HIV
ပိုး ရှိသူမိခင်၏ နို့ရည်မှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သဖြင့်
WHO မှ HIV ပိုးရှိသူ မိခင်များ နို့တိုက်ကျွေးခြင်းကို တားမြစ်လိုက်ကြောင်း သိရသည်။
အဆိုပါ
တားမြစ်ချက်ကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပသည့် အေ့(စ်) နိုင်ငံတကာ ညီလာခံ၌
ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သို့သော်
HIV ရောဂါပိုးရှိသူ အမျိုးသမီးများ အနေဖြင့် ARV ဆေး မှန်မှန်သုံးစွဲပါက ကိုယ်ဝန်ဆောင်စဉ်
သန္ဓေသားကို ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်သည့်အပြင် နို့ရည် တိုက်ကျွေးမှုပါ ပြုလုပ်နိုင်သည်ဟု
ဆိုသည်။
အမျိုးသမီးများ
အနေဖြင့် HIV ရောဂါပိုး ကူးစက်ခံရပါက ကုသမှု ခံယူရန်နှင့် မိမိရင်သွေးအား ရောဂါပိုး
ရှိ၊ မရှိ အချိန်စောနိုင်သမျှ စော၍ စစ်ဆေးမှု ခံယူသင့်ကြောင်း တိုက်တွန်းထားသည်။
HIV ရောဂါပိုးရှိသူ မိခင်မှ မွေးသည့် ကလေးများအား မွေးကင်းစမှ
သီတင်း ၆ ပတ်အတွင်း စစ်ဆေးမှု ခံယူရန်လိုအပ်ပြီး ရောဂါပိုးရှိသူ ကလေးအား စောစီးစွာ စစ်ဆေးကုသမှု
မခံယူပါက ၂ နှစ်အတွင်း သေဆုံးနိုင်ကြောင်း၊ HIV ပိုးရှိသူ ကလေးများ၏ ၅ဝ ရာခိုင်နှုန်းမှာ
စစ်ဆေးကုသမှုနောက်ကျ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
HIV
ရောဂါသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အဖြစ်နည်းပြီး အာဖရိကနှင့် အာရှအပါအဝင် ဖွံ့ဖြိုးဆဲ
နိုင်ငံများ၌ အဖြစ်များကြောင်း စစ်တမ်းများအရ သိရသည်။
မိုးမြင့်မြတ်
Ref
- Internet (BBC)
29th
July, 2010
Popular News
- HIV ပိုးရှိသူ မိခင်များ နို့တိုက်ကျွေးခြင်း WHO တားမြစ်




