသိုလ်မှ တွဲဖက်စာရေးဆရာ ဒေါက်တာ အာဗီဗွိုင်အိုလာရီက အေပီသတင်းဌါနသို့
ပြောကြားလိုက်သည်။ အဆိုပါကလေးငယ်များ ရောဂါလက္ခဏာ စတင်ပြသည့်
အချိန်မှာပင် ဆေးသွင်းခြင်းဖြင့် ကုသနိုင်သည်ဟုဆိုသည်။

 

ဒေါက်တာအာဗီက သြစတြေးလျနိုင်ငံ ဆင်းနီမြို့မှာ ကျင်းပသော AIDS အသင်းဖွဲ့ ကွန်ဖရင့်တွင် ဗုဒ္ဓဟူးနေ့က ပြောကြားခြင်းဖြစ်သည်။
ရေတိုကာလအတွက် ရည်မှန်းထားတာ မဟုတ်ကြောင်း၊
ရေရှည်ပြုလုပ်ရမှာဖြစ်ကြောင်း
သူမကပြောကြားသည်။ ၂၀၀၅ ဇူလိုင်မှ အစပြု၍ ခြောက်ပတ်နှင့် ၁၂ ပတ်အရွယ်ရှိ မွေးကင်းစ
ကလေးငယ် ၃၇၇ ယောက်ကို အာဖရိကတိုက် ဆိုဝီတိုနှင့် ကိတ်တောင်းတို့တွင်  စတင်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

 

စတင် စမ်းသပ်စဉ်မှာပင် ကလေးငယ်အများအပြား ရောဂါလက္ခဏာ
လုံးဝမရှိကြောင်း တွေ့ရပြီး ၄၈ပတ် အကြာတွင် ၄% သေဆုံးမှုရှိကြောင်း နှင့် ၁၆%မှာ
ရောဂါလက္ခဏာ လုံးဝမပြသောကြောင့် ကုသမှု နှောင့်နှေး ရကြောင်းဆိုသည်။ နှစ်စဉ် ကမ္ဘာတစ်ဝှမ်း
မွေးကင်းစကလေးငယ်ပေါင်း သန်းဝက်ခန့်
HIV ရောဂါ ပါလာကြောင်းတွေ့ရသည်။ (အေပီ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top