HIV ဖြင့်နေထိုင်သူ တီဘီဝေဒနာရှင်များ၏ အိမ်ထောင်ဖက်များကို
တီဘီပိုး ရှိ/ မရှိ စစ်ဆေးရာတွင် သုံးဦးအနက် နှစ်ဦးတွင် HIV ပိုးတွေ့ရှိရပြီး
HIV ဖြင့်နေထိုင်သူ မိခင်၏ ကလေးသုံးဦးတွင် တစ်ဦး HIVပိုး တွေ့ရှိရကြောင်း စာတမ်း
တစ်စောင်တွင် ဖေါ်ပြထားချက်အရ သိရပါသည်။
အဆိုပါ စာတမ်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေး
ဝန်ကြီးဌာန International Union Against Tuberculosis and Lung Disease မြန်မာ သံရုံးတို့
ပူးပေါင်း ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၅ ခုနှစ်မှ မေလ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလအထိ
အရွယ်ရောက် တီဘီ ဝေဒနာရှင်များအား HIV ပိုးရှိမရှိ စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
တီဘီ ဝေဒနာရှင် ၇၀၂၈ ဦးက အဆိုပါ ကာလအတွင်း
အိတ်ခ်ျအိုင်ဗွီ ပိုးရှိ/ မရှိ စစ်ဆေးခဲ့ရာ ၂၃၃၀ဦး (၃၃.၂%) တွင် HIV ပိုးရှိနေသည်ကို
တွေ့ရှိရပြီး အဆိုပါ HIV ပိုးရှိ TB ဝေဒနာရှင်များ၏ အိမ်ထောင်ဖက် ၃၃၄ဦးနှင့် ကလေး
၁၃၉ ဦးတို့ကိုလည်း HIV ပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်ဖက်နှင့် ကလေးတို့အနက် ၆၈ဦး
(၃၅%) ရာခိုင်နှုန်းနှင့် အိမ်ထောင်ဖက် ၂၂၉ဦး (၆၈%) တို့တွင် HIV ပိုးတွေ့ရှိခဲ့ကြောင်း
သိရသည်။
ထို့ကြောင့် HIV ပိုးရှိ တီဘီ ဝေဒနာရှင်များ၏
အိမ်ထောင်ဖက် သုံးဦးအနက် နှစ်ဦးတွင် HIV ပိုးတွေ့ရှိခဲ့ပြီး HIV ဖြင့်နေထိုင်သူ မိခင်၏ကလေး
သုံးဦးတွင် တစ်ဦး၌ HIV ပိုးတွေ့ရှိခဲ့ရသည်။
HIV ပိုးရှိသည့် သူများတွင် ခုခံစွမ်းအား
ကျလာသည့်အတွက် တီဘီ ကူးစက်ရန် သာမန်သူများထက် အခွင့်အလမ်း ပိုများကြောင်းနှင့် တီဘီရောဂါ
ကူးစက်ခံရပါက ယင်းတို့တွင်ဖြစ်သည့် တီဘီရောဂါသည် သာမန်ထက် ပို၍ ပြင်းထန်ကြောင်းလည်း
သိရသည်။
Weeklyeleven ( 2/10/2009)




