မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသော ကိစ္စနှစ်ရပ် အား တပြိုင်တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ်သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေ အရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်း မများခဲ့ပေ။
ယခုအခါ ၀ါရှင်တန် တက္ကသိုလ်မှ ယင်းပြဿနာ နှစ်ရပ်လုံးအား တစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခုကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ်မှ လေ့လာ သူများအား ဘေလ်နှင့်မီလင်ဒါဂိတ် အဖွဲ့အစည်းမှ ဒေါ်လာ ၁ သန်း ဆုချီးမြင့် ခဲ့လေသည်။
ယင်းပစ္စည်းမှာ ဗို့အားမြင့် ချည်ငင်စက်မှ ထုတ်လုပ်ထားသော အဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစား ဖိုက်ဘာမျှင်များဖြင့် ထုတ်လုပ်ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာကိုယ် အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေတားဆေးများ၊ HIV တားဆေးများ ထုတ်ပေးနိုင်သည်။
ယင်း ဖိုက်ဘာမျှင်များဖြင့် ရက်လုပ်ထားသော အဝတ်မှာ ဈေးပေါပြီး သီးခြားဆန်ကာ၊ ကိုယ်ဝန်လိုချင်သော အချိန်တွင် အချိန်မရွေး ပြန်ရနိုင်ပေသည်။ ဗို့အားမြင့် ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည်ကို အရှိန်အဟုန်မြှင့် ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။
ယင်းဖိုက်ဘာမျှင်များသည် ဆေးများကို သိုလှောင်ထားနိုင်ရုံသာမက ဆေးများကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာတွင်လည်း အခြားသော ဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင်လျှင် လုပ်ဆောင်ရန် ခက်ခဲသော ခန္ဓာကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ်ကြသည်။ ပရိုတင်းများ၊ အန်တီဘော်ဒီများနှင့်လည်း တစ်သားတည်း ပူးပေါင်း လုပ်ဆောင်နိုင်လေသည်။
လေ့လာသူများက ပထမအနေဖြင့် HIV ကာကွယ်ဆေး antiretroviral ဆေးများအား FDA မှ ခွင့်ပြုထားသောပိုလီမာဖြင့် ရောနှော၍ ဆေးထိုးအပ်မှ တစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည် အထိ ဖျော်လိုက်သည်။ ထို့နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက်ကို အသုံးပြု၍ ဖိုက်ဘာမျှင်များ ရအောင် ပြုလုပ် လေသည်။
ယင်း ဖိုက်ဘာမျှင်များ ဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ်မှတစ်ဆင့် တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အား ထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်း တပ်ဆင် အသုံးပြု နိုင်သည်။ ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့သို့ ပျော်ဝင်သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။
ဖိုက်ဘာမျှင် တစ်မျိုးမှာ ထည့်ပြီး မိနစ်ပိုင်း အတွင်း ပျော်ဝင်သွား၍ မလိုလားအပ်သော သန္ဓေနှင့်လိင်မှ တစ်ဆင့် ကူးစက်နိုင်သော ရောဂါများအား တားဆီးနိုင်၍ နောက်ဖိုက်ဘာတစ်မျိုးမှာ တဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာ တဖြည်းဖြည်းဆေးကို ထုတ်လွှတ်ပေးပြီး HIV နှင့် ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။
MNT - HIV ပိုးနှင့် မလိုချင်သော ကိုယ်ဝန်အား တားဆီးနိုင်သော ဖိုက်ဘာမျှင်




