သိပ်မကြာသေးမီက
အိမ်နီးနားချင်း India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံ တစ်ရုံတွင်
အမျိုးသမီး တစ်ဦးသည် ရုပ်ရှင်ရုံ အတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ
တင်ပါးတွင် ဆူးကနဲ နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ
ထိုင်ခုံတွင် ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင် ရေးထားသည်ကား
" သင်သည် HIV ပိုးကို ကူးစက် ခံလိုက်ရပါပြီ " တဲ့။
ပြင်သစ်ပြည်ရှိ
ကျန်းမာရေးဌာန တစ်ခုမှလည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားနေသည်ဟု ကြေငြာထားပါသည်။ရုပ်ရှင်ရုံများတွင်
သာမက ဘဏ်ရှိ ငွေထုတ် စက်များတွင်ပါ HIV positive ဖြစ်သော အပ်များကို တွေ့ရှိသည်ဟု
India ရှိ ကျန်းမာရေးဌာနမှ သတင်း ထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ
ငွေစက်တွေမှာ အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။ အိမ်နီးနာချင်း
နိုင်ငံမှာ ဖြစ်နေတာဆိုတော့ သတိထားသင့်တယ် ထင်လို့ ဖော်ပြလိုက်တာပါ။
ရှင်းရှင်းပြောရရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး ထင်တာပဲ။ ဒါပေမယ့်
ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်းတဲ့ နေရာမှာ ထိုင်မယ်ဆိုရင် သတိထားတာ
အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာ အမှိုက်သိမ်းတာက စနစ်တကျမရှိတော့
အမှိုက်ပုံတို့နားကို ဖြတ်လျောက်သွားရင် သတိထား စေချင်ပါတယ်။ ဆေးထိုးအပ်တွေ
ထောင်နေတတ်တယ်။
နိုင်ငံတကာ
ရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့ အပ်ဆူးသွားရင်လည်း အရမ်းကြီး
ကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း ပိုး မကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း
ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင် ၉၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်ပါတယ်။
အဲဒီတော့ အရမ်းတုန်လှုပ် ခြောက်ခြားခြင်း မျိုးလည်း ရှောင်သင့်တယ်။
မှတ်ချက်:အသိဆရာဝန်
တစ်ယောက်ထံမှ ရရှိသော email အား ဘာသာပြန်ကာ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
ရန်ကုန်အနောက်ပိုင်း
နည်းပညာသင်ကျောင်း - HIV ထက် ကြောက်စရာကောင်းသော
လူတစ်စု




