20
Mar

HIV ပိုးရှိသူ ကလေးယူမယ်ဆိုရင်


 

HIV ပိုးရှိတယ်လို့ သိလိုက်တာနဲ့ မှန်ကန်တိကျပြီး အကျိုးရှိစေမယ့်
နည်းလမ်းတွေကို ရရှိနိုင်ဖို့ HIV/AIDS အကြောင်းကို တကယ်အကြံပြုနိုင်၊ ကုသပေးနိုင်တဲ့
ဆရာဝန်တွေနဲ့ပဲ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်တွေ ယူသင့်ပါတယ်။ ကိုယ့်ဟာကိုယ် တစ်ဦးတည်း
တိတ်တိတ်လေး HIV/AIDS နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဝယ်ဖတ်နေလို့ မရပါဘူး။

 

သွေးမစစ်ခင်ကတည်းကလည်း နှစ်သိမ့်ဆွေးနွေးပညာပေးသူ
(Counseller) တွေနဲ့ တိုင်ပင်ပြီးမှ သွေးစစ်ဆေးမှု တွေ ပြုလုပ်သင့်ပါတယ်။ ဒါမှ ရောဂါပိုးရှိတာနဲ့
ဘာဆက်လုပ်ရမယ်၊ ဘာဆက်လုပ် သင့် တယ်ဆိုတာကို သူတို့က လမ်းညွှန်ပေးနိုင်မှာပါ။ အကောင်းဆုံးကတော့
HIV ပိုးရှိတဲ့သူအချင်း ချင်း စကားပြောဆိုကြည့်တာမျိုးက ဖြစ်နိုင်ရင် တော်တော်တန်ဖိုးရှိပါတယ်။
သူတို့က ကိုယ်တိုင်ဘဝ အတွေ့အကြုံတွေနဲ့ရင်းပြီး ပြောပြတတ်ကြတာကြောင့် ကိုယ့် အတွက် တော်တော်ကို
အကျိုးရှိနိုင်ပါ တယ်။

 

HIV ပိုးရှိတဲ့သူ ကလေးယူမယ်ဆိုရင် ဆရာဝန်အတော်များများကတော့
ကလေးလုံးဝ မယူဖို့ ပြောကြတာများပါလိမ့်မယ်။ ကိုယ်က တကယ်ပဲ ကလေးယူချင်တယ်ဆိုရင် မိမိရင်သွေးလေးဆီကို
HIV ပိုး ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ HIV ပိုးရှိလို့
ARV ဆေးဝါး သောက်နေရတဲ့ မိခင်တွေလည်း ကလေးယူလို့ ရနိုင်ပါတယ်။ ဒီအတွက် HIV/AIDS အကြောင်းကို
သေချာသိရှိပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရပါမယ်။

 

မိခင်ဟာ အစောကတည်းက ARV ဆေးဝါးတွေသောက်သုံး၊ မှီဝဲနေရသူဆိုရင်
ကလေး ကိုယ်ဝန်ရ လာချိန်မှာ မိခင်သောက်တဲ့ ဆေးတွေထဲက ကလေးနဲ့မတည့်တဲ့ ဆေးဝါးပါနေရင်
အဲဒီဆေးဝါးကို ဖယ် သင့်ရင်ဖယ်၊ ပြောင်းသင့်ရင်ပြောင်းပြီး သောက်ဖို့လိုတယ်။ ဒါတွေကိုသိရဖို့က
ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာရော၊ ကိုယ်ဝန်ဆောင်ပြီးလို့ ကလေးမီးဖွားပြီးချိန်ကာလမှာပါ
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပြီး သောက်ရမှာဖြစ်တယ်။

 

ကလေးကို နို့တိုက်တာကအစ ဆောင်ရန်၊ ရှောင်ရန်တွေလည်း ရှိနေပါသေးတယ်။
လေ့လာမှုတွေအရ ဆိုရင် ကိုယ်ဝန်ဆောင်သည်ရဲ့ ကိုယ်ဝန်ဆောင်ချိန် ၁၄ ပတ် လောက်ကနေ ဆေးစသောက်ခဲ့ပြီး
တခြားလိုက်နာသင့်တဲ့ ဆရာဝန်က ညွှန်ကြားခဲ့တဲ့ လိုက်နာစရာတွေကိုပါ ဆောင်နိုင်၊ ရှောင်နိုင်၊
လိုက်နာနိုင်ခဲ့မယ်ဆိုရင် ကလေးငယ် ရင်သွေးလေးဆီ ရောဂါကူးစက်နိုင်ခြေဟာ တစ်ရာခိုင်နှုန်းပဲရှိ
တာကြောင့် ရောဂါကူးစက်နိုင်မှုတော်တော်ကို နည်းတယ်လို့တောင်ပြောလို့ရပါတယ်ဆိုတဲ့ အကြောင်း
တွေကို Marie Stopes International (MSI) မှ Country director ဒေါက်တာစစ်နိုင်က ရှင်းပြပေးခဲ့
ပါတယ်။

 

Ref: Good Health

 

မြန်မာသတင်းရပ်ဝန်း
- HIV
ပိုးရှိသူ ကလေးယူမယ်ဆိုရင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top