10
Nov

HIV ပိုးရှိသူများအား ပြည်ဝင်ခွင့်ပိတ်ပင်ထားမှု အိုဘားမား ရုတ်သိမ်း



အမေရိကန်ပြည်ထောင်စုအစိုးရ
အဆက်ဆက်အနေနှင့် နိုင်ငံတွင်း၌ AIDS ရောဂါ ကူးစက် ပျံ့နှံ့မည်စိုး၍ HIV
ရောဂါပိုးရှိသူများကို ပြည်ဝင်ခွင့် ပိတ်ပင်ထားမှုကို လက်ရှိအမေရိကန်သမ္မတ ဘားရတ်အိုဘားများက
ပြန်လည်ရုတ်သိမ်းစေလိုက်ပြီ ဖြစ်သည်။

 

          မိမိအနေနှင့်  ၂၂ နှစ်သက်တမ်းရှိ အဆိုပါ ပိတ်ပင်မှုကို
ရုတ်သိမ်းလိုက်ခြင်းမှာ ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းစဉ်၌
အမေရိကန်ပြည်ထောင်စုက ဦးဆောင်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ ယုံကြည်မှုကို
တိုးမြှင့်ရရှိစေလို၍ ဖြစ်ကြောင်း၊ လာမည့်ရက်ပေါင်း ၆၀ အတွင်း
အမေရိကန်ပြည်ထောင်စုသည် HIV ရောဂါပိုးရှိသူများအား ပြည်ဝင်ခွင့် မပေးသည့် ၁၀နိုင်ငံကျော်တွင်
ပါဝင်တော့မည်မဟုတ်ကြောင်း၊ ယခု ရုတ်သိမ်းမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း
ရောက်ရှိနေထိုင်ကြသော နိုင်ငံခြားသားများ အနေဖြင့်နိုင်ငံသားဖြစ်ခွင့်
လျှောက်ထားရာတွင် AIDS ရောဂါမရှိကြောင်း တင်ပြရန် လိုအပ်တော့မည် မဟုတ်ကြောင်း သမ္မတ
အိုဘားမားက ပြောကြားသည်။

 

          အမေရိကန်ပြည်ထောင်စုအနေနှင့်
HIV ရောဂါပိုးရှိသူများအား ပြည်ဝင်ခွင့်မပြုခြင်းကို ၁၉၈၇ ခုနှစ်မှ စတင်၍ အက်ဥပဒေ
ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အဆိုပါ
ရုတ်သိမ်းမှုအပေါ် ကြိုဆိုလိုက်ပြီး သမ္မတ အိုဘားမား ဦးဆောင်သော အစိုးရအဖွဲ့အနေနှင့်
နိုင်ငံတကာ AIDS တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ
ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။

          အဆိုပါ
ရုပ်သိမ်းလိုက်မှု လုပ်ခြင်းအပြင် မိန်းမလျာ၊ ယောက်ျားလျာများကိုလည်း
သွေးလှူဒါန်းခွင့် ပြုလိုက်သည့်အတွက် အမေရိကန်သမတ အိုဘားမား၏ လူလူချင်း တန်းတူ
ဆက်ဆံရေးနှင့် စောင့်ရှောက်ရေးမူဝါဒမှာ ပိုမိုအသက်ဝင်လာကြောင်း အမေရိကန် မီဒီယာများက
သုံးသပ်ရေးသားကြသည်။

 

(The Voice Weekly Eleven Journal,
Vol-6/N0-1)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top