12
Jan

HIV ထဲက လူ့အခွင့်အရေး

လူ့အခွင့်အရေးကို
ကာကွယ်ခြင်းက HIV ကပ်ဆိုး ထိမ်းချုပ်နိုင်ရန် အားထုတ်မှု၏ သော့ချက် ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသ၏ WHO
ဒေသခွဲရုံးမှ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ထုတ်ဝေသည့် လက်ကမ်းစာစောင်တွင်
မှတ်တမ်းတင်ဖေါ်ပြထားသော လူတွေ့မေးမြန်းချက်များအရ လူ့အခွင့် အရေးများ
ဖြည့်ဆည်းပေးခြင်းနှင့် ချိုးဖေါက်ခြင်းက HIV ကာကွယ်တားဆီးမှုနှင့် ကုသနိုင်မှုကို
ဘယ်လို ကောင်းကျိုး၊ ဘယ်လို ဆိုးကျိုးတွေ ပြုနိုင်ကြောင်းကို ပြောပြနေပါသည်။

ဆာမား ဆိုသည့် HIV ရှိသူ
အမျိုးသားတယောက်က သူ့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများ ချိုးဖေါက်ခံရခြင်း
အကျိုးဆက်အဖြစ် သူတွေ့ကြုံခဲ့ရသည်များကို ပြောပြပါသည်။

“ကျွန်တော် အရမ်းနေမကောင်း
ဖြစ်တယ်။ ဒါနဲ့ သူတို့က ကျွန်တော်ကို ဆေးရုံခေါ်သွားကြတယ်။ ကျွန်တော်မှာ HIV
ရှိနေတယ်လို့ သူတို့ တွေ့ရတယ်။ ဒီအကြောင်း ကျွန်တော်ကို ပြောမပြခင်မှာ သူတို့က
ကျွန်တော့်အကို ကို ပြောတယ်။ ဒီတော့ ကျွန်တော်မိသားစုက ကျွန်တော် အိမ်နားမှာ
ရှိနေတာကိုတောင် ရေရှည်မှာ မလိုလားကြတော့ဘူး။”

HIV ရှိသူများအတွက် ကျန်းမာရေး
အတိုင်ပင်ခံတယောက်ဖြစ်သည့် ဘစ်ဆမ်းက ကိုယ်ရေး ကိုယ်တာ လျှို့ဝှက်ချက်များကို
(ကျန်းမာရေးဝန်းထမ်းများက) မစောင့်စည်းမှုကြောင့် HIV တွေ့ရှိထားသူများအနေဖြင့်
ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် သာဓကများကို ပြောပြပါသည်။

“အမျိုးသမီးတယောက်က ဆေးကုဖို့
ဆေးရုံကို သွားတယ်။ သူမမှာ HIV ရှိနေတာကို သူတို့ တွေ့ရတယ်။ ဆရာဝန်က သူမရဲ့ လျှို့ဝှက်ချက်ကို
လေးစားစောင့်ထိန်းတယ်။ ဒါပေမယ့် သူမရဲ့ အိမ်ပတ်ဝန်းကျင်မှာနေတဲ့
သူနာပြုဆရာမတယောက်က သူမအကြောင်း လျှောက် ပြောတယ်။ ဒီအမျိုးသမီးအတွက် ဆိုးဝါးတဲ့
အခြေအနေတွေ ဖြစ်လာတယ်။”

အခြားတဖက်မှလည်း HIV ရှိသူများ၏
အခွင့်အရေးများကို လေးစားသမှုပြုခြင်းနှင့် ပြုစုကုသ ပေးနေသည့်
ကျန်းမာရေးဝန်ထမ်း(ကူညီပံ့ပိုးပေးနေသူ)တို့၏ အရေးပါပုံကို HIV ရှိသူ ဘဲန်ဂျမင် က
ရှင်းပြပါသည်။

“ကျွန်တော့်သူငယ်ချင်းတယောက်က
သူ့ရဲ့ ဆေးစစ်မှုနဲ့ ပတ်သက်ပြီး ပြောပြလို့ အခမဲ့ တိုင်ပင်ခြင်းနှင့် စမ်းသပ်ခြင်း
စင်တာ(VCT centre)ကို ကျွန်တော် သွားခဲ့တယ်။ သူက စိတ်ချလက်ချသာ သွားလို့ ပြောတယ်။
ဒါနဲ့ ကျွန်တော် ရောက်သွားတယ်။ ကျွန်တော်မှာ HIV တွေ့တယ်။ ဒါပေမယ့် သူတို့
ကျွန်တော့်ကို လေးလေးစားစားပဲ ဆက်ဆံတယ်။ ဘယ်သူကို မှလည်း သူတို့ မပြောဘူး။
ဒီနေရာဟာ လုံခြုံစိတ်ချရတယ်လို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော့်သူငယ်ချင်း
ပြောခဲ့သလိုပဲ ကျွန်တော်ကလည်း သူငယ်ချင်းတွေအားလုံးကို သွားကြဖို့ ပြောတယ်။”ဟု
ဘဲန်ဂျမန်က ပြန်ပြောပြပါသည်။

မလေးရှားနိုင်ငံတွင်
ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မစောင့်စည်းခြင်း၊ ရွံရှာဖွယ်
ခွဲခြားဆက်ဆံခြင်းများ၊ ကုသမှုနှင့် အလုပ်အကိုင် ရရှိဖို့ရန် အခွင့်အရေးပြဿနာများ
တည်ရှိ နေဆဲ ဖြစ်သည်။

“ဆိုးဝါးတာက ဒီလို ရွံ့ရှာဖွယ်
ခွဲခြားဆက်ဆံမှုတွေ အများဆုံး ဖြစ်ပွားနေတဲ့ နေရာက ဆေးရုံ နှင့် ဆေးခန်းတွေမှာ
ဖြစ်တယ်။”ဟု AIDS သုတေသနစင်တာ(CERiA) ညွှန်ကြားရေးမှူးလည်း ဖြစ်
မလေးယားဗဟိုဆေးတက္ကသိုလ်၏ ကူးစက်ရောဂါဌာနခွဲမှူးဖြစ်သည့် ဒေါက်တာ အဒီးဘာ
ကမာဇူလ်ဇမန်(Dr. Adeeba Kamazulzaman)က ဆိုပါသည်။

အများဆုံးတွေ့ရသည့် သာဓကများမှာ
အထူးသဖြင့် ခွဲစိတ်ကုသမှု လိုအပ်နေသည့်ကိစ္စများ တွင် ကုသပေးဖို့ ငြင်းဆန်ခြင်း
သို့မဟုတ် အချိန်ဆွဲနေခြင်းမျိုးများ ဖြစ်သည်ဟု ဒေါက်တာ အဒီးဘာ က ပြောဆိုပါသည်။

“HIV ဖြစ်ပွားမှု အခြေအနေအရကို
နှလုံးသွေးကြောထဲ ပြွန်ထည့်ပြီး စစ်ဆေးကုသဖို့ လိုအပ် နေတဲ့ ကိစ္စမျိုးတွေလို
ကုသမှုအဆင့်ဆင့်မှာ ငြင်းးဆိုခံရတဲ့ ဝေဒနာရှင်တွေ ကိစ္စတွေ အမြောက်အများ
ရှိပါတယ်။”ဟု သူမက ရှင်းပြပါသည်။

အထူးသဖြင့် အကျဉ်းထောင်နှင့်
ထိမ်းသိမ်းရေးစခန်းများကဲ့သို့ လှောင်ပိတ်နေသည့် အနေ အထားမျိုးတွင် ကုသမှု
ခံယူရရှိသည့် အခြေအနေများ တိုးတက်လာသော်လည်း လူသား အရင်းအမြစ်များ
ရှားပါးခြင်းကြောင့် စိန်ခေါ်မှုက ရှိနေဆဲ ဖြစ်ကြောင်း ဒေါက်တာ အဒီးဘာ က
ဆက်ပြောပါသည်။

“အလုပ်ဖြုတ်ခံရမှာကို စိုးရိမ်ပြီး
သူတို့တွေရဲ့ HIV အခြေအနေတွေကို ဖေါ်ထုတ်လိုက်မှာ အရမ်း အရမ်းကို စိုးရိမ်နေကြတယ်။
သူတို့တွေ အလုပ်နေကြလို့ အလုပ်ခွင်ထဲက အခြားသူ တွေကို ကူးစက်မှာ ပြန့်ပွားမှာ
အန္တရာယ် မရှိပေမယ့်လည်း လုပ်ဖက်ကိုင်ဖက်တွေက အစိုးရိမ် လွန်ကြမှာနှင့်
ရှောင်ဖယ်ဖယ်လုပ်ကြမှာတွေကြောင့် HIV ရှိသူတွေဟာ သူတို့ရဲ့ အခြေအနေ ကို
ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရဲတာ ရှားပါတယ်။”လို့ သူမက ဖြည့်စွက် ပြောပြပါသည်။

အခွင့်အရေးဆက်စပ်မှု

၁၉၄၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကြေညာစာတမ်း ကြေညာစဉ်ကတည်းက လူ့အခွင့်အရေးကို
လေးစားလိုက်နာခြင်း(သို့မဟုတ် လိုက်နာရန် ပျက်ကွက်ခြင်း)နှင့် ကျန်းမာ ရေးအကြား
ဆက်စပ်နေမှုကို ခွဲခြား၍ မရနိုင်ကြောင်း ပြဋ္ဌာန်းပြီး ဖြစ်သည်။ အသက်ရှင်
နေထိုင်ပိုင်ခွင့်၊ လူ့ဂုဏ်သိက္ခာ အပြည့်အဝ ရရှိခွင့်၊ အလုပ်လုပ်ပိုင်ခွင့်၊
ခွဲခြားဆက်ဆံမှုမှ ကင်းဝေးခွင့်နှင့် ပညာသင်ကြားပိုင်ခွင့် စသည်တို့မှာ
လူသားတယောက်အတွက် ရုပ်ပိုင်း စိတ်ပိုင်းအရနှင့် စိတ်ဓါတ်ရေးအရ ဘဝကို
အဓိပ္ပါယ်ရှိစွာ တန်ဖိုးရှိစွာ ထူထောင်နိုင်ရန်အတွက် သူ/သူမ၏ သဘောအတိုင်း
ရွေးချယ်နိုင်သည့် အချို့အချက်များပင် ဖြစ်သည်။

HIV ပြဿနာတွင်လည်း ထိုဆက်စပ်မှုကို
လျစ်လျူရှုထား၍ မရပါ။ ဤပြဿနာနဲ့ ပတ်သက်၍ UNAIDS အင်တာနက်စာမျက်နှာတွင် ယခုကဲ့သို့
ရှင်းပြထားပါသည်။ “HIV ကူးစက် ပြန့်ပွားခြင်း အန္တရာယ်နှင့် သူ့၏ အကျိုးဆက်ရိုက်ခတ်မှုများက
ယောင်္ကျားချင်း လိင်ဆက်ဆံ သူများ၊ မူးယစ် ဆေးဝါးကို အပ်ထိုးသုံးစွဲသူများ၊
လိင်အလုပ်သမားများကဲ့သို့သော လူ့အစုအဖွဲ့ များအပေါ် ကန့်သတ်ဆက်ဆံခြင်းနှင့်
အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းတို့အပါအဝင် စသည့် လူ့အခွင့် အရေးချိုးဖေါက်မှုများ
တိုးပွားလာစေပါသည်။ လူ့အခွင့်အရေး ချိုးဖေါက်မှုများမှာလည်း HIV ကိစ္စကြောင့်
မတူခြားနားသော အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ပုံစံများ ထပ်ဆင့် ဖြစ်ပွား လာပါသည်။”

AIDS ကပ်ဆိုး
စတင်ပေါ်ပေါက်လာခဲ့သည့် ၁၉၈၅ခုနှစ်မှစ၍ HIV ကုသမှုနှင့် လေ့လာမှုများ တွင်
ပါဝင်နေခဲ့သည့် ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေး ဂျွန်ဟော့ပ်ကင်ဗဟိုဌာန၏
ညွှန်ကြား ရေးမှူး ဒေါက်တာ ခရစ်ဘေရာ က “ဟိုး အစပိုင်းတုန်းကတည်းက ကျွန်တော်တို့
မြင်ထားတာက ဒီကပ်ဆိုးကြီးကြောင့် လူ့အခွင့်အရေးကိစ္စတွေမှာ အကြီးအကျယ် ထိခိုက်မှု
တွေ ရှိလာနိုင်တယ်။ အကောင်းမြင်စိတ် ရှိမယ်ဆိုရင် အခွင့်အရေးတွေကို
ကာကွယ်နိုင်မယ်။ အဆိုး မြင်စိတ် ရှိနေမယ်ဆိုရင် အခွင့်အရေးတွေ ချိုးဖေါက်ခံရမယ်။”
ပြောဆိုခဲ့သည်။ တဆက်တည်း “အခု နှစ်ပေါင်းများစွာ ရှိလာခဲ့ပေမယ့် ဒီပြဿနာတွေက
ကျွန်တော်တို့ ကြုံတွေ့နေရဆဲ ဖြစ်တယ်။”

မူးယစ်ဆေးဝါးသုံးစွဲသူ HIV
ရှိသူများအတွက် ပြုလုပ်သည့် ဆွေးနွေးပွဲ (Lancet Series Symposium)အတွက် လက်ရှိ
မလေးရှားနိုင်ငံကို ရောက်ရှိနေသည့် ဒေါက်တာဘေရာက လူ့အခွင့်အရေး
စည်းမျဉ်းဘောင်နှင့် နိုင်ငံရေးဆန္ဒများအကြား ဖြစ်နေသည့် ပဋိပက္ခတချို့ ကြောင့် HIV
ကိစ္စ ဖြေရှင်းသည့်နေရာတွင် လူ့အခွင့်အရေးများကို ထည့်သွင်းစဉ်းစားမှု မရှိသည်မှာ
ယနေ့အချိန်အထိ ဖြစ်သည် ဟု ဆိုပါသည်။

ကာကွယ်တားဆီးဖို့၊ ကုသဖို့၊
ပြုစုစောင့်ရှောက်ဖို့နှင့် ဒီလို ကာကွယ်စောင့်ရှောက်ခွင့်တွေကို
ခွဲခြားဆက်ဆံခံရမှု မရှိဖို့ဆိုတဲ့ လူတိုင်းခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး
သတ်မှတ်ချက်တွေဟာ နိုင်ငံအတိုင်းအတာအနေနဲ့ စွဲမြဲနေတဲ့ လူမှုရေး
ဥပဒေရေးကြောင်းများအရ ဆန့်ကျင်ဖက်ဖြစ် နေတဲ့ အခါမှာ အများအားဖြင့် ပြဿနာ
ဖြစ်ကြပါတယ်။

ဒီလို
လူတိုင်းခံစားခွင့်ရှိရမယ်ဆိုတာကို လက်ခံတဲ့ နိုင်ငံတွေ တွေ့ဖူးပါတယ်။ ဒါပေမယ့်
သူတို့ရဲ့ အပြုအမူတွေအရ တန်ဖိုးမဲ့သူတွေ၊ ဥပဒေမလိုက်နာသူတွေ၊ သို့မဟုတ် ကျဉ်ထား သင့်သူတွေအဖြစ်
ထင်မြင်ယူဆခံရပြီး၊ ထိုခံစားခွင့်ကို နိုင်ငံရေးသမားတွေက ငြင်းပယ်လိုကြ ပါတယ်။
ဒီလို ထင်မြင်ယူဆခံရသူတွေကတော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ လိင်ရောင်းဝယ် သူတွေ၊
ယောင်္ကျားချင်း လိင်ဆက်ဆံသူတွေ၊ လိင်ပြောင်းလဲထားသူတွေ၊ အကျဉ်းသားတွေ၊
ရွှေ့ပြောင်းလာသူတွေနှင့် ဆင်းရဲသားတွေ ဖြစ်နေတာကို နိုင်ငံအများစုမှာ တွေ့ရပါတယ်။

“လူတိုင်း ခံစားခွင့်
ရှိရမယ်ဆိုတဲ့ အဓိပ္ပါယ်အစစ်အမှန်က လူတိုင်းအတွက် ဖြစ်ပါတယ်။ ဒီ(HIV) ပြဿနာနဲ့
ပတ်သက်လို့ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုတွေမှာလည်း ဘယ်သူက ခံစားခွင့် ရှိတယ်
မရှိဘူးဆိုတာမျိုး ရွေးချယ်ထုတ်နှုတ်လို့ မရပါဘူး။”လို့ ရှင်းပြပါသည်။

‘လူ့အခွင့်အရေးနှင့် HIV/AIDS -
ယခု အရင်တုန်းကထက် ပို၍’ ဆိုသည့် ခေါင်းစဉ်ဖြင့် HIV/ AIDS နှင့် လူ့အခွင့်အရေးအဖွဲ့အစည်း
၂၅ ခု၏ ပူးတွဲထုတ်ပြန်ချက် (www.humanrightsnow.org)
အရ HIV/AIDS ကိစ္စအပေါ် ဆောင်ရွက်မှု ကုလသမဂ ကြေညာ ချက် ၂၀၀၁ နောက်ပိုင်း
ခြောက်နှစ်အကြာတွင် သုံးပုံ နှစ်ပုံသော နိုင်ငံများတွင်သာ HIV တွေ့ရှိ ထားသူများ
ခွဲခြားဆက်ဆံခံရခြင်းမှ ကာကွယ်သည့်ဥပဒေ သက်ရောက်ပြဋ္ဌာန်းခြင်း ရှိသည်ဟု ဆိုပါသည်။

ကမ္ဘာ့နိုင်ငံများ၏ ၇၃ ရာခိုင်နှုန်းသာ
အားနည်းချက်ရှိသူများကို တိတိကျကျ အကာအကွယ် ပေးနိုင်သည့် ခွဲခြားဆက်ဆံမှု မပြုရေး
ဥပဒေ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ သို့သော် လည်း HIV ကာကွယ်ကုသမှု
ရရှိနိုင်ရေးကို အဟန့်အတား ပြုနေသည်များက ရှိနေ သေးသည်။ အားနည်းချက်ရှိသူများ HIV
နဲ့ဆိုင်သည့် ဝန်ဆောင်မှုများ ရရှိနိုင်ရေးကို အနှောက် အယှက်ပြုနေသည့် မူဝါဒများ
ကျင့်သုံးနေသည့်နိုင်ငံများမှာ ၆၃ ရာခိုင်နှုန်း ကျန်ရှိနေသေးသည်။

အစိုးရမဟုတ်သည့်အဖွဲ့အစည်း(NGO)များမှ
ကွန်ဒုံးများ ဖြန့်ဖြူးခြင်း၊ အစိုးရ ဆေးရုံနှင့် ဆေးခန်းများတွင် အခမဲ့နှင့်
သိုသိုသိပ်သိပ် HIV ဆေးစစ်နိုင်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲနေသူ များအား
မယ်သာဒုန်း အစားထိုးနည်းဖြင့် ကုသပေးခြင်းနှင့် ပိုးမွှားသန့်စင်သည့် ဆေးထိုးအပ်
လဲလှယ်ပေးခြင်းစသည့် HIV ပြန့်ပွားမှု ထိမ်းချုပ်နိုင်ရေး အစီအစဉ်များ
မလေးရှားနိုင်ငံတွင် ရှိလာနေပြီ ဖြစ်သည်။

အလုပ်ခွင်အတွင်း HIV ကိစ္စများ
စီမံကိုင်တွယ်မှုနှင့် ခွဲခြားဆက်ဆံမှု မရှိသည့် လုပ်ငန်းပတ် ဝန်းကျင်
ဖြစ်ပေါ်လာရေးအတွက် အလုပ်သမားနှင့် အလုပ်ရှင် လမ်းညွှန်အဖြစ် လူသားအရင်း အမြစ်
ဝန်ကြီးဌာနမှ ၂၀၀၁ ခုနှစ်တွင် ပြုစုသည့် ‘အလုပ်ခွင်အတွင်း HIV/AIDS ကာကွယ်မှု နှင့်
စီမံခန့်ခွဲမှု ကျင့်ထုံး နည်းဥပဒေ’လည်း ရှိနေပါသည်။

(downloadable at
bit.ly/hivatwork)

သို့သော်လည်း
မူးယစ်ဆေးဝါးသုံးစွဲမှု၊ လိင်တူ ကာမဆက်ဆံမှုနှင့် လိင်လုပ်ငန်းများနဲ့ ပတ် သက်၍
အလွန် တင်းကြပ်သည့် ဥပဒေများ၊ ခွဲခြားဆက်ဆံမှုများ၊ လူရာမသွင်း ဆက်ဆံမှုများ ဆက်လက်
ရှိနေခြင်းကြောင့် (ထိုနည်းဥပဒေနှင့် အစီအစဉ်များကို) ထိထိရောက်ရောက် အကောင်အထည်
ဖေါ်နိုင်ရန်အတွက် အတားအဆီး ဖြစ်နေဆဲ ဖြစ်သည်။

မလေးရှားအေအိုင်ဒီအက်စီကောင်စီ
ဥက္ကဌနှင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒါတွက်မိုဇာမန်ခန်(Datuk
Mohd Zaman Khan) က “မူးယစ်ဆေး စွဲနေတာအတွက် မယ်သာ ဒုန်းဆေးခန်းသွားတဲ့သူတွေကို
ပုလိပ်စစ် စစ်ဆေးတာ၊ အထပ်ထပ် စစ်ဆေးတာမျိုး ကျွန်တော်တို့ အကျင့်ပါနေပါတယ်။ (အကယ်၍
အခြား မူးယစ်ဆေးဝါးကို သုံးစွဲနေတယ်လို့ တွေ့ရှိရင် သင် အဖမ်းခံရ နိုင်ပါတယ်။)
ဆေးထိုးအပ် လဲလှယ်ပေးတဲ့ အစီအစဉ်အရ (မူးယစ် ဆေးဝါး သုံးစွဲမှု ရှိမရှိ) ဆီးစစ်တဲ့သူတွေဟာလည်း
ပုလိပ်ရဲ့ ဖမ်းဆီးခြင်းကို ခံရနိုင်ပါတယ်။”

“ဒီလိုနေရာတဝိုက်မှာ ပုလိပ်တွေက
အမြဲတမ်း ချောင်းမြောင်းစောင့်ကြည့်နေမယ်ဆိုရင် သူတို့ တွေ ဒီနေရာတွေကို
သွားကြတော့မှာ မဟုတ်ဘူး။”ဟု သူက ဖြည့်ပြောပါသည်။

သို့သော်လည်း ဒေသခံ
အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ မလေးရှားအေအိုင်ဒီအက်စီ ကောင်စီ ကဲ့သို့
အဖွဲ့အစည်းကြီးများနှင့် ဥပဒေစိုးမိုးမှုပိုင်းဆိုင်ရာ အစိုးရဌာနများအကြား
ညှိနှိုင်းဆောင်ရွက်မှု မြင့်မားလာခြင်းနှင့်အတူ အခြေအနေများမှာ တိုးတက်လာနေသည်။

တူညီသည့်
အခွင့်အရေးများ

HIV ကိစ္စတွင် လူ့အခွင့်အရေး၏
အခန်းကဏ္ဍကို အထူးပြု ဖေါ်ပြခြင်းသည် HIV ရှိသူများသည် မရှိသူများထက် ပိုမိုသည့်
အခွင့်အရေးများ ခံစားခွင့် ရှိရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ HIV မရှိသူများအပေါ်
ပြုမူဆက်ဆံသကဲ့သို့ပင် HIV ရှိသူများသည်လည်း ထပ်တူ ထပ်မျှ ခံစားပိုင်ခွင့်
ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တိုက်ဖျက်နေတာက
ခွဲခြားဆက်ဆံမှု ပပျောက်ရေးပါ။ ကျွန်တော့်အတွက် ဒီကုသမှု လိုအပ်နေတယ်ဆိုရင်
ကျွန်တော်ကို မငြင်းသင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ HIV
ရှိနေတဲ့သူမို့လို့ပါ။ ဒီလို ဆိုလိုတာပါ။”ဟု မလေးရှား HIV ဆေးဝါးအဖွဲ့ ဥက္ကဌ
ဒေါက်တာ ခရစ်စ်တိုဖာလီ က ဆိုပါသည်။

ကူးစက်တတ်သည့်ရောဂါများဆိုင်ရာ
ဆေးပညာရှင်တဦးလည်း ဖြစ်သည့် ဒေါက်တာလီ က “တခါတရံမှာ ဆေးကုသမှုဆိုင်ရာ
အကြောင်းအချက်တွေအရ HIV ရှိသူများအနေဖြင့် အချို့ ကုသမှုမျိုးကို လုပ်ပေးဖို့
ငြင်းပယ်ခံရတာ ရှိနိုင်ပါတယ်။ အထူးသဖြင့် ရောဂါကာကွယ်နိုင်မှု စွမ်းရည်
အားနည်းနေသည့် အချိန်မျိုးမှာ HIV ရှိသူတွေအတွက် အသက်အန္တရာယ် ဖြစ်စေ
နိုင်တာကြောင့် ရောဂါကာကွယ်ဆေး ထိုးပေးမှုတွေနှင့် ခွဲစိတ်ကုသမှုတွေကို အချိန်ဆွဲထား
တာမျိုး ဒါမှမဟုတ် မလုပ်ပေးတာမျိုး တွေ့ကြုံရနိုင်ပါတယ်။”လို့ ပြောဆိုပါသည်။

“HIV ရှိသူအပေါ် ခွဲခြားဆက်ဆံတဲ့
သဘောမျိုးနဲ့ ခွဲစိတ်မှုကို ကျွန်တော်တို့ အချိန်ဆွဲနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့
ခွဲစိတ်မှု မလုပ်ခင်မှာ လူနာရဲ့ အခြေအနေ ပိုကောင်းလာအောင် လို့ အချိန်ဆွဲရတာပါ။”
“’ဒါပေမယ့် တချို့က ဒီလူနာမှာ HIV ရှိနေလို့သာ အချိန်ဆွဲနေတာဆိုပြီး
ထင်တတ်ကြပါတယ်။ ဒါဟာ မဟုတ်ပါဘူး”လို့ သူက ရှင်းပြပါသည်။

HIV ရှိသူများ၏ အခွင့်အရေးများမှာ
ဆေးရုံ ပြင်ပတွင်လည်း တပြေးညီ ဖြစ်ရမည် ဖြစ်သည်။ သူတို့၏ HIV အခြေအနေကို
ထည့်တွက်ခြင်းမျိုးမရှိပဲ လူသားအားလုံး၏ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ အခွင့်အရေး၊
လွတ်လပ်စွာ ပြောင်းရွေ့နိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့်များကို လေးစားဖို့ လိုအပ်သည်။

“သူတို့ရဲ့
ချဉ်းကပ်ကိုင်တွယ်ပုံတွေဟာ ပျော့ပျော့ပြောင်းပြောင်းနဲ့ လူ့ဂုဏ်သိက္ခာကို လေး
လေးစားစား ရှိမယ်ဆိုရင် ပြဿနာတွေဟာ လက်ရှိအနေအထားကိုပဲ ရောက်ရှိနိုင်မှာ ဖြစ်ပြီး၊
လက်ရှိ ပြဿနာအများစုကို သူတို့ ကိုင်တွယ်ဖြေရှင်းမှု မရှိဘူးဆိုရင်တော့ HIV ပြန့်ပွားမှုတွေ
ကို သူတို့ ထိမ်းချုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လာကြတဲ့
(နိုင်ငံ့)ခေါင်းဆောင် တွေ တိုး၍တိုး၍ လာတာကြောင့် ကျွန်တော်တို့လည်း
အားတက်လာပါတယ်။”လို့ ဒေါက်တာ ဘေရာ က ဆိုပါသည်။

“ရိုးရာစဉ်လာ တန်ဖိုးတွေကို
ဖက်တွယ်ထားလို့ပဲဖြစ်ဖြစ်၊ ဥပဒေကျုးလွန်မှုတွေကို လုံးဝခွင့်
မလွှတ်တတ်လို့ပဲဖြစ်ဖြစ် မည်သည့်နိုင်ငံရေးသမားမှ ဘယ်တော့မှ မဲမရှုံးပါဘူး။ ဒါပေမယ့်
နိုင်ငံရေးအပေါ် အခြေခံတဲ့ မမျှမတ မမှန်မကန် လုပ်မှုတွေကတော့ ဥပဒေပြုအမတ်
(နိုင်ငံရေး သမား)တွေကို ထိမ်းကျောင်းနေတုန်းပဲ”လို့ သူက ထပ်လောင်း ပြော ဆိုပါသည်။

သို့သော်လည်း ကမ္ဘာကြီးသည် ပိုမို
နားလည်သည်းခံခွင့်လွှတ်တတ်သော လမ်းကြောင်းပေါ်သို့ ရှေ့ရှုလာနေပြီဟု ဒေါက်တာဘေရာက
ယူဆပါသည်။

“နိုင်ငံရေးသမား အားလုံးဟာ
လူငယ်တွေရဲ့မဲကို လိုချင်ကြတယ်ဆိုတဲ့ အချက်နှင့် တကမ္ဘာ လုံးမှာရှိတဲ့ ယနေ့
လူငယ်ထုကြီးဟာလည်း (လူ့)အခွင့်အရေးဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ
ကွဲပြားခြားနားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမို သတိပြုမိလာကြခြင်း၊ ပိုမိုသည်းခံလာ
တတ်ကြခြင်း၊ ပိုမိုစာနာထောက်ထားလာတတ်ကြခြင်း စတဲ့ အချက်တွေက ကျွန်တော်တို့ကို
အများဆုံး အားတက်စေပါတယ်။

HIV ရှိသူများနှင့် ကူးစက်ခံရမှု
ဖြစ်နိုင်ချေများသော ဘဝတွင် ရှင်သန်နေထိုင်နေကြသူများ သည် မိမိတို့၏
အခွင့်အရေးများကို သိရှိဖို့ရန်နှင့် ထိုအခွင့်အရေးများအတွက် မားမားမတ်မတ်
ရပ်တည်လိုစိတ် ဖြစ်ပေါ်လာရန် ဦးစွာ အရေးကြီးပါသည်။

ထို့အပြင် ကုသမှုများကို
လေးစားလိုက်နာခြင်းနှင့် မိမိတို့၏ ပတ်ဝန်းကျင်ရှိ သူများ၏ လုံခြုံမှု ကို
အာမခံခြင်းအားဖြင့် HIV ရှိသူများကိုယ်တိုင် ဤကပ်ဆိုးကြီး ချုပ်ငြိမ်းဖို့
ကြိုးစားမှုတွင် တတပ်တအား ပါဝင်နိုင်သည်။

“ဒါတွေကတော့ ဟုတ်ပါတယ်။ ဒါပေမယ့်
ဝေဒနာရှင်တွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို သိနေကြပေမယ့်လည်း ဒါဟာ သူတို့ရဲ့
အခြေအနေတွေကို ထုတ်ဖေါ်ပြသသလို ဖြစ်နေမှာမို့ အများစုက ရင်ဆိုင်ဖြေရှင်းဖို့
လက်တွန့်နေကြပါတယ်။”ဟု ဒေါက်တာ အဒီးဘာ က ထောက်ပြပါသည်။

This
has got to change.

ပြောင်းလဲဖို့
ဒါတွေ လိုတယ်။

“အပေါ်ယံအလွှာတွေဆီကနေ ဘယ်သူကိုမှ
မိမိတို့အခွင့်အရေး ဆိုတာကို လွယ်လွယ်ကူကူနဲ့ တော့ လာပေးမှာ မဟုတ်ပါဘူး။ တောင်အာဖရိကမှာ
ကုသမှု ရရှိဖို့ လှုပ်ရှားမှုတွေလို၊ AIDS ဆေးရဲ့ ဈေးနှုန်းတွေဟာ လူတိုင်း
ဝယ်နိုင်လို့ရတဲ့ ဈေးနှုန်းဖြစ်ဖို့ တကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု တွေလို လူထုကြီးက
တိုက်ယူဖို့ လိုပါတယ်။ HIV ရှိနေသူတွေ၊ သူတို့ မိသားစုတွေနှင့် လူ့ပတ်
ဝန်းကျင်တွေက အဓိကသော့ချက်တွေပဲ ဖြစ်တယ်။”ဟု ဒေါက်တာ ဘေရာ က ထောက်ပြ ပါသည်။

“ပြုစုမှု ထောက်ပံ့နေသူတွေရဲ့
အရေးပါမှုက နောက်အဆင့်ပါ။ ကျွန်တော့်အမြင်မှာတော့ ဒီလို လှုပ်ရှားမှုတွေမှာ
ကျွန်တော်တို့ဟာ အရေးပါတဲ့ မဟာမိတ်တွေပါ။ နိုင်ငံရေးသမားတွေဆိုတာ
အများအားဖြင့်တော့ နောက်ဆုံးမှ ရောက်လာလေ့ရှိပါတယ်။ သူတို့တွေ နောက်မှ ပါလာတတ်
ပေမယ့် သူတို့ကို အမြဲကြိုဆိုပါတယ်။

 

မေသူ

 

http://thestar.com.my/health/story.asp?file=/2011/1/9/health/7655975&sec=health

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top