21
Jun

HIV ပတ်သက်ပြီး ဒေါက်တာစစ်နိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း




ဒီဇင်ဘာ
၁ ရက်က World AIDS Day နေ့ ဖြစ်ပါတယ်။ HIV ပိုးဟာ ကမ္ဘာမြေပေါ် ရောက်ရှိ
ကိုယ်ထင်ပြလာတာ အခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်ကျော် လာပါပြီ။ အရင်တုန်းက HIV/AIDS ဆိုရင်
‘ကုရာနတ္ထိ ဆေးမရှိ’ လို့ ပြောခဲ့ကြပေမယ့် အခုဆိုရင် ဒီရောဂါပိုးကို
ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေကလည်း အများအပြား ပေါ်ထွက်လာခဲ့ပါပြီ။ ဒါပေမဲ့
အများအားဖြင့် သွေးစစ် ကြည့်ပြီး ကိုယ့်ဆီမှာ HIV ရောဂါပိုး တွေ့တဲ့အခါ သိတဲ့အခါ
ချက်ချင်း ဘာလုပ်လို့ လုပ်ရမှန်း မသိကြတာ များပါတယ်။

HIV
နဲ့ ပတ်သက်ပြီး မကူးစက်အောင် ဘယ်လို ကြိုတင် ကာကွယ်ရမှာလဲ။ ဘယ်လို အခြေအနေမျိုးတွေနဲ့
ကြုံခဲ့ရပြီးရင် သွေးစစ်သင့်သလဲ။ သွေးစစ်ရင်ရော ဘယ်လို စစ်သင့်သလဲ။ နောက်ဆုံး
ကိုယ့်ဆီမှာ ဒီရောဂါပိုး တွေ့လာရင် ဘာတွေ လုပ်သင့်သလဲဆိုတာ ဆရာဝန်တွေက ပြောပြောနေကြပေမယ့်
ဂရုမစိုက်မိကြတာတွေ ရှိတဲ့အတွက် ဒီအချက်တွေကို သေသေချာချာ သိရှိထားရင် ကိုယ့်အတွက်
အကောင်းဆုံးပါပဲ။ အဲဒီအချက်တွေကို ပြည့်ပြည့်စုံစုံ၊ ရှင်းရှင်းလင်းလင်း
သိရှိနိုင်ရန် HIV နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ကို မာရီစတုပ်စ် ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ
ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်းက ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်ကို
မေးမြန်းဖို့ စီစဉ်ခဲ့ပါတယ်။ မာရီစတုပ်စ် ဆိုတာကလည်း HIV နဲ့ ပတ်သက်ပြီး ပညာပေး
ဆွေးနွေးနေတာ အခုဆို မြန်မာပြည်မှာ ဆယ်စုနှစ် သက်တမ်းနီးပါး ရှိနေတဲ့ လူမှုရေး
အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

HIV နဲ့ ပတ်သက်ပြီး ပထမဦးဆုံး မေးချင်တာက HIV ပိုး
ကိုယ့်ဆီမှာ စရှိပြီဆိုတာ သိလိုက်ရတာနဲ့ အဲဒီသူဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိကြပါဘူး ဆရာ။ အဲဒီလူတွေအနေနဲ့ ဘာတွေစပြီး လုပ်ကိုင်သင့်တယ်ဆိုတာ စပြီး
ပြောပြပေးပါဆရာ။

HIV
ပိုး ရှိတယ်လို့ စသိရပြီဆိုတာနဲ့ ဘာလုပ်ရမလဲလို့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။
ဒီ HIV နဲ့ ပတ်သက်တဲ့ ကျန်းမာရေးလုပ်ငန်းတွေ လုပ်ပေးနေတဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေ
ရှိတယ်။ ပညာရှင်တွေ ရှိတယ်။ ပညာရှင်မှာလည်း ဆေးကုသတဲ့ ပညာရှင်တွေ ရှိတယ်။
တစ်ချို့က ဆေးကုသမှု တိုက်ရိုက် မပေးသော်လည်း ဆွေးနွေးပေးတဲ့ ပညာရှင်တွေ ရှိတယ်။ သူတို့အနေနဲ့က
ဘာတွေ ဆက်လုပ်သင့်တယ်။ ဘယ်လို ဆေးကုသမှု လုပ်သင့်တယ် ဆိုတာ ဆွေးနွေးပေးတာမို့
အဲဒီလို လူတွေနဲ့ သွားတွေ့ရမယ်။ ကိုယ်စကားပြောမယ့် သူက ဆရာဝန် မဟုတ်လို့
မပြောချင်ဘူး ဆိုတာလည်း မဖြစ်ရဘူး။ အရေးကြီးတာက ဒီ HIV နဲ့ ဆိုင်တဲ့ ကာကွယ်ရေး
ကုသရေး စတဲ့ ဌာနတွေ အဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့
ဆွေးနွေးတိုင်ပင် သင့်ပါတယ်။ သူတို့နဲ့ ဆွေးနွေး တိုင်ပင်ပြီး လုပ်သင့် တာတွေ
အများကြီး ရှိတယ်။

ဆရာတို့ မာရီစတုပ်စ်မှာရော အဲဒီလူတွေကို ဘယ်လို
ဆွေးနွေး တိုင်ပင်ကုသပေး ပါလဲ။

ကျွန်တော်တို့
ဒီမှာ ဆေးခန်းတွေ ရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ကူညီဆွေးနွေးပေးတဲ့ ကျွန်တော် စောစောက
ပြောတဲ့ ဆေးဝါး ကုသမှုပေးတဲ့ ပညာရှင်တွေရော၊ ဒီလိုမဟုတ်ဘဲ တခြားကိစ္စတွေ လုပ်ပေးတဲ့
ပညာရှင်တွေရော သူတို့နဲ့ ဆွေးနွေးပေးပါတယ်။ တစ်ချို့လည်း ဆေးခန်းမှာ မထိုင်ဘဲ
လူထုထဲကို ဆင်းပြီး ဆွေးနွေးပေးတဲ့ လူတွေလည်းရှိတယ်။ ဆရာဝန်၊ ဆရာမ မဟုတ်တဲ့
ပညာရှင်တွေပေါ့။ သူတို့နဲ့လည်း ဆွေးနွေးလို့ ရတယ်။ သူတို့နဲ့လည်း ဆွေးနွေး
တိုင်ပင်နိုင်အောင် အဖွဲ့အစည်းတွေက လေ့ကျင့် သင်ကြားပေးထားကြတယ်။ ဒါက
ကျွန်တော်တို့ တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ ကျန်းမာရေး ဝန်ကြီးဌာနကနဲ့ တခြားသော
ကျွန်တော်တို့ အဖွဲ့လို လူထုကျန်းမာရေး လုပ်ပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။
နောက်တစ်ခုက HIV ပိုး ရှိသူတွေမှာ တခြားရောဂါ တစ်ခုခု (ဥပမာ – ကာလသား ရောဂါ၊ ဝမ်းလျှော၊
တီဘီ) လိုမျိုးတွေပါ တွဲဖက်ဖြစ်နေ နိုင်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်တော့ ရောဂါဖြစ်တာ မတူဘူးပေါ့နော်။
အဲဒါကရော ဘာကြောင့်ပါလဲ ဆရာ။ အဲဒီလူတွေ အနေနဲ့ကရော ဘာကြောင့် ဒီလိုဖြစ်တာ
မတူကြတာပါလဲ။ ဒီလို မဖြစ်အောင်ရော ဘယ်လိုတွေ လုပ်သင့်ပါလဲ ဆရာ။

အကြောင်းအချက်
တွေတော့ အများကြီး ရှိပါတယ်။ တစ်ခုက တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ၊
အလုပ်လုပ်ပုံ၊ နဂိုရှိတဲ့ ခုခံအား စသဖြင့် ရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လို
ရောဂါတွေများနေလဲ။ ဒါကလည်း နိုင်ငံတစ်ခုနဲ့ တစ်ခု မတူဘူးလေ။ ကိုယ့် ပတ်ဝန်းကျင်မှာ
လွယ်လွယ်ရှိတဲ့ ပေါပေါရှိတဲ့ ရောဂါပိုးက ဝင်လာတဲ့ သဘောပေါ့။ HIV က ကိုယ့်ရဲ့
ခုခံအားကို ကျအောင် လုပ်လိုက်တဲ့အတွက် ကိုယ့်ဝန်းကျင်က ရောဂါပိုး ဝင်လာတာပါ။ ဒါကြောင့်
တစ်ယောက်နဲ့ တစ်ယောက် မတူညီတာ တွေ့တတ်ပါတယ်။

HIV နဲ့ ပတ်သက်ပြီး အခုထိ လူတွေ ထင်ထားတာ မှားနေတဲ့
အချက်တွေ ရှိနေသေးရင် ပြောပြပေးပါဦး။

အယူအဆမှားဆိုတာထက်
လက်တွေ့မှာ အလုပ်မဖြစ်တဲ့ အယူအဆပဲ ပြောတော့မယ်။ အဲဒါက အဓိက ကူးစက်မှုနဲ့
ပြောပါဆိုရင် လိင်ကိစ္စကြောင့် ဆိုတာကို မေ့ထားကြတာ များတယ်။ ဓားကပဲ ကူးမှာလိုလို၊
ကတ်ကြေးကပဲ ကူးမှာလိုလို ထင်နေတာ များတယ်။ အရေးကြီးတဲ့ ဟာကို မပြောချင်ကြဘူး။ အဲဒါကို
ရှောင်ချင်ကြတယ်။ အဲဒါနဲ့ဆက်စပ်ပြီး ကွန်ဒုံးကိစ္စပေါ့။ ဒါက ကိုယ့်ကိုယ်ကိုယ်
ကာကွယ်တယ်။ ဒါကိုပဲ ယဉ်ကျေးမှုနဲ့ အဆင်မပြေဘူး။ ဒါကို မကောင်းတဲ့ သူတွေဆီမှာပဲ
သုံးကြသလိုလို အတွေးကလည်း ရှိသေးတယ်။ နောက်တစ်ခုက ‘ငါတော့ မဖြစ်နိုင်ဘူး ဆိုတဲ့
အတွေး’ ထီပေါက်ရင်တော့ ငါပေါက်နိုင်တယ် ရောဂါဖြစ်မှာကျတော့ ငါမဖြစ်နိုင်ဘူး ဆိုတဲ့
အတွေးမျိုးတော့ ရှိကြတယ်။ အမှန်က ဒါက သူရော ကိုယ်ရော ဘယ်သူမဆို ဖြစ်နိုင်တာ။ ကိုယ့်
အန္တရာယ်ကိုတော့ လျော့တွက်ကြတယ်။ အဲဒါက အယူဆမှား ဆိုတာထက်ကို တစ်ခါတလေမှာ အန္တရာယ်ဖြစ်စေတဲ့
အချက်လေးတွေပေါ့။ ဒါက ကာကွယ်ရေးပိုင်းနဲ့ ဆိုင်တာပေါ့။ ကုသရေးပိုင်းနဲ့
ဆိုင်တာကျတော့ လူက မသိသေးရင်တော့ OK ပဲ။ နေမကောင်း ဖြစ်ရင်လည်း ဘာမှ သိပ်ပြီး
ဂရုစိုက်မယ် စိတ်မကူးဘူး။

ဒီ HIV ရှိပြီဆိုတာနဲ့ လူက နေမကောင်းဖြစ်ဖြစ်၊ မဖြစ်ဖြစ်
ဒါကို ကုသချင်တာက အရမ်းပဲ ဆေးကို ငါသောက်ရမယ်။ မသောက်ရင်တော့ ငါသေတော့မယ်’
ဆိုတာမျိုး တွေးမိတတ်တယ်။ လူက မသိသေးခင်က တောက်လျှောက် နေခဲ့ပြီး ဖြစ်ပြီဆိုတာနဲ့
ဆေးကို သောက်မယ်ဆိုတာ ချည်းပဲလေ။ ကုသမှုပိုင်းကို သေသေချာချာ နားမလည်ဘဲနဲ့ပေါ့။
ပြောရရင် စိတ်ပိုင်းဆိုင်ရာလည်း ပါလာတာပေါ့။ အဆိုးဆုံးကတော့ ဆေးကို သောက်လိုက်
ရပ်လိုက် လုပ်တာပဲ။ တခြား ရောဂါဆေးတွေလို သဘောထားပြီးတော့ ဒါကို စသောက်တယ်။ ပြီးတော့
လွယ်လွယ်ကူကူ ရပ်ပစ်လိုက်တယ်။ ဒါက အန္တရာယ် တော်တော်ရှိတယ်။ ဆေးပဲ
သောက်ကြည့်တာပေါ့။ မတတ်နိုင်တော့လည်း ရပ်လိုက်တာပေါ့ ဆိုတာမျိုးက တော်တော်မှားတယ်။

ဒီမှာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ပညာပေး ပြောဆိုမှုတွေ
ပွင့်လင်းမှု မရှိတာရော ပါမလားဆရာ။

ဒီကိစ္စကြီးကို
မလိုအပ်ရင် မပြောအပ်ဘူး၊ မပြောသင့်ဘူး ဆိုတဲ့ အယူအဆက လူထုထဲမှာကို ရှိနေတုန်းပဲ။
အရိုးစွဲနေတာပေါ့။ ဒါဟာ ယဉ်ကျေးမှုအရ မပြောသင့် မဆွေးနွေးသင့်တဲ့ အရာဆိုပြီး အဲဒီ
အစွဲဓာတ်ခံကြီးနဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာဖို့ကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့
နည်းနည်း တွန့်နေတော့ ဒီဟာကြီးက ရှိနေတာ။ HIV ပိုး ရှိတယ်ဆိုတာနဲ့ အဲဒီသူကို
လူ့ဘောင်အဖွဲ့ အစည်းကနေ ရှောင်ကျဉ် လိုက်ကြတာ များတယ်။ ဒီရောဂါရရင်ပဲ အဲဒီလူအပေါ်
အထင်သေးပြီး ဆက်ဆံကြတယ်။

အဲဒီအခါ လူထုကိုရော ပညာပေးဖို့က ဘယ်လောက်
တွင်တွင်ကျယ်ကျယ် လုပ်ဖို့ လိုမယ်လို့ ဆရာ ထင်ပါသလဲ။

အဲဒါကတော့
အခုထိ ရှိနေသေးတယ်။ အရင်တုန်းကနဲ့ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၄၊ ၅၊ ၁၀ နှစ်ထက် စာရင်
ဒါကတော်တော်ကို လျော့လာပြီလို့ ပြောရမယ်။ အရင်တုန်းကတော့ တအားကြဉ်တာ၊ အခုက တွေ့ရတာ
များလာတာလည်း ပါမှာပေါ့။ နောက်ပြီး ဘယ်လိုဖြစ်ရင် ကူးမယ်၊ ဘယ်လိုဆိုရင်
မကူးဘူးဆိုတာ နည်းနည်းလေး သိလာတော့လေ။ လျော့လာတယ် ဆိုပေမယ့် ဒါလေးက
ရှိနေတုန်းပါပဲ။ အဲလို ကြဉ်တဲ့သူတွေကို တကူးတက ပညာပေးဖို့ စီမံချက်တွေ လုပ်ထားတဲ့
အဖွဲ့အစည်းတွေတောင်ရှိတယ်။ ကျန်တာတွေ ခဏထား၊ ဒါကိုပဲ ဇောက်ချပြီး လုပ်မယ်။
ဖယ်ကြဉ်တဲ့ ကိစ္စမှာ တစ်ခါတလေ ဆေးရုံ ဆေးခန်းတွေက လုပ်မိတာ မျိုးတောင်ရှိတယ်။ ဆရာဝန်၊
ဆရာမတွေက ဖယ်ကြဉ်မိတာမျိုး တွေတောင် ရှိတယ်။ အဲဒီဟာကို လျော့အောင် လုပ်ကြတယ်။
ဒါပေမဲ့ ဘယ်လောက်လုပ်လုပ် ဒါက ရှိနေဦးမှာပဲ။ အရင်ကထက် စာရင်တော့ တော်လာပြီ။

ဆရာတို့ မာရီစတုပ်စ်မှာ သွေးစစ်မယ် ဆိုရင်ရော ဘာတွေ
လိုအပ်ပြီး သွေး မစစ်ခင်မှာရော ဘယ်လိုနှစ်သိမ့် ပညာပေး ဆွေးနွေးပေးပါလဲ။ ဘယ်လိုအခါမျိုးမှာ
သွေးစစ်သင့်တယ်လို့ ထင်ပါလဲ။

အဓိက
ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းထဲက တစ်ခုပေါ့။ ဒီသွေးစစ်တာကလေ။ ဒါကို Voluntary
& Confidential Counselling & Testing လို့ ခေါ်ပါတယ်။ Voluntary ဆိုတော့
ကိုယ့်သဘောနဲ့ကိုယ် လာစစ်ရမှာ Confidential က သွေးစစ်တာ မစစ်တာတွေ အဖြေက negative
ထွက်တာမထွက်တာ၊ Positive ထွက်တာ မထွက်တာတွေ အားလုံးကို ကာယကံရှင်မှတပါး တခြား
မဆိုင်တဲ့ဘယ်သူ့ကိုမှ မပြောပါဘူး။ သွေးစစ်ရင်လည်း ဒီအတိုင်းကြီး သွေးလာဖောက်စစ် ကဲ
နောက်နေ့ အဖြေလာယူ ဆိုတာမျိုး မဟုတ်ဘဲ ‘ဘာလို့ သွေးစစ်တာလဲ၊ ဘာကြောင့်
စစ်ချင်တာလဲ၊ ထွက်လာတဲ့ အဖြေကိုရော ရင်ဆိုင်နိုင်မလား၊ ဘာတွေ လိုမယ်လို့ ထင်လဲ၊
HIV ကိုရော နားလည်လား’ ဒါလေးကို ဆွေးနွေးတဲ့ အပိုင်းကို အရင် လုပ်ပေးထာပါတယ်။
ဒါကို ကျွမ်းကျင်တဲ့သူက ထိုင်ပြီး ဆွေးနွေးပေးတယ်၊ ပြီးတော့မှ သွေးကို
သေသေချာချာလေး စစ်ပေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကူးစက်နိုင်ပြီလို့ ထင်ရင်ထင်တဲ့
ပုဂ္ဂိုလ်တွေ အကုန် ကိုယ်ကိုယ်တိုင် စစ်ရင် အကောင်းဆုံးပါပဲ။ သွေးစစ်မယ့် သူတွေ
ဘာလိုလဲဆိုရင် ဘာမှကို မလိုဘူး၊ ပိုက်ဆံတောင် မလိုဘူး။ စိတ်ပူ စိတ်ပင်ပန်းလို့ ပတ်ဝန်းကျင်မှာ
လျှောက်ပြောတာမျိုး တွေလည်း ရှောင်ရမယ်။ ပြောပြီးသွားရင် ဒါကပိတ်လို့ မရတော့ဘူးလေ။

နောက်တစ်ခုက လက်မထပ်ခင် ကြိုတင် သွေးစစ်တယ် ဆိုတာကလည်း
ဒီမှာ သိပ်ပြီး မတွင်ကျယ် သေးဘူး။ ဒီလို သွေးစစ်တယ် ဆိုတာကိုလည်း
တစ်ယောက်အပေါ်တစ်ယောက် မယုံကြည်ရဘူးဆိုတဲ့ အတွေးမျိုးလည်း ရှိကြတော့ အဲဒီအပေါ်မှာရော
ဆရာဘယ်လို ပြောချင်ပါလဲ။

လက်မထပ်ခင်
သွေးစစ်ပါ၊ ကလေးမယူခင် သွေးစစ်ပါ။ အဲဒါကတော့ ဟုတ်ပြီ။ အထူးသဖြင့် လူတွေက စိတ်ပူရင်
သူငယ်ချင်း၊ သမီးရည်းစားက အစအကုန် ပြောကြတယ်။ ပြောမှလည်း သဘောကျတယ်။ ပြောတတ်တဲ့
အကျင့်လည်းရှိတယ်။ ကိုယ် သွေးစစ်တာကို ပြောပြီးပြီ၊ ပြောပြီးရင် အဖြေတစ်ခုက
ထွက်လာတော့မယ်။ ထွက်လာတဲ့ အဖြေက ကိုယ် မပြောချင်တဲ့ အဖြေဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့်
အစကတည်းက ကိုယ်မပြောချင်ရင် သွေးစစ် တာကိုလည်း ပြောစရာ မလိုဘူး။ စုံတွဲအလိုက်
သွေးစစ်တာလည်း ရှိတယ်။ ဒါလည်း ကောင်းပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့ အဖြေကို နှစ်ယောက်
ဖြေရှင်းရမယ့် အပိုင်းတွေ ရှိလာတယ်။ ဒါကြောင့် စုံတွဲလိုက် မဟုတ်ဘဲ တစ်ယောက်တည်း
လာစစ်နိုင်တယ်။ ဒါပေမဲ့ ကြိုစစ်ဖို့တော့ လိုမယ်။

ဖိတ်စာလည်း ရိုက်ပြီးပြီ။
ရက်ကလည်း ချိတ်ပြီးပြီ။ ဒါဆိုရင်တော့ မကောင်းတော့ ဘူးပေါ့။ ကိုယ်လည်း
ထိခိုက်စရာမလို။ သူများလည်း ထိခိုက်စရာ မလိုအောင် ကြိုစစ်လို့ ရတယ်။ မသေချာသေးရင်
ကိုယ့်ဟာကိုယ် စိတ်မချရင် လာသာလာခဲ့လိုက်။ ရှေ့လကျမှ၊ ဟိုတယ် စီစဉ်ပြီးမှ၊ ဖိတ်စာဝေပြီးမှ
မလုပ်ဘဲနဲ့ စောစောစီးစီး လုပ်တာ အကောင်းဆုံးပဲ။ သို့သော် သူများတွေကိုတော့ လျှောက်မပြော
နဲ့ပေါ့။

HIV က ကူးစက်ခံရပြီး ဘယ်နှလကြာရင် ဒီရောဂါပိုး
စပေါ်တာလဲ ဆရာ။ တစ်စုံ တစ်ခုကြောင့် ကူးစက်ခံရတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ပြီး
ဘယ်နှလ ကြာရင် သွေးစစ်ရမှာ ပါလဲ ဆရာ။

မြန်မာနိုင်ငံမှာ
လက်ရှိအခြေအနေက လိင်ဆက်ဆံတာကို ‘မှားတယ်’ လို့ထင်တဲ့ ပြောဆို သုံးနှုန်းတဲ့
အခြေအနေကို ရောက်နေတာပေါ့။ ဒါဆို လူတိုင်း မှားနေကြတာလား၊ မှားနေကြလို့သာ လူတွေ
ရှိနေကြတာလား။ ရုပ်ရှင်တို့ ဝတ္ထုတို့တွေထဲမှာ သူတို့ နှစ်ယောက် မှားယွင်းခဲ့ကြပြီးနောက်
ဆိုတာမျိုးတွေ ဆိုတော့လေ။ ဒါကို မှားတဲ့ ဟာကြီးလားလို့ပေါ့။ ဒါက မဖြစ်သင့် သလိုကြီး
ဖြစ်နေတာ ပေါ့လေ။ ထားပါတော့ မှားတာ မှန်တာထက် ဒီရောဂါက သွေးသွင်းရင်ပဲ ဖြစ်ဖြစ်၊
ဆေးမင်ကြောင်၊ တက်တူး ထိုးရင်ပဲ ဖြစ်ဖြစ်၊ လိင်ဆက်ဆံမှုကြောင့်ပဲ ဖြစ်ဖြစ် ဒီရောဂါပိုး
ခန္ဓာကိုယ်ထဲကို ဝင်လာတယ်လို့ အန္တရာယ် အနေအထားနဲ့ ကြုံလာခဲ့ရင် ၃ လလောက်
အကြမ်းဖျင်းနေမှ အဖြေထွက်တယ်။ တစ်ချို့ကလည်း ၆ လလောက် နေမှ သိရတာမျိုးရှိတယ်။
တစ်ချို့လည်း ၁ လလောက်နဲ့ သိရတာမျိုး ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း
မတူပြန်ဘူး။ ပိုးဝင်ပြီး ဘယ်လောက် အကြာမှ Positive အဖြေထွက်မှာလဲ ဆိုတာက
လူတစ်ယောက်နဲ့ တစ်ယောက်တော့ ကွာတယ်။ အကြမ်းဖျင်း လူတော်တော်များများကို
အုပ်မိအောင်တော့ ၃ လလောက် ကြာရင် စစ်သင့်တယ်လို့ ပြောတယ်။ သိပ်ကို စိတ်ချလက်ချ
စောင့်ချင်တဲ့ သူဆိုရင် ၆ လလောက် စောင့်ခိုင်းတယ်။ ဒီလို အန္တရာယ်နဲ့ ဆက်တိုက်
အမြဲတမ်း ကြုံနေရတဲ့ သူဆိုရင်တော့ စောင့်မနေတော့ဘဲ စစ်သာ စစ်လိုက်တာ
အကောင်းဆုံးပဲ။

ဟုတ်ကဲ့ပါ ဆရာ။ အဲလိုလူတွေက ထားပါတော့ သူကအခု သွေးစစ်ပြီးပြီ။
စစ်ပြီးမှ ဒါကို ထပ်ပြီး ကြုံရင်ရော နောက်ထပ် ၃ လ ၆ လ ကြာရင် ထပ်စစ် နေရဦး မှာလား။

ထပ်စစ်ရင်လည်း
ရတယ်။ ဒါပေမဲ့ အဲလို အမြဲတမ်းကြီး စစ်နေမယ့်အစား သွေးလာစစ်ရင် ဒါကို ဘယ်လို
ကာကွယ်ရမှာလဲ ဆိုတဲ့အပိုင်းကို တွေးရတော့မယ်။ အခုထိ စစ်လိုက်တယ် negative ထွက်တယ်။
မကူးသေးဘူး။ ဒါပေမဲ့ သွေးလာစစ်တဲ့အခါ Counselling လုပ်ပေးသူနဲ့ သေသေ ချာချာတော့
လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆိုတာကို သေသေချာချာ မေးပါ။ သူတို့က တစ်ခါတည်း စကားကို
ပြတ်ပြတ်နဲ့ ဆူပြီးတော့ လွှတ်လိုက်မှာ မဟုတ်ဘူး။ အကောင်းဆုံး ဒါပဲမို့လို့
ဒါပဲလုပ်ပါလို့ ပြောမှာ မဟုတ်ဘူး။ လက်ရှိ ကြုံနေရတဲ့ ဘဝ၊ အခြေအနေတွေကို ဆွေးနွေးပြီးတော့
ဘယ်လိုဆို အကောင်းဆုံး ဖြစ်မယ်ဆိုတာ အဖြေထုတ်ကြည့်လို့ ရနေတာပါ။ အရေးအကြီးဆုံးက
ထပ်ကြုံနေမယ့် အန္တရာယ်ကို ကာကွယ်နိုင်ဖို့ပဲ။

ဆရာတို့ဆီမှာ Counselling လုပ်ပေးတဲ့သူ ဘယ်နှစ်ဦးလောက်
ရှိပါလဲ။ ဒါကိုပဲ သီးသန့် ဆွေးနွေးပေးတဲ့ ပညာရှင်ပေါ့။

ဒါကိုပဲဇောက်ချ
လုပ်နေတဲ့သူ အကြမ်းအားဖြင့် အယောက် ၆၀ ကျော်ကျော်လောက် ရှိပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း
အဲဒီသင်တန်း ပေးထားတော့ တခြားသူတွေလည်း ရှိပါသေးတယ်။ ဒါက ကျွန်တော် အဖွဲ့တစ်ခုတည်းပါ။
ကျန်းမာရေး ဝန်ကြီးဌာနမှာတော့ Counselling လုပ်ပေးနိုင်သူ ထောင်ဂဏန်းလောက်
ရှိလိမ့်မယ်။ တခြား အဖွဲ့အစည်းတွေမှာလည်း အများကြီး ရှိပါတယ်။ ကာကွယ်ရေးပိုင်းနဲ့
ပြောကြရင် အဓိက ကွန်ဒုံးသုံးတာပေါ့ ဆရာ။ အဲဒါနဲ့ ပတ်သက်ပြီး တော့ရော ဒီမှာ
တော်တော်တော့ တွင်ကျယ်လာပြီလို့ ထင်ပါတယ် ဆရာ။

ကွန်ဒုံးနဲ့
ပတ်သက်လို့ ကာကွယ်ရေးမှာ သူတို့အမျိုးမျိုးတွေ စဉ်းစားပြီး လုပ်နေကြတယ်။
ကာကွယ်ရေးနဲ့ ပတ်သက်ရင် အမျိုးပေါင်းစုံ နည်းလမ်းစုံ လုပ်ရတာကိုး။ ဒါပေမဲ့
လောလောဆယ် အကျယ်ပြန့်ဆုံးနဲ့ အထိရောက်ဆုံး လုပ်လို့ရတာ ကွန်ဒုံးပဲ ရှိတယ်။ နောက်ပြီး
ကွန်ဒုံးလို့ ပြောလိုက်ရင် အမျိုးသမီးက ကျန်ကျန်နေတယ်။ အမျိုးသမီး ကွန်ဒုံးတွေလည်း
ရှိတယ်။ နောက်ပြီး အမျိုးသမီးတွေကို ထည့်တဲ့ ထည့်ဆေး ဆိုတာမျိုးလည်း ရှိတယ်။
စမ်းတော့ စမ်းနေတာပဲ။ လောလောဆယ်တော့ သေချာ မအောင်မြင်သေးဘူး။ နောက်ဆုံး ဈေးသက်သက်သာသာနဲ့
လွယ်လွယ်ကူကူ သုံးလို့ရတဲ့ အမျိုးသား ကွန်ဒုံးဖက်ကိုပဲ လှည့်ရတုန်းပဲ။
ဒီကွန်ဒုံးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်တွေ အများကြီး ရှိတယ်။
အဲဒီအထဲမှာ ရက်လွန်တာ ပါမယ်၊ ပေါက်နေတာ ပါမယ်။ အဲဒီအထဲကမှ အရေးကြီးဆုံး တစ်ချက်က
ထိပ်ကိုလေခို မနေဖို့ပါ။ အဲဒါကို အခုထက်ထိလည်း လူတွေ သတိ မထားမိကြဘူး။ ကျန်တဲ့
အချက်တွေ ပြောပါဆိုရင် ဒိတ်လွန်တာတို့၊ နေပူနေတာတို့၊ ပြဲနေတာ ပေါက်နေတာ၊ အောက်ကို
ကျပြီးသား သုံးတာတို့ စတာတွေလည်း ရှိတယ်။ သတိထားစရာ အချက် ၃၀ တောင် ကျော်မလားပဲ။
ဒါပေမဲ့ ဒါကို အကုန် ပြောနေရင် ဘယ်သူမှ သုံးတော့မှာ မဟုတ်ဘူးလေ။

HIV ပိုး ရှိတဲ့သူတွေအတွက် အဓိက လိုအပ်ချက်က
ဘာပါလဲဆရာ။ နောက်ပြီး အစားအသောက်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး ဘာတွေ ဆင်ခြင်စားသောက်
နေထိုင် သင့်ပါသလဲ ဆရာ။

လူတစ်ယောက်ဟာ
ကိုယ့်ဟာကိုယ် HIV ရှိနေမှန်း မသိတဲ့လူက ပိုများတယ်။ လူထုထဲမှာ HIV ကူးစက်ခံထားရသူ
အယောက် ၁၀၀ မှာ အယောက် ၇၀၊ ၈၀ လောက်က ကိုယ့်ဟာကိုယ် မသိကြတာ များတယ်။ သိတဲ့သူက ၁၀
ရာခိုင်နှုန်းလောက် ပဲရှိတယ်။ ရှိရင်လည်း ဘာလုပ်ရမှန်း မသိ ဘာကိုင်ရမှန်း မသိတာ
များတယ်။ ဒါကြောင့် လူတွေအနေနဲ့ အန္တရာယ် ရှိလောက်မယ်လို့ နည်းနည်းလေး
ကိုယ့်ဟာကိုယ် သံသယရှိရင် သွေးစစ်တာ အကောင်းဆုံးပဲ။ စစ်ရင်လည်း စောစောက ပြောတဲ့
VCCT နဲ့ စစ်တာ အကောင်းဆုံးပဲ။ အနီးအနားက ဓာတ်ခွဲခန်းတွေ၊ ဈေးကြီး တဲ့
ဆေးခန်းကြီးမှာ နာမည်လိမ်နဲ့ သွားစစ်လိုက်တယ်။ ပြီးလို့ အဖြေထွက်လာရင် ဒါက
ကိုယ့်အတွက် အန္တရာယ် အရမ်းကြီးတယ်။ ဒါကို ဆွေးနွေးပေးမယ့်သူ အရမ်းအရေးကြီးတယ်။ စစ်ပြီးလို့
negative ထွက်လို့လည်း ခုန်ပြီး ပြန်လာတာထက် ဒီဟာကို ဘယ်လို ကာကွယ်သွားရမယ် ဆိုတာက
အရေးကြီးတယ်။ ဘာဆက်လုပ်ရမလဲ။ ဒါကြောင့် အရင်ဆုံး ဆွေးနွေးတိုင်ပင်ပြီး
သွေးစစ်ဖို့က အရေးကြီးတယ်။ Positive ဖြစ်ခဲ့ပြီဆိုရင် စိတ်ကစပြီ။ ကျန်းမာနေတဲ့ သူက
သွေးစစ်ပြီး Positive မှန်း သိတာနဲ့ စိတ်ပိုင်းဆိုင်ရာက စပြီ။ လူမှုရေးကလည်း ပါလာပြီ။
ဒါကြောင့် ခံစားရမယ့် စိတ်ပိုင်းဆိုင်ရာက အရမ်း ကြီးမားတယ်။ ဒါကို
ကိုင်တွယ်ဖြေရှင်းဖို့ အကူအညီလိုတယ်။ တစ်ယောက်တည်း ကြိတ်ခံလို့ မရဘူး။

ဘာလုပ်ရင်
ကောင်းမလဲ။ သူများတွေရော ဘယ်လို တွေ့ကြုံရလဲ။ ဘာတွေဖြစ်လဲ။ သူတို့နဲ့
ဘာတွေလုပ်လို့ ရမလဲ။ ကိုယ့်ကို ကူညီမယ့်သူ ရှိမလား။ အနည်းဆုံး ကိုယ်နဲ့အတူတူ
တစ်ယောက်ကို ပြောဆို ဆွေးနွေးကြည့်တာက အများကြီး စိတ်သက်သာရာ ရတယ်။

အဲဒါက
ဓာတ်ခွဲခန်းမှာလို ဈေးကြီးကြီးပေးပြီး လုပ်လို့ ရတဲ့ဟာတွေ မဟုတ်ဘူး။ ကိုယ့်ရဲ့
ကျန်းမာရေး ခုခံစွမ်းအား ဘယ်အထိ ရောက်နေပြီလဲ။ စပြီး ကျနေပြီလား၊ မကျသေးဘူးလား။
ကျရင်ရော တော်တော် ကျနေပြီလား၊ နည်းနည်းကျတာလား၊ အဲဒီအဆင့်ကို ပြန်မှန်းရတယ်။
အဲဒီတော့မှ ဘယ်လိုမျိုး ကုသမှုမျိုးကို လိုမလဲ။ ရှောင်စရာလေးတွေ ရှိသလို
ဆောင်စရာလေးတွေလည်း ရှိပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ဘာတွေ လိုအပ်သလဲ ဆိုတာထက်
အဓိက နေထိုင်မှုကလည်း အရေးကြီးတယ်။ ကိုယ့်ရဲ့ဘဝ နေထိုင်မှုပုံစံ life style က ဘယ်အနေ
အထားမှာ ရှိနေလဲ။ ဒါကလည်း အရေးကြီးတယ်။

ငါနည်းနည်းလေး ပြောင်းဖို့ လိုနေမလား၊
ဒါမှမဟုတ် အတော်ပဲလား။ ဘယ်လို life style မျိုးကို ကျင့်သုံးဖို့ လိုမလဲ။
အားကစားသမား ဥပမာ ဘောလုံးသမား၊ ဘတ်စကပ် ဘောသမား၊ ဂျူဒိုသမား ဆိုရင်ရော ဒါတွေကို
ဆက်ကစားလို့ ရသေးလား၊ ဘာတွေလုပ်သင့်လဲ။ အစားအသောက်ကတော့ ပုံမှန် အာဟာရနဲ့
ပြည့်စုံပြီး ကျန်းမာရေး ညီညွတ်မယ့်ဟာကို စားရင် ရပါပြီ။ ထူးပြီး ဒါနဲ့ မတည့်တာ
မရှိဘူး။ တစ်ခုပဲ ဒါနဲ့ ပတ်သက်ပြီး ပြောရမှာက ဝမ်းလျှော ဝမ်းပျက် မဖြစ်အောင်
ရှောင်ဖို့ လိုတယ်။ အဲဒါက ဘာပေါ်မှာ သွားမူတည်လဲ ဆိုတော့ သေချာကျက်အောင်
မချက်ထားတဲ့ အစားအစာနဲ့ မသန့်ရှင်းတဲ့ အစားအစာ တွေပေါ့။ သန့်သန့်ရှင်းရှင်းဖြစ်မယ့်
အစားအစာကိုပဲ စားဖို့လိုမယ်။ ရေဆိုရင်လည်း တွေ့ကရာ ရေကိုသောက်ဖို့ မသင့်ဘူး။ ဒီလို
အပြင်က ရောဂါဝင်လိုက်ရင် ခုခံအားက ပိုပြီး မြန်မြန်ကျတယ်။ အဲဒီသံသရာက လည်တတ်တယ်။ ဝမ်းလျှော
ဝမ်းပျက် တစ်ခေါက် ဖြစ်တိုင်း ခုခံအားက တထစ်ပြုတ်ကျတယ်။ မြန်မြန် ခုခံအားကျရင် စောစော
ဒုက္ခရောက်ရတာကိုး။ ဒါကြောင့်
အစားအသောက်နဲ့ ပတ်သက်ရင် အဲဒီတစ်ခုကို ကျွန်တော် မြင်တယ်။ နောက်တစ်ခု ဆေးဝါးနဲ့ ပ‍တ်

သ‍က်လို့က ခုခံအားကျရ‍င် ထွေထွေထူးထူး လိုအ‍ပ်တာ သိ‍ပ်မရှိပါဘူး။ တော်တော်ကြီး ခုခံအား‍ကျရ‍င်
သော‍က်ရတဲ့ ဆေးတွေ ရှိတ‍ယ်။ ဘ‍ယ်အဆ‍င့်မှာ ဘာလု‍ပ်ရတ‍ယ်ဆိုတာက တ‍တ်ကျွ‍မ်းတဲ့ ကုသတဲ့
ပညာရှင်တွေနဲ့ တို‍င်ပ‍င်ရမှာပေါ့။

တ‍စ်‍ချို့ HIV ပိုး
ရှိသူတွေဆိုရ‍င် ဆရာဝ‍န်ရဲ့ ပြန်‍ကြား‍ချ‍က်မရှိဘဲ ကို‍ယ့်ဟာကို‍ယ် ဆေးဝါးတွေ ဝ‍ယ်သော‍က်တာ‍မျိုး
ရှိပါတ‍ယ်။ အထူးသဖြင့် ပိုက်ဆံတ‍တ်နို‍င်တဲ့ သူတွေပေါ့။ အဲလိုသူတွေဆိုရ‍င် ဘ‍ယ်လို
ဖြ‍စ်လာနို‍င်ပါသလဲ ဆရာ။

အရ‍င်တု‍န်းက
အကု‍န်လုံး ကျွန်တော်တို့ အပါအဝ‍င် ဒီဟာ ‘ကုရာနတ္ထိ ဆေးမရှိ’ ဆိုပြီး အော်ခဲ့ကြတာ။ အခုတော့
ဒီပိုးကို ထိ‍န်းနို‍င်တဲ့ ဆေးတွေ အများကြီး ပေါ်နေပြီ။ ‍ဈေးကွ‍က် တွ‍င်းမှာလ‍ည်း ရနေပြီ။
ဒါကြော‍င့် အဖွဲ့အစ‍ည်းက ပေးမှမဟု‍တ်ဘဲ ကို‍ယ့်ဟာကို‍ယ် လွယ်လွ‍ယ်ကူကူ ဝ‍ယ်လို့ ရနေပြီ။
အဲဒါနဲ့ ပ‍တ်သ‍က်တဲ့ သတိထားစရာ နှစ်ခုရှိတ‍ယ်။ တစ်ခုက ART ကုထုံးနဲ့ ကုတဲ့အခါ ဒါကို
တ‍တ်ကျွမ်းတဲ့ သူနဲ့ကုဖို့ လိုတ‍ယ်။ ဒါကို သီးသ‍န့် မသ‍င်ထားရ‍င် ဆရာဝ‍န်တို‍င်း ဒါကိုမကုတ‍တ်ဘူး။
မှားတ‍တ်တ‍ယ်။ ဒါကို ပြ‍န်ပြီး လ‍က်ရှိ မြ‍န်မာနို‍င်ငံ အခြေအနေအရ သီးသန့်ပြ‍န်ပြီး
လေ့‍ကျင့်ပေးထားတဲ့ သူတွေဆိုရ‍င် ကုပေးနို‍င်တ‍ယ်။ ဘာတွေ မှားတ‍တ်သလဲ ဒါတွေကို သတိ
ထားပြီးတော့လေ။ အကော‍င်းဆုံးကတော့ ကျ‍န်းမာရေး ဌာနနဲ့ အဖွဲ့အစ‍ည်းတွေမှာ ပြတာပဲ။ ပြဿနာက
လွယ်လွယ်ကူကူ နီးစ‍ပ်ရာနဲ့ ပြတာပါ ဆေးသော‍က်ရ‍င်လ‍ည်း ပထမတ‍စ်ပ‍တ် နှစ်ပ‍တ်ကို ဘ‍ယ်လို
သော‍က်မှာလဲ။

အဲဒါကို မသိဘဲနဲ့ သော‍က်လို‍က်ရ‍င် သော‍က်န‍ည်း မမှန်တော့ဘူး။ မမှန်တော့ရ‍င်
နော‍က်ပို‍င်း‍ကျရ‍င် ဒီပိုးကို မနို‍င်တော့ဘူး။ ဒါဆို ဒီဆေးသ‍ည် နော‍က်ပို‍င်း သော‍က်လို့
မရတော့ဘူး။ ဒါဆို အလွန်အန္တရာ‍ယ် ရှိတ‍ယ်။ နော‍က်တ‍စ်ခါ သော‍က်လို‍က်။

မေ့ပြီး ရ‍ပ်ထားလို‍က်
ဒါမှမဟု‍တ်လဲ ခရီးထွက်လို့ မသော‍က် လို‍က်တာတွေကလ‍ည်း အရ‍မ်းအန္တရာယ် ကြီးပါတ‍ယ်။ အဲလို
လု‍ပ်လို‍က်ရ‍င် နော‍က်တ‍စ်‍ချိ‍န်မှာ ဒီဆေးကို ပြ‍န်သော‍က်ပေမ‍ယ့် မတိုးတော့တာ ရှိတ‍ယ်။
ဆေးမသော‍က်တာနဲ့ အတူတူပဲ။ ဒါဟာ အသ‍က်အန္တရာ‍ယ်နဲ့ ဆို‍င်တဲ့ ပြဿနာပေါ့။ နော‍က်တ‍စ်ခုက
ကို‍ယ့်ရဲ့ အခွင့်အရေးတ‍စ်ခု လ‍က်လွ‍တ်တဲ့ အန္တရာ‍ယ်။ ဆေးတွေကို တ‍တ်နို‍င်လို့ ဝ‍ယ်သော‍က်တာ
ရှိတ‍ယ်။ သူ‍များကို မသိစေ‍ချ‍င်ဘဲ ကို‍ယ့်ဘာသာ ဝ‍ယ်သော‍က်တဲ့အခါ လ‍က်ရှိကျ‍န်းမာရေး
ဌာနကရော၊ တခြားသော အဖွဲ့ကရော လောလောဆ‍ယ် အခမဲ့ ကုသမှု ပေးနေတဲ့ အခါမှာ အရ‍င်ဒီဆေးကို
မသော‍က်ဖူးတဲ့သူ ဖြ‍စ်ရမ‍ယ် ဆိုတာ‍မျိုးရှိတ‍ယ်။ ကို‍ယ့်ဟာကို‍ယ် ဝ‍ယ်သော‍က် ခဲ့ဖူးတာကြော‍င့်
ဟိုဖ‍က်က အခမဲ့ ပေးမယ့်နေရာက မပေးတော့တာ ရှိနေတ‍ယ်။

တက‍ယ့် အခွင့်အရေးတ‍စ်ခု လ‍က်လွ‍တ်
သွားတာပေါ့။ ဆေးတွေကတော့ အခုနော‍က်ပို‍င်း ဈေးသ‍က်သာတာတွေ ရှိရှိလာပါပြီ။ ဒီဆေးတွေက
ပိုးရှိတာနဲ့ ‍ချ‍က်‍ချ‍င်း သော‍က်လို့လ‍ည်း မန‍က်ဖြ‍န်၊ သဘ‍က်ခါ သ‍က်သာလာမှာ မဟု‍တ်ဘူး။
ချ‍က်‍ချ‍င်း သော‍က်လို့လ‍ည်း ချ‍က်‍ချ‍င်း အ‍ကျိုးထူးလာမှာ မဟု‍တ်ဘူး။ ကို‍ယ့်ဟာကို‍ယ်
ဆ‍ယ်စုနှစ်နဲ့ ချီပြီး သော‍က်သွားရမှာ ဖြ‍စ်တဲ့အတွ‍က် အေးအေးဆေးဆေး စ‍ဉ်းစားစေ‍ချ‍င်တ‍ယ်။

HIV ကို မဖြ‍စ်ခ‍င်
ကြိုတ‍င်ကာကွယ် ဆိုသလို ဒါကို ကာကွ‍ယ်ဖို့ အတွက်က အဓိက လိ‍င်ကိစ္စနဲ့ပဲ သ‍က်ဆို‍င်ပါလား
ဆရာ။

အရေးကြီးဆုံးကတော့
လိ‍င်ကိစ္စလ‍ည်း ပါတာပေါ့။ တခြား ကိစ္စတွေလ‍ည်း အ‍များကြီး ရှိတာပဲ။ မလိုအ‍ပ်ဘဲ သွေးသွ‍င်းစရာ
မလိုအော‍င် သတိထားဖို့က အစပေါ့။ သတိထား စရာတွေကတော့ အ‍များကြီးပါပဲ။ ကလေးတွေမှာရော
မကူးအော‍င် ဘ‍ယ်လို ကာကွယ်မလဲ စသဖြ‍င့် ဒါ‍မျိုးတွေရော ရှိတာပဲလေ။

ဒီဇ‍င်ဘာလအတွင်းမှာရော
ဆရာတို့ မာရီစတု‍ပ်‍စ် အနေနဲ့ HIV နဲ့ ပ‍တ်သ‍က်ပြီး ဘာတွေ လှုပ်ရှားမှု ရှိပါလဲ။

‍နှစ်တို‍င်းတော့
လု‍ပ်နေ‍ကျပါပဲ။ အဖွဲ့အစ‍ည်းတွေ ဌာနဆို‍င်ရာတွေနဲ့ စုပေါ‍င်းပြီး အဲဒီနေ့ကျရ‍င် လှုပ်ရှားမှုတွေ
လု‍ပ်ကြမှာပေါ့။ လူထု ဟောပြောပွဲတွေလ‍ည်း ပါတ‍ယ်။ စာစီစာကုံးပြို‍င်ပွဲ၊ ပ‍န်း‍ချီပြို‍င်ပွဲ၊
က‍ဗျာလတ် ပြို‍င်ပွဲတွေ၊ စ‍င်ပေါ်မှာ ဖျော်ဖြေမှုလေးတွေ လု‍ပ်ထာပါမ‍ယ်။ ဒီဟာနဲ့ ပ‍တ်သ‍က်ပြီး
အသိပညာပေးတဲ့ စာရွက်စာတ‍မ်း၊ ဦးထု‍ပ်၊ အင်္ကျီစသဖြ‍င့် ရို‍က်နှိ‍ပ် ဖြ‍န့်ဝေတာလ‍ည်း
ပါတ‍ယ်။ မီဒီယာကနေ တ‍စ်ဆ‍င့် လူထုဆီကို သတ‍င်းစကား ပါးတာတွေ ရှိမ‍ယ်။ လှုပ်ရှားမှုတွေကတော့
အ‍များကြီးပါပဲ။

ဟု‍တ်ကဲ့ပါ။ အခုလို
HIV နဲ့ ပ‍တ်သ‍က်ပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့တဲ့ အတွက် ဆရာ့ကို‍ ကျးဇူးတ‍င်
ပါတ‍ယ်။

ယုမွန်ကျော်



Tuesday, 1 December 2009



သရဖူ - HIV ပတ်သက်ပြီး ဒေါက်တာစစ်နိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top