15
Aug

HIV ပိုးရှိမရှိ ဆယ့် ငါးမိနစ် အတွင်း ဆေးစစ် နိုင်မည့် mChip ကိုတီထွင်

ယခင်က HIV ပိုးရှိ မရှိစစ် ဆေးရာ တွင် ကြားကာလ ဟုဆိုသော Window Period ခြောက်လ ခန့်မျှ ကို အနေအထိုင် ဆင်ခြင် စောင့်ဆိုင်း ကာ CD 4 Counts ကို သွေးစစ် စမ်းသပ် ရသည့် နည်းလမ်း အစား (၁၅)မိနစ် အတွင်း ရာနှုန်းပြည့်သေ ချာသော HIV ဆေးစစ်ချက်ကို သိရှိ နိုင်မည့် mChip ဟုခေါ် သော ကိရိယာ တစ်မျိုးကို နယူးယော့ခ်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက အောင်မြင်စွာ စမ်းသပ် တီထွင် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ mChip ကိရိယာမှာ   ဘဏ်ငွေ ချေးကတ် Credit Card အ ရွယ်အစားခန့်သာရှိပြီး HIV/AIDS  ရောဂါပိုးများအပြင် ကာလသား ဆစ်ဖ လစ်ရောဂါကိုပါ စမ်းသပ်တွေ့ရှိနိုင် မည်ဖြစ်သည်။ ယခင်ကသွေးစစ်ရာ တွင် ဆေးထိုးအပ် တစ်ချောင်းစာ သွေးပမာဏကို နုတ်ယူစမ်းသပ်ရပြီး ယခုနည်းမှာ သွေးတစ်စက် ခန့်ကိုသာ အသုံးပြုရ မည်ဖြစ် သည်။

၎င်းသွေး စက်ကို HIV/AIDS ကိရိယာပေါ်ရှိ ဓာတ် ပြုစမ်းသပ် နေရာလွတ် Detection Zone (၁၀)ခုပေါ်တွင် ဖြတ်သန်းစစ် ဆေးအဖြေ ထုတ်ရမည်ဖြစ်ပြီး ရောဂါ ပိုးရှိမရှိကို အမျိုးသမီး များ၏ ကိုယ်ဝန် တိုင်းတာကိရိယာကဲ့သို့ ထင်ရှားသည့် အရောင်ပြောင်း စနစ်ဖြင့် ဖော်ပြမည်ဖြစ် သည်။ ထိုကိရိယာကို ဈေးသက်သာ  စွာဖြင့်သုံးစွဲနိုင်ရန် တစ်ဒေါ်လာ ဖြင့် သာ ရောင်းချသွား မည်ဟု သိရ သည်။

ရိုးရာလေး - HIV ပိုးရှိမရှိ ဆယ့် ငါးမိနစ် အတွင်း ဆေးစစ် နိုင်မည့် mChip ကိုတီထွင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top