13
Jun

HIV ဆိုတာဘာလဲ? AIDS ဆိုတာဘာလဲ?



လူအတော်များများက HIV နဲ
AIDS ကို ကွဲကွဲပြားပြား မသိကြပါဘူး။ HIV နဲ့ AIDS ဟာ အတူတူလား? တခြားစီလား? ဘယ်လို ပတ်သက် ဆက်နွယ်နေလဲ? ...... စသဖြင်တစ်ခါတစ်လေ တွေနေတတ် ပါတယ်။ ကဲအခု တစ်ခုချင်းစီကို ကြည်ကြရအောင်.....။

HIV ဆိုတာက အင်္ဂလိပ် ဘာသာစကားကနေ မွေးစားထားတဲစကားလုံးပါ။ ဥပမာ ကား
(car)၊ ဒိါုက်တာ (director) စတဲစကားလုံးမျိုးတွေ
လိုပါပဲ။ မူလနာမည်က နည်းနည်း ရှည်ပါတယ်။
Human Immunodeficiency Virus ဆိုတဲ့ နာမည်ရဲရှေက
အက
ရာတွေကို ယူပီး အတိုကောက်
HIV လို့ ခေါ်ကြတာပါ။ ဒီနာမည်ကနေပီ
HIV ဆိုတာ ဘာလဲလို့ ခန့်မှန်းလို့ ရနေပါပီ။ မြန်မာလို အိုးရှင်းဆုံး ပြောရင်တော
ပိုး တစ်မျိုးပါ။ အကျယ်ချဲပြောရင်တောဗိုင်းရပ်စ်ပိုး တစိုးပါ။ သူက လူတွေကို ကူးရင် ဘာဖြစ်လဲဆိုတော
လူမှာရှိတဲကိုယ်ခံအား (ခုခံအား)ကို ကျစေပါတယ်။ ဒါကြောင့် လူ့ခုခံအားကျောဂါပိုးလို့ မြန်မာမပြုနိုင်ပါတယ်။ ဒါပေမယ်
လွယ်လွယ်ပဲ HIV လို့ပဲ အများက ခေါ်ကြပါတယ်။



H =
Human

I =
Immune deficiency

V =
Virus



ဒီနေရာမှာ နာမည်ကို
အင်္ဂလိပ်လို တစ်ခုချင်း ဘာသာပြန်ရင် ကျွန်တော်တို့တွေ ပို
ပီး ဒီရောဂါပိုး
အကြောင်းကို သိမှာ နားလည်မှာ ဖြစ်ပါတယ်။ ကဲ တစ်ခုချင်း ဘာသာပြန်ကြရအောင်။

Human ဆိုတာက လူမှာပဲ ဖြစ်တယ်လို့
သဘောပေါက်ရမှာ ဖြစ်ပါတယ်။ အရင်တုန်းက မျောက်တွေ မှာလည်း ဖြစ်တယ်ဆို
ပီး ယူဆချက်မျိုးတွေ
ရှိခဲ့ပါတယ်။ တကယ်တော
မျောက်မှာဖြစ်ခဲတဲပိုးနဲ့ လူမှာဖြစ်တဲပိုးက ပုံစံချင်းတူလို့ အဲလို အယူဆတွေ မှားခဲတာပါ။
တကယ်တော့
HIV ပိုးဟာ လူမှာသာ ဖြစ်တာပါ။ ဒီနေရာမှာ သတိချပ်ရမှာက
လူမှာသာဖြစ်ပြီး တခြား သတ
္တဝါတွေမှာ မဖြစ်ပါဘူးလို့ မှတ်ရပါမယ်။
တစ်နည်းပြောရရင် တစ်ခြားသတ
္တဝါကနေ လူကို မကူးနိုင်ဘူးလို့ မှတ်ရ
ပါမယ်။
HIV ပိုးဟာ လူရဲကိုယ်ထဲမှာပဲ
အသက်ရှင်နေနိုင်ပါတယ်။ ဘာလို့ ပြောနေရတာလဲ ဆိုတော
ပတ်န်းကျင်မှာ ဒီရောဂါနဲ့ ဆုံးပါးသွားတဲလူရှိရင်
အဲ
ဒီလူအိမ်က တိရစ္ဆာန်တွေကို ပတ်ဝန်းကျင်က
လူတွေက ကြောက်ကြပါတယ်။ သူ့သခင်မှာ
HIV ရှိတောအဲဒီ သတ္တဝါတွေမှာလည်း ရှိမယ်လို့ အထင် မှားတတ်ကြလို့ပါ။
ဥပမာ
- ခြင်ကိုက်ရင် HIV ကူးသလား?
အဖြေက ရှင်းပါတယ်။ မကူးပါဘူး။ ခြင်ရဲကိုယ်ထဲမှာ
HIV ပိုးဟာ အသက်မရှင်နိုင်ပါဘူး။ ခြင်ကိုက်တိုင်းသာ ကူးမယ်ဆိုရင်
စာ
ရှုသူလည်း အကူးခံ နေရလောက်ပါပီ။

Immune ဆိုတာက ခုခံအား (ကိုယ်ခံအား)
ကို ပြောတာပါ။ Deficiency ဆိုတာက ဆုတ်ယုတ်တာ
ရောသွားတယ်လို့ အဓိပါယ်ရပါတယ်။ ဆိုလိုတာက ဒီပိုးဟာ လူကို ကူးရင် လူမှာ ရှိနေတဲ့ ကိုယ်ခံအား
တွေ လျော့နည်းသွားတယ်လို့ မှတ်ရပါမယ်။ နောက်မှ ကိုယ်ခံအားအကြောင်းကို အကျယ်ရေးပါမယ်။

Virus ဆိုတာကတော့ ပိုးပေါင်းများစွာထဲက
ပိုးအမ်
ိုနွယ် တစ်မျိုးပါ။ ဗိုင်းရပ်စ်ပိုးလို့ပဲ
မြန်မာလို တိုက်
ိုက် ခေါ်ကြပါတယ်။ ဒီနေရာမှာ virus
ပိုးတွေရဲထူးခြားတဲသွင်ပြင်တွေကို သိထားရင် ပိုနားလည် လွယ်ပါတယ်။ ရောဂါပိုးတွေကို အကြမ်းဖျဉ်းအားဖြင့်
အုပ်စု ၄ စု ခွဲလို့ ရပါတယ်။

သူတို့တွေကတော့

) ဘက်တီးရီးယားပိုး
(Bacteria)
ဥပမာ- တီဘီပိုးကာလမ်းရောဂါပိုးအူရောင်ငန်းဖျားပိုး
ဦးနှောက်အမှေးရောင်ပိုးမေးခိုင်ရောဂါပိုး
ဂနိုရီးယားပိုး.... စသဖြင့်။

) ဗိုင်းရပ်စ်ပိုး
(Virus)
ဥပမာ- HIV၊ ရေယုန်ပိုး  က်သက်ပိုးအသည်းရောင် အသား ဘီပိုး
တုပ်ကွေးရောဂါပိုးခွေူးးပြန်ရောဂါပိုး... စသဖြင့်။

) ကပ်ပါးပိုး
(Parasites)
ဥပမာ- ငှက်ဖျားပိုးသန်ကောင်တုတ်ကောင်... စသဖြင်

)ှို
(Fungus)
ဥပမာ- လက်သည်းမှို၊ မက်ခရု... စသဖြင့်။

ဒီပိုးအုပ်စု ၄ ခုလုံးဟာ ကျွန်တော်တို့
ပတ်ဝန်းကျင်မှာ အနည်းနည်း အဖုံဖုံနဲ့ နေကြပါတယ်။ လူတွေကို အမျ
ိုးမျိုး သော နည်းတွေနဲ့ ကူးကြပါတယ်။ အဲဒီ ပိုးတွေထဲမှာ
virus တွေဟာ အရွယ်စား အားဖြင်အသေးဆုံးပါ။ အရွယ် သေးတောကုရခက်ပါတယ်။ုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလဲ အလွန် မြန်ကြပါတယ်။ ဥပမာ- ရွာထဲကို ဆငိုင်း တစ်ကောင် င်လာတယ် ဆိုပါစို့။ ဒီဆငိုင်းကို နှင်ထုတ်ဖို့
အတွက် လောက်လေးနဲ့ ပစ်လဲ သူ့ကို ထိမှာပဲ။ အုတ်ခဲနဲ့ ပေါက်လဲ သ
ူ့ကို ထိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆင်က ကိုယ်လုံးကီးလို့ပါ။ ဒါပေမယ်ဆင်မဟုတ်ပဲ အလွန် သေးငယ်တဲ့
ဖြုတ်တစ်ကောင်
င်လာရင်တောအုတ်ခဲနဲ့ပေါက်လဲ
ထိချင်မှ ထိမှာပါ။ လောက်လေးနဲ့ ပစ်လဲ မထိနိုင်ပါဘူး။ ဒီလိုပါပဲ တစ်ချ
ို့ရောဂါပိုးတွေ ဥပမာ- တုတ်ကောင် သန်ကောင်တွေဆို မျက်စိနဲ့လည်း
မြင်လွယ် ပျောက်အောင် ကုလဲ လွယ်ပါတယ်။ ဒါပေမယ့် အရွယ်သေးတဲ
ပိုးတွေဟာ ကုရ သိပ်မလွယ် ပါဘူး။ အဲဒီထဲမှာ အလွန်အင်မတန်မှ အရွယ်သေးတဲ့ virus တွေကို ကုဖို့ အခုချိန်ထိ
ဆေးတွေ မပေါ်သေးပါဘူး။

အခု လောက်ဆိုရင် HIV ဆိုတာ ဘာလဲ
လို့ သိလောက်
ပီ ထင်ပါတယ်။ အလွယ်မှတ်ရင်တောပိုး တစ်မျိုးပါ။

ဟုတ်ပီ... ဒါဆို
AIDS ဆိုတာကရော ဘာလဲ? HIV နဲ့ ဘယ်လို ကွဲပြားသလဲ?

AIDS (Acquired Immune Deficiency Syndrome) အေအိုင်ဒီအက်စ် ဆိုတာကလည်း အင်္ဂလိပ် ဘာသာစကားကိုပဲ
တိုက်
ိုက် မွေးစားခေါ်ကြတာပါ။ မြန်မာလိုဆိုရင်တော
ခုခံအားကျ ကူးစက်ရောဂါ လို့ မှတ်လို့ရပါတယ်။ အလွယ်မှတ်ရင်တော
ရောဂါတစ်ခုပါ။

Acquired - ကူးစက်ခြင်း

Immune - ခုခံအား (ကိုယ်ခံအား)

Deficiency - ကျဆင်းခြင်း (သို့မဟုတ်) လျော့နည်းခြင်း

Syndrome - ရောဂါလက္ခဏာစု

HIV ပိုးက ကိုယ်ခံအားကို ကျစေတော
ပြင်ပက ရောဂါပိုးတွေ င်ရောက် နှိပ်စက်ဖို့
အခွင်
့အလမ်းတွေ ဖန်တီးတယ်ပြင်ပကပိုးတွေ
င်ရောက်နှိပ်စက်လို့ပ်ပျက်ဆင်းပျက် ရောဂါပေါင်းစုံကို
ရှုမလှ ခံစား နေရတဲဘ၀ကို
AIDS လို့ ခေါ်တာပါဥပမာ ကာလအတန်ကြာ မ်းလျှောခြင်း၊ ကိုယ်အလေးချိန် သိသိသာသာ ကျသွားခြင်း၊ အစာ လမ်းကြောင်း တစ်လျှောက်
မက်ခ
ုပေါက်ခြင်း၊ ကိုယ်နေရာ အနှံ့ပြား ရေယုန်ပေါက်ခြင်း... စသဖြင့်။

ဒီလောက်ဆို HIV နဲ့  AIDS ဘာတွေ ကွာလဲလို့ မှန်းလို့
ရပါ
ပီ။ ပြန်အတိုချုပ် ပြောရရင်တော

  • HIV ဆိုတာ
    ပိုး
  • AIDS ဆိုတာ
    ရောဂါလို့ မှတ်ပါ။

ဒါဆိုရင် HIV ပိုးကူးတဲ
သူတိုင်းကို AIDS လို့ နာမည်တပ်လို့ ရသလားလို့
မေးဖွယ်ရာ ရှိပါတယ်။ အဖြေက မရပါဘူး။ ဘာလို့လဲဆိုတာကို ရှင်းပြပါမယ်။

လူတစ်ယောက်ဟာ အန္တရာယ်ရှိတဲ
အပြုမူ တစ်ခုခု (ဥပမာ- အကာကွယ်မပါလဲ လိင်ဆက်ဆံခြင်း -နောက်မှာ အန္တရာယ်ရှိတဲအပြုမူတွေကို အကျယ် ရှင်းပြပါ့မယ်) ကို လုပ်မိလို့ HIV ပိုး ကူးစက် ခံလိုက်ရတယ် ဆိုပါစို့။
ဒီလူဟာ သူ့မှာ ပိုးကူးသွားတယ် ဆိုတာကို ချက်ချင်း မသိနိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့

HIV ပိုးဟာ ကိုယ်ထဲကို င်ေ၇ာက်သွားတာနဲ့
သူ့ရဲ
စွမ်းရည်တွေကို ထင်ထင်ရှားရှား မပြပါဘူး။

Get infected HIV

ဒီပုံလေးကို ကြည်လိုက်ပါ။ ဒီပုံမှာ
အမျိုးသား နဲ့ အမျ
ိုးသမီး ကို ကြည့်ပြီး မှတ်ချက်တစ်ခု ပေးပါ။
အဖြစ်နိုင်ဆုံး မှတ်ချက်က တော
သူတို့နှစ်ဦးဟာ ကျန်းမာသန်စွမ်းနေတယ်လို့
ယူဆလို့ ရပါတယ်။ အမှန်တော့ သူတို့နှစ်ဦးဟာ
HIV ပိုးကူစက်ခံထားရ
သူတွေပါ။ ဒါဆို သူတို့နှစ်ဦးက ဘာလို့ အကောင်းပတိ ဖြစ်နေရ တာလဲ။ ကဲ အခုပုံလေးကို အရင်ကပုံနဲ့
ယှဉ်ကြည်
ပါဦး။

 

AIDS stage

ဘာတွေ ပြောင်းလဲသွားလဲ။ သူတို့နှစ်ဦးကို
မြင်
ုံနဲ့ ခန့်မှန်းနိုင် ပါတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ AIDS ရောဂါအဆင်ကို ရောက်နေ ကြပါပီ။ ဒီပုံကိုကြည့်ခြင်းအားဖြင့် HIV ပိုးကူးစက်
ခံလိုက်ရတာနဲ့ ချက်ချင်း
AIDS ရောဂါသည်ဘ၀ကို မရောက် သွားဘူး
ဆိုတာကို သိနိုင်ပါတယ်။ ဒါဆို ဘာလို့ ချက်ချက် မရောက်တာလဲ။ အဖြေကတော့ ကျွန်တော်တို့ရဲ

ကိုယ်ထဲက ခုခံအားစနစ် (ကိုယ်ခံအား)
ကြောင့်ပါ။ ကျွန်တော်တို့ရဲခုခံအားကောင်းနေသရွေ
လူကောင်းပတိအလား ဆက်လက်တည်ရှိနေမှာ ဖြစ်ပါ တယ် (ပထမပုံကို ကြည်ပါ)။ အဲ...
ခုခံအားတွေ ကျလာရင်တောပြင်ပက ရောဂါပိုးပေါင်းစုံဟာ
င်ရောက် နှိပ်စက်ပါတောတယ်။ ဒီလို
အချိန်ကိုတော့
AIDS အဆင်လို့ ခေါ်ကြတာပါ
(ဒုတိယပုံကို ကြည်ပါ)




အခု ပုံ ၂ ခုကို ပေါင်းကြည့်ကြရအောင်။

Comparing 2 stagesဒီပုံကိုကြည့်ရင်
HIV ကူး စက်လိုက်တဲအချိန်ကနေ
AIDS ရောဂါသည် အဆင်ကို ရောက်ဖို့ အနည်းဆုံး
၁ နှစ်ကနေ အများဆုံး ၁၀ နှစ်ကြာတယ်လို့ ပြောလို့ရ ပါတယ်။ ဆိုလိုတာက ခုခံ အား
နည်းတဲသူတွေမှာ နှစ်အနည်းငယ်အတွင်း HIV
ပိုးကူခံဘကနေ
AIDS ရောဂါသည် ဘကို မြန်မြန်ရောက်သွားတတ်ပီး ခုခံ အားကောင်းနေရင်တောနှစ်အတန်ကြာမှ ရောက်ပါတယ်။
တစ်ယောက်နဲ့ တစ် ယောက် မတူကြပါဘူး။ ဟုတ်
ပီ AIDS ရောဂါသည် ဘ၀ရောက်သွားရင်ရော ချက်ချင်း သေသွားသလားလို့ မေးဖွယ်ရာ ရှိပါတယ်။
တကယ်တော့
AIDS ရောဂါ သည်ဘ၀မှာ ၆ လ ကနေ ၂ နှစ် အထိ အသက်ရှင်
နေနိုင် ပါသေးတယ်။

ဒီနေရာမှာ HIV ပိုးရှိတဲသူတွေမှာ မိမိဟာ ဘယ်နေ့ဘယ်ရက်က ပိုးစတင် ကူးစက်ခံခဲရတယ်ဆိုတာကို ပြောဖို့ ခက်လှပါတယ်။ ဘယ်သူမှလည်း သတိမထားမိကြပါဘူး။ အကြောင်း
တစ်ခုခုကြောင့် သွေးစစ် လိုက်မှသာ
HIV ပိုးရှိတယ်လို့ သိကြတာပါ။

ဒီတောအခုကြည်ခဲတဲပုံလေးကနေ မှတ်ချက်တွေ ထုတ်ကြည်ရအောင်......။

) အပြင်ပန်ုးပ်သွင်ကို ကြည့်ရုံနဲ့ လူတစ်ယောက်မှာ HIV ပိုး ရှိ/မရှိကို မသိနိုင်ပါဘူး (ဒါကြောင့်ုပ်လေးချောတယ်ဆိုပီး မယုံပါနဲ့၊ ဘ၀ကို ပုံမအပ်လိုက်ပါနဲ့)။

) သွေးစစ်လို့ 
HIV ပိုး ရှိတယ်လို့ အဖြေရရင် သေမိန့်ပေးခံရသလို ဘကို စိတ်ပျက် အားငယ်စရာ မလိုပါဘူး (၁ နှစ် ကနေ
၁၀
နှစ် အထိ မိမိဘကို အသက်ဆက်နိုင်ပါတယ်)။
ဆိုလိုတာက HIV ပိုး ရှိနေလည်း အလုပ် ဆက်လုပ်နိုင်ပါတယ်။
စနစ်တကျ ဆေးဝါးကုသမ
ခံယူရင် သာမန်လူတွေလိုပဲ အလုပ်လုပ် နိုင်ပါတယ်။

အခုတင်ပြခဲ့တာတွေကို ပြန်လည် သုံးသပ်မယ်ဆိုရင်

) HIV ဆိုတာ
ပိုးတစ္မ်
ိုး အဲဒီပိုးကူးရင် လူမှာ ခုခံအား (ကိုယ်ခံအား)တွေ ကျလာမယ်။ HIV ပိုးက ပြင်ပက ရောဂါပိုးတွေ ၀င်ရောက်နှိပ်စက်ဖို့ အခွင့်အလမ်းတွေ ဖန်တီးတယ်

) AIDS ဆိုတာ
ရောဂါတစ်မျ
ို

) HIV ဖြစ်တာနဲ့
AIDS ကို တန်းမရောက်ဘူး (၁ နှစ်ကနေ ၁အထိ နေနိုင်သေးတယ်၊ ဘကို ဖြတ်သန်းဖို့ ၁၀ နှစ် ဆိုတဲ့ အချိန်ဟာ မနည်းလှပါဘူး)။

 

နောက်တစ်ပတ်မှာ ခုခံအား (ကိုယ်ခံအား) အကြောင်းနဲ့
ရောဂါကူးစက်ပုံ ကူးစက်နည်းတွေကို ဆက်လက် တင်ပြပေးမှာ ဖြစ်ပါတယ်။

PDF ဖိုင်ဖြင့် ရယူလိုပါက အခု Link ကို နှိပ်ပါ။

လမင်းကို

မှတ်ချက် - အထက်ဖော်ပြပါ ပုံများသည် MBCA (Myanmar Business Coalition on AIDS) အဖွဲ၏ မူပိုင် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top