11
Mar

HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်

• အမေရိကန်ပြည်ထောင်စု ဆီယာတယ်လ်မှာကျင်းပခဲ့တဲ့ Retroviruses and Opportunistic Infections ကွန်ဖရင့်မှာ ယူကေနိုင်ငံက ပညာရှင်တွေကနေ အဲလိုပြောလိုက်တာပါ။
• HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံသူတွေအတွက် ကာကွယ်ဆေးသဘောဖြစ်ပါတယ်။
• အဲလိုဆေးပေးနည်းကို Pre-exposure prophylaxis (PrEP) လို့ခေါ်တယ်။
• ၂ဝ၁၂ ကတည်းက လူပေါင်း ၅၄၅ ယောက်ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ၂၇၆ ယောက်ကို အဲလိုဆေး ချက်ချင်း ပေးခဲ့ပြီး၊ ၂၆၉ ယောက်ကိုတော့ ၁၂ လနေမှသာ ဆေးပေးပါတယ်။ ၂၂ ယောက်မှာ ပထမနှစ်အတွင်း HIV ကူးစက်ခံရတယ်။ ၃ ယောက်က ပထမအုပ်စုကဖြစ်ပြီး၊ ကျန် ၁၉ ယောက်က ဒုတိယအုပ်စုကဖြစ်ပါတယ်။ ၁့၃% နဲ့ ၈့၉% ကူးစက်ကြတယ်။
• ဒါကြောင့် HIV ပိုးရှိနေသူနဲ့ အတူနေသူတွေဟာ Truvada ဆေးကို ချက်ချင်းသောက်ရင် HIV ကူးစက်လာမှာကို ကာကွယ်ဖို့ သုံးနိုင်ကြပါတယ်။

1. HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/12/hiv-truvada.html
2. HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html
3. HIV အတွက် ART ဆေးများ http://doctortintswe.blogspot.com/2015/02/hiv-art.html

ဒေါက်တာတင့်ဆွေ (၈-၃-၂ဝ၁၅)

http://www.medicalnewstoday.com/articles/289949.php

ဒေါက်တာတင့်ဆွေ - HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top