20
Mar

HIV ပိုးရှိသူကို ပင်မဆဲလ် လဲလှယ်ခြင်းဖြင့် ကုသနိုင်ခဲ့

ဂျာမနီနိုင်ငံမှ ဆရာဝန်များသည် HIV ပိုးရှိသူ လူနာတစ်ဦးအား
ပင်မဆဲလ်လဲလှယ်ခြင်းဖြင့် အောင်မြင် စွာ ကုသနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တီမိုသီရေးဘရောင်းဆိုသူသည်
HIV ပိုးရှိသည့်အပြင် သွေးကင်ဆာ (Leukae mia) ရောဂါ ရှိသောကြောင့် ကင်ဆာဆေးများ သွင်းနေရသည်။

 

သူ့အား ပင်မဆဲလ်အစားထိုး ကုသခဲ့ရာ သူ့အားပေးသွင်းသည့် ပင်မဆဲလ်
လှူဒါန်းသူသည် ထူးခြားသော ဗီဇတစ် မျိုး ပါဝင်ပြီး အဆိုပါ ဗီဇသည် HIV ပိုးကို ရောဂါပြီးကြောင်း
တွေ့ရှိရသည်ဟု ဆိုသည်။ အမှန်တကယ်၌ အဆိုပါ ပင်မဆဲလ် ပိုင်ရှင်တွင် အလွန်ရှားပါးသည့်
ဗီဇချို့ယွင်းချက်တစ်မျိုး ပါရှိပြီး ယင်းချို့ယွင်းချက်က ပင်လျှင် HIV ပိုးကို ရောဂါပြီးခြင်း
ဖြစ်သည်။ အဆိုပါ ဗီဇချို့ယွင်းမှုသည် တစ် ရာခိုင်နှုန်းမျှသော လူဖြူများ၌သာ ပါရှိတတ်ပြီး
လွန်စွာရှားပါးသည်ဟု ဆိုသည်။ အဆိုပါ ဗီဇ ချို့ယွင်းမှု မျိုးသည် လူမည်းများ၌ လုံးဝပါဝင်ခြင်း
မရှိဟု ဆိုသည်။

 

Ref: Good Health

 

မြန်မာသတင်းရပ်ဝန်း
- HIV
ပိုးရှိသူကို ပင်မဆဲလ် လဲလှယ်ခြင်းဖြင့် ကုသနိုင်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top