10
Jul

HIV ပိုးရှိတဲ့သူတစ်ယောက်ကို မိမိအနေနဲ့ ဘယ်လိုကူညီနိုင်ပါသလဲ?



အရင်တစ်ပတ်က HIV နဲ့ AIDS ကွဲပြားပုံတွေကို
ပြောဆို ဆွေးနွေးခဲ့ပါတယ်

ယခု
ဆွေးနွေးချက်ကို

HIV
ပိုး ရှိနေသူတွေကို ဘယ်လို ကူညီပေးမလဲ? ဆိုတဲ့ မေးခွန်းလေးနဲ့ စချင် ပါတယ်။ တကယ်တော့
လူအတော်များများက

HIV
လို့ ပြောလိုက်ရင် တွန့်ကြောက် သွားတတ်ကြပါတယ်၊ ဒါဟာလည်း ကြောက်တတ်တဲ့
လူသားသဘာဝပါ။ သေသေချာချာ ရေရေရာရာ သိတယ် ဆိုရင်တော့
HIV ပိုး ရှိတဲ့သူတွေဟာ ကြောက်စရာ လူသားတွေ
မဟုတ်ကြပါဘူး။ လောကမှာ အကြင်နာငတ် စာနာခံရမှုမဲ့နေပြီး ဖေးမကူညီမှုတွေ
အမှန်တကယ်လိုနေတဲ့ လူသားမျိုးနွယ် တစ်ခုသာဖြစ်ပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့မှာ
လူတစ်ယောက်ဟာ
HIV ပိုး ရှိတယ်ကြားလိုက်တာနဲ့
ဘေးလူတွေက ရွံသလိုလို ကြောက်သလိုလိုနဲ့ အဖက် မလုပ်တတ်ကြပါဘူး။ အလုပ်ရှင်တွေ
ဆိုလည်း အလုပ်ဖြုတ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ အပေါင်း အသင်းတွေကလည်း ခွဲခြားတတ်ကြ
ပါသေးတယ်။
HIV ပိုးရှိတယ်လို့
ဆိုလိုက်တာနဲ့ လိင်ကိစ္စပွေတဲ့လူလို့ သမုတ် ကြပြန် ပါသေးတယ်။ ဒါတွေဟာ
HIV ပိုးရှိတဲ့သူကို
မြန်မြန်သေအောင် သတ်နေသလိုပါပဲ။ တကယ်တမ်းတော့ ပိုးရှိတာနဲ့ ချက်ချင်း
AIDS ဘဝကို မရောက်သေးပါဘူး။
အရင်က ဆွေးနွေးခဲ့တဲ့ အတိုင်း အနည်းဆုံး ၁ နှစ်ကနေ ၁၀ နှစ်အထိ
(ပျမ်းမျှအားဖြင့်) အသက်ရှင်နေနိုင်ပါသေးတယ်။

ပိုဆိုးတဲ့
အစွဲတစ်ခုက
ကုရာနတ္ထိဆေးမရှိဆိုတဲ့
တစ်ဖက်သက်အမြင်ပါ။ မှန်ပါတယ်

HIV/AIDS
ကို ပျောက်အောင် ကုလို့မရပါဘူး။ ဒါပေမယ့် အသက်ရှည်အောင်
ပြုပြင်လုပ်ယူလို့ ရတဲ့ ဆေးဝါးတွေလည်း ရှိနေပါသေးတယ်။ တခြား ရောဂါတွေနဲ့
ယှဉ်ကြည့်ကြရအောင်

ဥပမာ သွေးတိုး၊
ဆီးချို စတဲ့ ရောဂါတွေကို ပျောက် အောင် ကုလို့ရတဲ့ဆေးကမ္ဘာမှာ မရှိသေးပါဘူး။
ဒါပေမယ့် သွေးတိုး ကျအောင် ဆီးချိုကျအောင်လုပ်လို့ရတဲ့ ဆေးတွေ အမြောက်အမြား
ရှိနေပါတယ်။ ဒီလိုပါပဲ

HIV
ပိုး တွေ မပွားအောင် ထိန်းတဲ့ ပိုးထိန်းဆေး တွေ ရှိနေပါပြီ။ ဒါကြောင့် HIV/AIDS ဆိုတာကို
သာမန်ရောဂါ တစ်ခုလိုပဲ မြင်ကြရင် ပိုမကောင်းဘူးလား။ လိင် ကိစ္စနဲ့ တွဲမြင်နေမယ့်
အစား သာမန်ရောဂါတစ်ခုအဖြစ် သတ်မှတ်ကြရင် ဒီ ရောဂါဝေဒနာရှင်တွေကို အကြင်နာ မေတ္တာပြရာရောက်ပါတယ်။
ဒီတော့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကူညီမှုဆိုတာကတော့
HIV ပိုး ရှိနေသူ
တွေကို ခွဲခြားနှိပ်ချမှု မရှိပဲ ကြင်နာစွာ ဖေးကူပေးကြဖို့ပဲ ဖြစ်ပါတယ်။ ဘဝပေးတဲ့
ကံအကြောင်း တရားကြောင့် ဒီလို ဝေဒနာသည်ဘဝကို ရောက်ကြရတယ်လို့သာ စာနာစိတ်နဲ့
ဖြည့်တွေးပေးကြမယ် ဆိုရင် သူတို့တွေ အတွက် ကူညီရာ ရောက်ပါတယ်။

စာရှုသူရဲ့
အသိမိတ်ဆွေထဲမှာ တစ်စုံတစ်ယောက်က
HIV ပိုးရှိတယ်လို့ သိလိုက်ပြီး စိတ်ဓာတ်
ကျနေပြီဆိုပါစို့ စာရှုသူအနေနဲ့ သူ့ကိုဘာတွေ ဘယ်လို ကူညီနိုင်မယ်လို့ ထင်ပါသလဲ
?

မြန်မာစကားပုံမှာနှုတ်၏ဆောင်မခြင်း
လက်၏ဆောင်မခြင်း

ဆိုတာရှိပါတယ်။
ဒီလိုပါပဲ စိတ်ဓာတ် ကျနေသူကို နှုတ်အားဖြင့် ကူညီလို့ ရတာလေးတွေ ရှိပါတယ်။ အောက်မှာ
ဆွေးနွေးထားတဲ့ အချက် လေးတွေကို စာရှုသူရဲ့ မိတ်ဆွေကို ပြောပေးခြင်းအားဖြင့်
ကူညီနိုင်ပါတယ်။

HIV
ပိုးရှိသူတွေဟာ
ကိုယ်ခံအား အနည်းအများကို လိုက်ပြီး အသက် ၁ နှစ်မှ ၁၀ နှစ်အထိ ရောဂါလက္ခဏာမပြဘဲ
လူကောင်းပကတိအလား နေနိုင်ပါတယ်၊ ဒီအချက်ကို အရင်က ဆွေးနွေးခဲ့ဖူးပါတယ်။
HIV ပိုးစတင်
ကူးစက်တဲ့ အချိန်ကနေ

AIDS
ရောဂါအဆင့်သို့ ရောက်ရှိပုံကို အောက်ပါ ပုံကို ကြည့်ခြင်းဖြင့် ပိုပြီး
သဘောပေါက် လွယ်နိုင်ပါတယ်။ မြှားတွေကတော့ ဘယ်လို နည်းတွေနဲ့
AIDS ဘဝကို နောက်ကျမှ
ရောက်အောင် လုပ်လို့ရတယ်
(ဘယ်လို
အသက်ကိုဆွဲဆန့်မယ်
)
ဆိုတာကို
ပြထားတာပါ။

 

 

image




ဒီပုံကိုကြည့်ရင်
ဘာတွေ အဆင့်ဆင့်ဖြစ်တယ်ဆိုတာကို မြင်နိုင်ပါတယ်။
HIV ပိုးကူးစက်လိုက်ပြီဆိုရင် ပိုးက
ကျွန်တော်တို့ ကိုယ်ထဲက သွေးဖြူဥတွေထဲမှာ မျိုးပွားပါတယ်၊ အဲဒီမျိုးပွားတာကို
ဆေးသောက် ပြီး တားလို့ရပါတယ်၊ ဒီဆေးတွေက မြန်မာပြည်မှာ ဝယ်လို့ရပါတယ်။
Anti-Retro Therapy or Drugs အေ အာတီ (ART) ဆေးလို့ အများက
ခေါ်ကြပါတယ်၊ အကျယ်ကိုတော့ နောက်အပတ် တွေမှာ ဆွေးနွေးပေးပါမယ်။ ဒါကတော့
ဆေးသောက်ပြီး
HIV ပိုးတွေ
မျိုးထပ်မပွားအောင် တားတဲ့ တစ်နည်းပါ၊ ဒါပေမယ့် ဒီဆေးမှာ အားနည်း ချက်တွေ
ရှိနေပါသေးတယ်၊

နောက်တစ်ချက်ကတော့
ခုခံအားမကျအောင် ဘယ်လို မိမိကိုယ်မိမိဂရုစိုက်မလဲ ဆိုတဲ့ အချက်ပါ။
Self-care လို့
မှတ်လို့ရပါတယ်။ ဒီအချက်ဟာ တကယ်အရေးကြီးတဲ့ အချက်တွေပါဝင်ပါတယ်။ ဆောင်ရန်
ရှောင်ရန် အချက် တွေကတော့-

·        
အာဟာရမျှတအောင်စားပါ။
အထူးသဖြင့် အပြင်စာတွေရှောင်ပါ။

·        
အိပ်ရေးဝအောင်အိပ်ပါ။
အိပ်ရေးပျက် မခံပါနဲ့။

·        
တစ်ကိုယ်ရေသန့်ရှင်းရေး
ဂရုစိုက်ပါ။ လက်သည်းညှပ်၊ ဘရိတ်ဓား စတာတွေကို တစ်ယောက် တည်း သီးသန့်သုံးပါ။

·        
ကိုယ်လက်လှုပ်ရှား
အားကစားလုပ်ပါ။
(ပြင်းထန်တဲ့
လေ့ကျင့်ခန်းမျိုးတွေကို ရှောင်ပါ။
)

·        
စိတ်တည်ငြိမ်အောင်
တရားဘာဝနာရှုပါ။

·        
သီးသန့်မနေပဲ
လူမှုရေးရာလုပ်ငန်းတွေမှာ ပုံမှန်အတိုင်းပါဝင်ပါ။

·        
စိတ်အပန်းဖြေစေဖို့ရာ
တေးဂီတ သို့မဟုတ် အနုပညာဖြေဖျော်မှုတွေကို ခံစားပါ။

·        
လိုအပ်သလို
တက်ကျွမ်းသူ
 
(counselor)
တွေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ။

·        
အရက်၊
ဆေးလိပ်နှင့် မူးယစ်ဆေးတွေကို ရှောင်ပါ
(သို့)
လျော့ပါ။ (ဖြတ်နိုင်ရင်
အကောင်းဆုံး ပါ။
)

·        
လိင်အပျော်ပါးကို
လျော့ပါ။
(အကာကွယ်သုံးပါ။)

·        
ဆေးမြီးတိုများနဲ့
မကုပါနဲ့၊ တက်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ပုံမှန်ပြသပါ။

ဒီအချက်တွေကို
သုံးသပ်မယ်ဆိုရင်တော့

HIV
ပိုးရှိတဲ့သူမှ မဟုတ်ပါဘူး တခြားသာမန်လူတွေလဲ မိမိကိုယ်မိမိ ဂရုစိုက်ဖို့
လိုအပ်ပါတယ်။ ဒီအချက်တွေဟာ ငွေကုန်ကြေးကျ မများစေပဲ လူတိုင်းလုပ်ဆောင်နိုင်တဲ့ အချက်တွေ
ဖြစ်ပါတယ်။

နောက်ဆုံးအချက်တော့
အခွင့်ကောင်းစောင့်ဝင်လာတဲ့ ရောဂါတွေကို စနစ်တကျကုခြင်း
(Treatment of Opportunistic
Infection)
ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းက တစ်ချို့သော ဆေးဆရာတွေက HIV ကို ပျောက်အောင်
ကုတယ် ဘယ်လို ဘယ်ညာစသဖြင့် ကြော်ငြာနေကြတာကို ကြားဖူးကြမယ် ထင်ပါတယ်၊ တကယ်တော့
ကမ္ဘာမှာ ပျောက်အောင်ကုနိုင်ဖို့ နိုင်ငံတကာက ကြိုးပမ်းနေကြပါတယ်။ တကယ်ပျောက်အောင်
ကုသပေးနိုင်တယ် ဆိုရင် နိုဘယ်ဆုက အဆင်သင့်ကြိုနေပါတယ်။ ဆိုလိုချင် တာက
စနစ်တကျဆိုတဲ့ စကားလုံးကို ဂရုပြုစေချင်ပါတယ်။ ဒီနေရာမှာ သာမန်ဆရာဝန်တွေတောင်
အခွင့်ကောင်းစောင့်ဝင်လာတဲ့ ရောဂါတွေကို တစ်ခါတစ်လေမှာ ကောင်းကောင်း မကိုင်တွယ်တတ်
ကြပါဘူး၊ တခြားသူတွေဆို ပြောဖွယ်ရာ မရှိတော့ပါ၊
  ဒါကြောင့် အပ်နဲ့ထွင်းရမယ့် နေရာမှာ
ပုဆိန်နဲ့ အပေါက်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒါဆို
အခွင့်ကောင်းစောင့် ဝင်ရောက်လာတတ်တဲ့
(မြန်မာပြည်မှာ အဖြစ်များတဲ့) အခွင့်ကောင်းစောင့်ဝင်လာတဲ့
ရောဂါတွေက ဘာတွေလဲ
?

·        
တီဘီရောဂါ

·        
ဝမ်းပျက်ဝမ်းလျှော

·        
အစာလမ်းမကြောင်း
တစ်လျှောက် မက်ခရု ပေါက်ခြင်း

·        
ကြွက်နို့

·        
ဆင်ရေယုန်

·        
ဝက်သက်

·        
အဆုတ်ယောင်ရောဂါ

·        
အရေပြားအနာများ

·        
ဦးနှောက်မှိုစွဲ
အမှေးရောင်ခြင်း

…..
စတာတွေပဲ ဖြစ်ပါတယ်။

ဒီရောဂါတွေဟာ
သာမန်လူတွေမှာ တွေ့ရတာထက်

HIV
ပိုး ရှိသူတွေမှာ ဖြစ်ပုံ တွေ့ရပုံတွေက အနည်းငယ် ကွာခြားပါတယ်။ ပေးရတဲ့
ဆေးတွေဟာလည်း ကွာပါတယ်။ ဒါကြောင့် တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စနစ်တကျ
ပြသပြီးကုဖို့ အရေးကြီးပါတယ်။ အခွင့်ကောင်းစောင့်ဝင်လာတဲ့ ရောဂါတွေကို နိုင်အောင်မကုနိုင်ရင်တော့
အိပ်ယာထဲလဲဖို့သေချာနေပါပြီ။

(မှတ်ချက်။ ။
အခွင့်ကောင်းစောင့် ရောဂါရှိသူကို သတ်မှတ်ရန် ထိုသူမှာ
HIV ပိုး သွေးအဖြေ positive ရှိနေပြီး၊
အထက်ဖော်ပြပါ ရောဂါများနှင့် ပူးတွဲမှသာ
AIDS လို့ နာမည်တပ်လို့ ရမှာပါ။ သာမန်လူ
တစ်ဦး တီဘီရောဂါဖြစ်ရုံနဲ့ ထိုသူကို
HIV/AIDS ရောဂါသည်လို့ သွေးအဖြေမသိဘဲ
မစွပ်စွဲသင့်ပါဘူး
)

အထက်က
ဆွေးနွေးခဲ့တာတွေကို ပြန်လည် အတိုချုပ်ရရင်
HIV ပိုးရှိတဲ့သူတစ်ယောက် AIDS ရောဂါသည်ဘဝ
မရောက်အောင်

-

) အေအာတီ (ART) ဆေးသောက်ခြင်း

) မိမိကိုယ်မိမိ
ဂရုပြုခြင်း
(Self
care)

) အခွင့်ကောင်းစောင့်ဝင်လာတဲ့ရောဂါတွေကို
စနစ်တကျ ကုသမှုခံယူခြင်း

(Treatment of Opportunistic Infection)
ဆိုတဲ့ အချက်တွေကို လိုက်နာရပါမယ်။

ဒါကြောင့်
မိမိရဲ့ အသိမိတ်ဆွေတွေထဲမှာ ဒီလို
HIV ပိုးရှိသူတွေကို လိုက်နာစရာ သတင်းအချက်
လက်တွေကို မျှဝေခြင်းအားဖြင့် သူတို့တွေရဲ့ အသက်တစ်ရက်၊ တစ်မနက် ပိုရှည်လာအောင်
ကူညီ ပေးစေချင်ပါတယ်။ သူတို့တွေ ခံစားနေရတဲ့ နာကျင်မှု ခွဲခြားခံရမှုတွေလျော့ကျစေဖို့
အတွက် သင်လည်း စာနာစိတ်နဲ့

HIV
ပိုး ရှိသူတွေကို လက်တွဲကူပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

မှတ်ချက်။    အထက်ဖော်ပြပါ
ပုံသည်
MBCA (Myanmar Business Coalition on
AIDS)
အဖွဲ့၏ မူပိုင် ဖြစ်ပါသည်။

လမင်းကို

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top