31
Aug

HIV ပိုးကူးခံရပြီး AIDS ဝေဒနာရှင်အဆင့်ရောက်ရန် လိုအပ်တဲ့ အချိန်ကာလ



လူတစ်ယောက်မှာHIV
ပိုးကူးစက်ခံရပြီဆိုလျှင် သိသာနိုင်တဲ့ အချက်တချို့ ဖြစ်ပေါ်ပါတယ်။ ဥပမာ- ၀မ်းသွားတာမျိုးပါ။
နောက်ပြီး ကိုယ်အပူချိန်တက်တာ၊ ခေါင်းကိုက်တာ၊ကြွက်သားတွေ နာကျင် ကိုက်ခဲတာ၊ လင့်ကျိတ်တွေ
ရောင်ယမ်းတာတွေ ဖြစ်လာ နိုင်ပါတယ်။ တချို့လည်း ဘာရောဂါ လက္ခဏာမှ မပြတတ် ပါဘူး။ အဲဒီရောဂါလက္ခဏာတွေကလည်း
အခြားဗိုင်းရပ်စ် တွေကြောင့် ဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတာကြောင့် သေချာကြီး ပြောဖို့ကြ
တော့ ခက်ပြန်ရော...။ ပြီးတော့ window period ဆိုတာလည်း ရှိသေး တယ်။ HIV ပိုးကူးစက်ခံရပြီးပြီ။
ဒါပေမယ့်အဖြေက Negative ပြနေ တုန်း။ ဒါကိုပြောတာပါ။ HIV ပိုးရှိကြောင်းပြဖို့ဆိုတာက
အချိန် ၃ ပတ်ကနေ ၃ လလောက်အထိ ကြာတတ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်
သွေးအဖြေက Positive ပြနေရင်တောင် ရောဂါလက္ခဏာတွေ ခံစားရနိုင်စရာ မရှိသေးပါဘူး။ အဲဒီကာလမှာတော့
ကိုယ်ရဲ့ အနေအထိုင်၊ အပြုအမူ၊ စိတ်အခြေအနေ၊မျိုးရိုးဗီဇ၊ အစားသောက်တွေနဲ့ ဆက်စပ်ပြီး
နှစ်ပေါင်းများစွာ လူကောင်းပကတိ အတိုင်း နေနိုင်ပါသေးတယ်။ ဒါကတော့ တစ်ဦးနဲ့ တစ်ဦး
မတူကြသလို၊ အဲဒီလူရဲ့ ကံအကြောင်းတရားနဲ့လည်း ဆိုင်တယ်လို့ ဆိုရပါမယ်။ ရောဂါပိုးဝင်ပြီး
၈ နှစ်ကနေ ၁၀ နှစ် လောက်ကြာမှ AIDS အဆင့်ရောက် နိုင်ပါလိမ့်မယ်။ ဒီလိုခြေအနေမျိုး ကိုတော့
သာမန် အခြေအနေတွေမှာ တွေ့မြင်နိုင်ပြီးလျင်မြန်စွာ တိုးတက်နှုန်း ကိုတော့ ရောဂါကူးစက်ခံ
ရသူတွေရဲ့ ၁၀ရာခိုင်နှုန်းမှာ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။

www.gomclub.socialgo.com

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top