မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အရ လာမယ့် ၂၀၁၅ ခုနှစ်မှာ မိခင်မှ ကလေးငယ် များသို့ HIV ပိုး ကူးစက်မှု အန္တရာယ် လျော့နည်း သွားစေဖို့နဲ့ HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းကျော် အတွက် ARV ဆေးဝါး ကုသမှုများ ရရှိစေဖို့ အတွက် ရည်မှန်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ HIV ပိုးရှိ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကလေးငယ်ကို ပိုးကူးစက်မှု လျော့နည်း ပပျောက်စေရေး အတွက် ARV ဆေးကို ကိုယ်ဝန် ၁၄ ပတ် ကစပြီး သောက်သုံး နိုင်တာ ဖြစ်ပါတယ်။
အခုလက်ရှိ မှာ မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု လျှော့ချရေး စီမံချက်နေနဲ့ မြို့နယ်များရှိ ဆေးရုံ ၃၀ ၀န်းကျင်မှာ HIV ပိုး ရှိ၊ မရှိ စစ်ဆေးမှုများ၊ ARV ဆေးတိုက် ကျွေးမှုများ စတာတွေကို ပြုလုပ် ဆောင်ရွက်လျက် ရှိနေတယ်လို့ သိရပါတယ်။ အာရှ ပစိဖိတ် ၁၀ နိုင်ငံရဲ့စစ်တမ်း အရ ကမ္ဘာမှာ လူဦးရေ သုံးသိန်း ခြောက်သောင်း ၀န်းကျင်ဟာ HIV ပိုး ကူးစက်ခံ နေရတာ ဖြစ်ပြီး အဲ့ဒီထဲကမှ နှစ်သောင်း တစ်ထောင် ကျော်ဟာ ကလေးငယ် တွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကလေးတွေရဲ့ HIV ရောဂါ ကူးစက်မှုရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိခင်တွေ ဆီကနေ ကူးစက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်တွင်း မှာလည်း မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု လျော့ကျစေဖို့ စီမံချက် များချမှတ်ကာ ဆောင်ရွက်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
MRTV-4 - HIV ပိုးရှိ ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းကျော် အတွက် ARV ဆေးကုသမှု ရရှိရန် မျှော်မှန်းထား




