5
Oct

HIV ထက်ကြောက်စရာကောင်းသော လူများ

သိပ်မကြာသေးမီက အိမ်နီးနားချင်း India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည် ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သော အခါ တင်ပါးတွင် ဆူးကနဲ နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင် ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင် ရေးထားသည်ကား " သင်သည် HIV ပိုးကို ကူးစက်ခံလိုက်ရပါပြီ " တဲ့။

ပြင်သစ်ပြည်ရှိ ကျန်းမာရေးဌာနတစ်ခုမှလည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားနေသည်ဟု ကြေငြာထားပါသည်။

ရု့ပ်ရှင် ရုံများတွင်သာမက ဘဏ်ရှိ ငွေထုတ်စက်များတွင်ပါ HIV positive ဖြစ်သော အပ်များကို တွေ့ရှိသည်ဟု India ရှိ ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ ငွေစက်တွေမှာ အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။ အိမ်နီးနာချင်း နိုင်ငံမှာဖြစ်နေတာဆိုတော့ သတိထားသင့်တယ် ထင်လို့ ဖော်ပြလိုက်တာပါ။ ရှင်းရှင်းပြောရရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး ထင်တာပဲ။ ဒါပေမယ့် ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်းတဲ့နေရာမှာ ထိုင်မယ်ဆိုရင် သတိထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာ အမှိုက်သိမ်းတာ က စနစ်တကျမရှိတော့ အမှိုက်ပုံတို့နားကို ဖြတ်လျောက်သွားရင် သတိထားစေချင်ပါတယ်။ ဆေးထိုးအပ်တွေ ထောင်နေတတ်တယ်။

နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့ အပ်ဆူးသွားရင်လည်း အရမ်းကြီးကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း ပိုးမကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင် ၉၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီတော့ အရမ်းတုန်လှုပ်ခြောက်ခြားခြင်းမျိုးလည်း ရှောင်သင့်တယ်။ အားလုံးနေရာတိုင်းမှာ သတိလေးနဲ့ သွားကြပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ လူတွေ ဟာ HIV ထက်ပိုပြီးကြောက်စရာကောင်း လာနေပါပြီ။

မက်ဖန် - HIV ထက်ကြောက်စရာကောင်းသော လူများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top