HIV ပိုးရှိသူများအတွက် မြန်မာအစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှုများမှာ အရည်အသွေး နိမ့်ပါးနေသေးကြောင်း UNAIDS ၏ ပံ့ပိုးကူညီမှုဖြင့် မြန် မာနိုင်ငံ ဆေးသုတေသနဦးစီးဌာန (အောက်မြန် မာပြည်)နှင့် Myanmar Positive Group (MPG) တို့ ပူးပေါင်းပြုလုပ်သော သုတေသန စာ တမ်းတွင် ဖော်ပြထားသည်။
သုတေသန အချက်အလက်များအရ HIV ပိုးရှိသူများအတွက် အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှုများထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများမှာ ပိုမိုစိတ်ကျေနပ်မှု ရရှိ စေသည်ဟု အဆိုပါ သုတေသန စာတမ်း ပြုလုပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာခင် စုစုလှိုင်က ပြောသည်။ အချို့သောပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် နေရာများရှိ ဝန်ထမ်းများ၏ ခွဲခြားဆက်ဆံလိုသော သဘောထားများနှင့် အရည်အသွေးနိမ့် သော ဝန်ဆောင်မှုများကြောင့် HIV ပိုးရှိသူများအတွက် ဝန်ဆောင်မှုကို လာ ရောက်ခံယူရန် စိတ်မပါမှုများကို ဖြစ် ပေါ်စေသည်ဟု ယင်းသုတေ သန စာတမ်းတွင် ဖော်ပြထားသည်။
”အစတည်းက လူသိမခံချင်လို့ ပုန်းလျှိုးကွယ်လျှိုးနဲ့ လာပါတယ်ဆိုမှ ဒီမှာကအုပ်စုလိုက် နှစ်သိမ့်ဆွေးနွေးခြင်းဆိုတော့ အဆင်မပြေတာတွေရှိ တယ် လို့ သူတို့ကပြောပါတယ်”ဟု ဒေါက်တာ ခင် စုစုလှိုင်က ပြောသည်။ ပြည်သူ့ ကျန်းမာရေးဌာနများ အနေဖြင့် နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းစဉ် အ ရည်အသွေးအရ ကိုယ်ရေးကိုယ်တာ ကာကွယ်ပေးနိုင်သည့်နေရာ၊ အခန်း၊ လျှို့ဝှက် ထိန်းသိမ်းပေးခြင်း၊ လုံလောက်သော ဝန်ထမ်းဦးရေနှင့် ဆေး ခန်းတွင် စောင့်ဆိုင်းရသည့် အချိန်များ တိုးတက်ကောင်းမွန်ရန် လိုအပ်နေသေးကြောင်း ယင်းစာတမ်းတွင် ထောက်ပြ ထားသည်။
ပြည်သူ့ကျန်းမာရေး ဌာနများ၏ ဝန်ဆောင်မှုအားနည်းရခြင်းမှာ ဝန်ထမ်းအင်အား မလုံလောက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း များကိုလည်း ဝန်ဆောင်မှုပိုင်းတွင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမျိုး သားခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ညွှ န်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာ တင်မောင်ဇော်က ဆိုသည်။
”ဒါက တစ်နိုင်ငံလုံး အားလုံးကိုတော့ ကိုယ်စားမပြုနိုင်ဘူး” ဟု ၎င်းသုတေသနရလဒ်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။ အဆိုပါသုတေသနကို မြန် မာပြည်ရှိ အေအာတီဆေးပေးမှု လုပ်ငန်းတွင် HIV ပိုးရှိသောအုပ်စုများ ပါဝင်နိုင်မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေါက်တာ ခင်စုစုလှိုင်၊ ဒေါက်တာ ယဉ်သက်နုဦး၊ ဦးမျိုးသန့်အောင်နှင့် ဦးမင်းဆန်းထွန်းတို့က UNAIDS အဖွဲ့ ၏ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။ ယင်းသုတေသနတွင် ပါဝင်သူများမှာ HIV ပိုးရှိသူများ၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဘက်မှ ကျန်း မာရေး ဝန်ေ ဆာင်မှု ပေးသူများနှင့် ဒေသခံအုပ်ချုပ်သူတို့ ဖြစ်သည်။ လူဦးရေတစ်ရာကျော်ကို မေးမြန်း ထားသည့် အဆိုပါသုတေသနကို ရန် ကုန်၊ ပုသိမ်၊ တော င်ကြီး၊ လားရှိုး၊ မော် လမြိုင်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး ဒေသများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြတ်စုငြိမ်း (ရန်ကုန်၊ ဒီဇင်ဘာ ၂၆)
Popular - HIV ပိုးရှိသူများအတွက် အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးနိမ့်နေဟု သုတေသန စစ်တမ်းဖော်ပြ




