HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခုအဖြစ် Red Ribbon Hours Youth Concent 2014 World AIDS Day ကို ယခုလ (၂၈) ရက်နေ့ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ နိုဝင်ဘာ (၁၀) ရက်နေ့က မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှာ ပြုလုပ်တဲ့ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲက သိရပါတယ်။
Red Ribbon Hours Youth Concent 2014 World AIDS Day ကို ကျင်းပမှုဟာ လူငယ်တွေ အနေနဲ့ HIV နဲ့ ပတ်သတ်တဲ့ သိရှိဖို့လိုအပ်တဲ့ အသိပညာတွေကို ပေါ့ပေါ့ပါးပါး ရရှိစေချင်တဲ့ အတွက် ဖြစ်ပါတယ်။
ဖျော်ဖြေပွဲအတွက် အခမဲ့ လက်မှတ်များပေးဝေမှုကိုတော့ ရန်ကုန်မြို့တွင်းရှိ Shopping Centre တွေမှာ ပေးဝေသွားမှာဖြစ်ပြီး လက်မှတ်မရရှိတဲ့ သူတွေအနေနဲ့လည်း အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကို ကျင်းပမှုဟာ နှစ်စဉ်ပြုလုပ်နေတာဖြစ်ပြီး အခုနှစ်နဲ့ဆို (၃) ကြိမ်မြောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4 - HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခု နိုဝင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပမည်




