18
Mar

HIV ပညာပေး အစီအစဉ်ကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် UNICEF တို့ ဆောင်ရွက်

News Week 19/Mar/2008

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

HIV ရောဂါကာကွယ်ရေးအတွက် ဘဝတစ်သက်တာ ပညာပေးစီမံချက်များကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ကုလသမဂ္ဂ ကလေးရန်ပုံငွေအဖွဲ့ UNICEF တို့နှင့်ပူးပေါင်း၍ ၂၀၀၉ ခုနှစ်နိုင်ဝင်ဘာလအထိ သတ်မှတ်ကာ လူငယ်ထုအတွင်း ပညာပေး ဆောင်ရွက်နေလျက် ရှိကြောင်းသိရှိရသည်။ အဆိုပါစီမံချက် ဒေသများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အနက် နည်းပြခြောက်ဦးကို ကွင်းဆင်းရွေးချယ်ကာ ရန်ကုန်မြို့၌ သင်တန်းပေးသွားမည်ဖြစ်ကြောင်း ထိုသင်တန်းဆင်းပြီးသူများက မိမိတို့မြို့နယ်တွင် ပြန်လည်၍ သက်တူရွယ်တူအဆင့် ပညာပေးမည့်လူငယ်များကို ရွေးချယ်၍လူ(၃၀)လျှင် သင်တန်း တစ်သုတ်နှုန်းဖြင့် စုစုပေါင်းတစ်မြို့နယ်တွင် သင်တန်း (၁၄) ကြိမ်ပေးကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသင်တန်းတွင် အန္တရာယ်ကင်းဝေးစေသော အမူအကျင့်များ၊ဗဟုသုတခံယူချက်နှင့် လိုက်နာကျင့်ကြံမှုများ လိင်မှုဆိုင်ရာကျန်းမာရေး အပြုသဘော သက်ရောက်သော ဆုံးဖြတ်ချက်များနှင့် တာဝန်ယူတတ်သော အပြုအမူများ ရရှိလာစေရန်အတွက် သင်တန်းများပေးကာ ပညာပေးရန် စီစဉ်နေလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှသိရသည်။

 

ထိုစီမံချက်ဒေသများမှာ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးများပေါ်တွင် တည်ရှိနေသည့် မြို့နယ်များဖြစ်ပြီး ၄င်းမြို့နယ်များမှာ တနင်္သာရီတိုင်းမြိတ်မြို့နယ် နှင့် ကော့သောင်းမြို့နယ်၊ ဧရာဝတိီိတိုင်းရှိ ပုသိမ်မြို့နယ်၊ ကရင်ပြည်နယ်ရှိဘားအံ၊ကော့ကရိတ်၊ မြ၀တီမြို့နယ်၊ မွန်ပြည်နယ်ရှိမော်လမြိုင်၊ သထုံမြို့နယ်၊ မန္တလေးတိုင်းရှိ ပုသိမ်ကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းပြည်နယ်ရှိလားရှိုးမြို့နယ်၊ ပဲခူးတိုင်းရှိပဲခူးမြို့နှင့် ကချင်ပြည်နယ်ရှိမြစ်ကြီးနားမြို့တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်ဟု ၂၀၀၈ခုနှစ်မတ်လ၂၀ရက်နေ့ထုတ် News Week ဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top