30
Mar

HIV ပိုးကူးစက် ခံရသူများထဲတွင် အမျိုးသမီးငယ် အရေအတွက်များလာ

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင်
HIV ရောဂါဖြစ်ပွားသူဦးရေ နှစ်သိန်း လေးသောင်းကျော်ရှိသည့် အနက် ရောဂါဖြစ်ပွားသူများ၏
၆ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ HIV နှင့် AIDS ရောဂါ ကူးစက်ခံရသူ အမျိုးသမီးများအနက်
ရောဂါဖြစ်ပွားသူအများစုမှာ ဆယ်ကျော်သက် အရွယ်လူငယ်များဖြစ် ကြပြီး လိင်ကုန်ကူးခံရသူများ၊
ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများနှင့် မူးယစ် ဆေးသုံးစွဲသူအမျိုးသမီးများထံတွင်
အဆိုပါရောဂါကို အများဆုံး တွေ့ရှိရသည်ဟု ထပ်မံသိရသည်။

 

ကမ္ဘာ့ကုလသမဂ္ဂကလေးသူ ငယ်များရန်ပုံငွေအဖွဲ့ (UNICE) ၏ ယခုနှစ်ဖေဖော်ဝါရီအတွင်း
ထုတ် ပြန်ချက်များအရ ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း HIV နှင့် AIDSရောဂါ ဖြစ်ပွားသူဦးရေ
၃၃ သန်းကျော် ရှိသည့်အနက် ရောဂါ ဖြစ်ပွားသူများ၏ သုံးပုံတစ်ပုံခန့်မှာ အသက် ၁၅ နှစ်မှ
၂၄ နှစ်အရွယ်ကြားရှိ ဆယ်ကျော်သက် အရွယ်လူငယ်များ ဖြစ်ကြကြောင်း၊ နှစ်စဉ်၌ အသက် ၁ဝ နှစ်မှ
၁၉ နှစ်ကြားရှိ လူငယ်အမျိုးသမီးကလေးများသည် သက်တူရွယ်တူ ယောက်ျားလေးများနှင့် ရောဂါပိုးရှိသူ
အမျိုးသား ကြီးများထံမှ ကူးစက်ခံရ မှုနှုန်းမှာ ပိုမိုမြင့်မားလျက်ရှိကြောင်း၊ ထို့အပြင်
နေ့စဉ်ကမ္ဘာနှင့် အဝှမ်း လူဦးရေ ၇၄ဝဝ ခန့်မှာ အဆိုပါရောဂါပိုးအား ကူးစက်ခံရပြီး ရောဂါကူးစက်
ခံရသူများအနက် ၄ဝ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ်ဆယ်ကျော်သက်များ
ဖြစ်နေ ကြသည့်အတွက် ရောဂါကူးစက်ပြန့် ပွားမှုအား မထိန်းချုပ်နိုင်ပါက အနာ ဂတ်တွင် အန္တရာယ်ကြီးမားလာနိုင်
ကြောင်း သိရသည်။

 

UNICEFမှ တာဝန်ရှိသူ တစ်ဦးက ”ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေဟာ
HIV နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပညာနဲ့ ဗဟု သုတတွေ နည်းပါးနေသေးတဲ့ အတွက် အခုလို
ရောဂါကူးစက် ခံရမှုနှုန်း မြင့်မားလာ ရတာပဲ။ ရောဂါကူးစက်ခံရသူတွေကို ရောဂါနဲ့ပတ်သက်ပြီး သိရှိခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူတဲ့အခါမှာ အမျိုးသား ၃ဝ ရာခိုင်နှုန်းနဲ့ အမျိုးသမီး
၁၉ ရာခိုင်နှုန်း လောက်ကပဲ HIVနဲ့ပတ်သက်လို့ ဗဟုသုတအနည်းငယ် ရှိတာကို တွေ့ ရတယ်”ဟု ပြောသည်။

 

ပေါ်ပြူလာ
- HIV ပိုးကူးစက်
ခံရသူများထဲတွင် အမျိုးသမီးငယ် အရေအတွက် များလာ

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top