ရန်ကုန်တိုင်း(မ်) 9/Jul/2008
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
မြန်မာနိုင်ငံ HIV ပိုးရှိသူများအားလုံး၏ ၁၅ရာခိုင်နှုန်းသည် မိမိကိုယ်မိမိ ပိုးရှိမှန်းသိပြီး ကျန် ၈၅ ရာခိုင်နှုန်းသည် မိမိကိုယ်မိမိ ရောဂါပိုးရှိမှန်း မသိကြောင်း Marie Stpoes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်ကပြောသည်။ သို့ဖြစ်၍ HIV ရောဂါပိုး ကူးစက်ခံရသူများ၏ မိမိကိုယ်မိမိ ပိုးရှိမှန်းမသိသဖြင့် ယင်းရောဂါပိုးပြန့်ပွားရန် လွယ်ကူနေသည်ဖြစ်ရာ လူတိုင်းသွေးစစ်ဆေးမှုကို ပြုလုပ်သင့်ကြောင်း၊ ယင်းကဇွန်၂၈ရက်တွင် ကရဝိတ် နန်းတော်၌ပြုလုပ်သော မြန်မာနိုင်ငံ နှင့်စာနယ်ဇင်းအဖွဲ့ ညီလာခံတွင် HIV အတွက် သွေးစစ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ၌ထည့်သွင်းပြောကြားသည်။ မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါပိုးရှိသူ ၁သိန်းတွင် ၁၅ရာခိုင်နှုန်းသည် မိမိ၌ပိုးရှိမှန်းသိပြီး ကျန်၈၅ရာခိုင်နှုန်းသည် မိမိကိုယ် မိမိရောဂါပိုးရှိမှန်း မသိကြသဖြင့်လူဦးရေ ၁၀၀ တွင်ပျမ်းမျှ ၁၅ရာခိုင်နှုန်းသည် ရောဂါပိုး ထပ်မံကူးစက်ခံရနိုင်သည်။ သို့ဖြစ်၍လူ ၁သိန်းလျှင်တစ်နှစ် လျှင်အနည်းဆုံး လူတစ်သောင်း ရောဂါပိုး ကူးစက်ခံရပြီး ယင်းလူတစ်သောင်းမှ ၆၆၆၆ ဦးသည် မိမိကိုယ်မိမိ ပိုးရှိမှန်းမသိ သူတွေထံမှကူးစက်ပြီး ၃၃၃၄ဦး သည်ရောဂါပိုးရှိမှန်း သိသူတွေထံမှ ကူးစက်ခံနေရသဖြင့် HIV ရောဂါပိုးရှိသူမှန်း သိရှိနေပါက ရောဂါမပြန့်ပွားအောင် ကာကွယ်နေပြီးသားဖြစ်နေသဖြင့် ပြည်သူများအဖို့ ရောဂါပိုးရှိ၊ မရှိသိရှိနိုင်ရန်လိုအပ်နေသည်။
“HIV ကာကွယ်ရေးအတွက် အမျိုးမျိုးသော လုပ်ငန်းစဉ်တွေမှာ သွေးစစ်ခြင်းက အဓိကတစ်ခုဖြစ်သည်။ သွေးစစ်တာနည်းပညာသစ် တစ်ခုမဟုတ်ပါဘူး။ HIV ပိုးကူးစက်ခံရတဲ့သူတွေက မိမိကိုယ်မိမိသိဖို့လိုတယ်။ သွေးမစစ်တာက စစ်ရကောင်းမှန်းမသိကြတာ။ ကိုယ်နဲ့ဆိုင်တယ်လို့မထင်ကြတာ။ သွေးစစ်တာ အန္တရာယ်ကြီးတယ် ထင်ကြတာ။ သွေးစစ်တဲ့နေရာမှာလည်း အဖြေကအလွန်အရေးကြီးတယ်”ဟုပြောသည်။ ယင်းသို့ သွေးစစ်ရာတွင် VCCT စနစ်နဲ့ စနစ်တကျသွေးစစ်ရန် လိုအပ်ပြီး ကာယကံရှင်၏ သဘောတူညီမှုလိုအပ်သည်။ထို့အပြင်အဖြေကို လျှို့ဝှက်ထိန်းသိမ်းပေးထားရသည်။ တိကျသော နည်းစနစ်ဖြင့် စစ်ဆေးရမည်။ ပိုးကူးစက်ခိ၏ံထားရသူများကို ကုသပံ့ပိုးကူညီရမည့်အပြင် သုံးမျိုးအထိ စစ်ဆေးသင့်ကာ သွေးစစ်ခြင်း စနစ်မကျမှု ကြောင့် ကာယကံရှင်ကို ထိခိုက်နိုင်ကြောင်း အထူးကုဆရာဝန်ကြီး တစ်ဦးကပြောသည်ဟု ၂၀၀၈ခုနှစဇူလိုင်လ ၉ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။




