လွန်ခဲ့တဲ့ တစ်နှစ်က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှ ဆရာဝန်တွေဟာ မွေးကင်းစကလေးငယ် တစ်ဦးရဲ့ HIV ရောဂါကို အောင်မြင်စွာ ကုသနိုင်ခဲ့ပါတယ်။ အခု ဒုတိယ ကလေးငယ်ကို ကုသခဲ့ရာမှာလည်း အောင်မြင်ခဲ့ပြီး လာမယ့် သုံးလအတွင်း နောက်ထပ် ကလေးငယ် ၅၀ ဦးကိုလည်း စမ်းသပ် ကုသမယ်လို့ သိရပါတယ်။ မိခင်ဆီကနေ အိတ်အိုင်ဗီပိုး ကူးစက်ခံရတဲ့ ဒုတိယမြောက် မွေးကင်းစ ကလေးငယ်တစ်ဦးကို ကုသပေးခဲ့ရာ ယခုအခါမှာ ကလေးဟာ HIV negative ဖြစ်သွားပြီလို့ အမေရိကန်နိုင်ငံ ဘော့စတွန် မြို့မှာ ကျင်းပတဲ့ AIDS ညီလာခံတစ်ခုမှာ ဆရာဝန်တွေက ကြေညာခဲ့ပါတယ်။
သူမမွေးပြီးပြီးချင်းမှာ AZT, 3TC နဲ့  nervirapine "နက်ဗရာပိုင်း " ဆေးတွေကို ဆရာဝန်တွေက တိုက်ကြွေးခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဆေးတွေဟာ လူကြီးတွေကိုသာ တိုက်ကြွေးတာ ဖြစ်ပေမယ့် HIV ရောဂါပိုး ကင်းစင်သွားတဲ့ ဒီကလေးငယ်ဟာ ဒီလို ဆေးတွေကို ဆက်သောက်ရဦးမှာ ဖြစ်ပါတယ်။ မွေးကတည်းက HIV ရောဂါပိုးပါလာတဲ့ ကလေးငယ် နောက်ထပ် (၅၀) ဦးကိုလည်း သူတို့ မွေးဖွားပြီးပြီးချင်း (၄၈) နာရီအတွင်း အခု ကလေးငယ်လိုပဲ ဆေးဝါးတွေ စမ်းသပ်တိုက်ကျွေးပြီး ကုသဖို့ စီစဉ်နေတယ်လို့ ဒီဆရာဝန်အဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒီစမ်းသပ်မှုဟာ အောင်မြင်မယ်ဆိုရင်လည်း ကမ္ဘာ့ အနှံ့အပြားမှာရှိတဲ့ ဆေးရုံတွေက ကလေးငယ်တွေကို HIV ရောဂါပြောင်းလဲ ကုသမှုအတွက်တော့ အချိန်ကြာဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုစမ်းသပ် ကုသမယ့် ကလေးတွေကို HIV ရောဂါ ကုသပြီးတာတောင်မှ ပိုးပြန်လည် မ၀င်ရောက် စေရေးအတွက် ကလေးတွေကို အနီးကပ် စောင့်ကြည့်ရဦးမယ်လို့ သိရပါသည်။
MRTV4 - HIV ပိုးပျောက်ကင်းအောင် ကုသနိုင်တော့မည့် ကလေးငယ်များ




