HIV ပိုးကူးစက်ခံရသည့် ကိုယ်ဝန်သည်များ ဆေးလာရောက် ကုသခံယူမှုနှုန်းမှာ ၇ဝ ရာခိုင်နှုန်းခန့်သာ ရှိနေသည်ဟု ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေးဌာနမှ ဒေါက်တာမြင့်ရွှေက ပြောသည်။
မိခင်မှ သန္ဓေလောင်းသို့ HIV ကူးစက်မှုနှုန်း လျှော့ချရန် မြို့နယ်ပေါင်း ၂ဝဝ ကျော်နှင့် ဆေးရုံပေါင်း ၃ဝ ကျော်တို့တွင် ဆောင်ရွက်နေသည့် ပရောဂျက် စီမံကိန်းအရ တွေ့ရှိချက်ကို ကိုးကားကာ ၄င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ မြင့်ရွှေ၏ အဆိုအရ ကိုယ်ဝန်သည်က HIV ရှိ၊ မရှိ သွေးစစ်ရန် ၈ဝ ရာခိုင်နှုန်း လာဆွေးနွေးမှု ရှိနေသော်လည်း အမှန်တကယ် ၆ဝ ရာခိုင်နှုန်းခန့်သာ သွေးစစ်သွားကြောင်း၊ ထိုထဲမှ ၅ဝ ရာခိုင်နှုန်း ခန့်သာ သွေးစစ်အဖြေကို လာယူနေသည်ဟု ပြောသည်။ ”ဒီပမာဏရှိနေတာကို ကျွန်တော်တို့ အားမရသေးပါဘူး” ဟု ဒေါက်တာမြင့်ရွှေက ဆက်ပြောသည်။
ယခင်က စီမံချက်ထဲတွင် HIV ပိုးရှိသော မိခင်လောင်းတို့ကိုသာ ဦးတည်ထားသော်လည်း၊ နောက်ပိုင်းတွင် ပိုးမရှိသော မိခင်လောင်းတို့ကိုပါ ဦးတည်၍ ထည့်သွင်းသွားရန် အစီအစဉ်လည်း ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနမှ သိရသည်။
ရောဂါပိုး ရှိသူနှင့် လိင်ဆက် ဆံ၍ ကူးစက်ခြင်း၊ မူးယစ်ဆေး ထိုးခြင်းဖြင့် ကူးစက်ခြင်း၊ သွေးသွင်းခြင်းကြောင့် ကူးစက်ခြင်း၊ ရောဂါပိုး ရှိသူမိခင်မှ သန္ဓေလောင်းသို့ HIV ပိုးကူးစက်ခြင်းတွင် မိခင်မှ သန္ဓေလောင်းသို့ ကူးစက်ခြင်းမှာမူ အရေအတွက် နည်းပါးကြောင်း HIV/AIDS အရေး ဆောင်ရွက်ရသူတို့ထံမှ သိရသည်။
Pupular - HIV ပိုးရှိ ကိုယ်ဝန်သည် ၇ဝ ရာခိုင်နှုန်းခန့်သာ ဆေးလာရောက် ကုသမှု ခံယူ




