24
Aug

HIV ပိုး ကူးစက်ခံထားရမယ့်သူဟာ အသက်ဘယ်လောက် ရှင်သန်ခွင့် ရှိမလဲ?



ဒီမေးခွန်းကို
အဖြေမပေးခင် ကျနော်က မေးခွန်းမေးသူကို မေးခွန်းတစ်ခု ပြန်မေးချင်ပါတယ်။ ဥပမာ မိတ်ဆွေမှာ
HIV ပိုး ကူးစက်ခံထားရပြီ ဆိုပါစို့ မိတ်ဆွေ အသက်ဘယ်လောက်ထိ ရှည်ချင်ပါသလဲ? ဘာလို့
ဒီမေးခွန်းကို မေးရသလဲဆိုတော့ အသက်ရှင် ရပ်တည်မှုအတွက် အရေးကြီးဆုံးသူက မိတ်ဆွေကိုယ်တိုင်
ဖြစ်နေလို့ပါ။

စာအုပ်တွေ
ဂျာနယ်တွေ ဆောင်းပါးတွေက သက်တမ်းကို အမျိုးမျိုး ရေးတယ်လို့ ထင်ကောင်း ထင်မိမှာပါ။
တကယ်တော့ သက်တမ်း အတိအကျကို အခုချိန်ထိ ကမ္ဘာပေါ်မှာ အတိအကျ ဘယ်သူမှ မသိသေးပါဘူး။ အားလုံးက
ယေဘူယျ ခန့်မှန်းတွေချည်းပဲ များပါတယ်။ သုတေသနတွေက ဘာပြောလဲဆိုတော့ ရောဂါပိုးရှိသူတွေဟာ
၂ နှစ်ကနေ ၁၀ နှစ်အထိ အသက်ရှင် နေနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာလည်း
ယေဘူယျပါပဲ။ နာမည်ကြီး အားကစားသမား တစ်ယောက်ဆို ပိုးရှိမှန်း စသိတဲ့ အချိန်ကနေ အခုထိ
၁၇ နှစ်ထိ အသက်ရှင် နေထိုင်နိုင်တဲ့ သာဓကတွေလည်း ရှိနေပြန် ပါသေးတယ်။ ဒီနေရာမှာ သက်တမ်း
အတိုအရှည်က ဘယ်ပေါ်မှာ မူတည်သလဲ ဆိုတာကို ဆွေးနွေးကြရအောင်...။

HIV
ပိုး ကူးစက်ခံထားရသူများမှာ အသက်ရှည် ကျန်းမာဖို့အရေး လိုက်နာစရာ ရှောင်ကြဉ် စရာတွေ
ရှိပါတယ်။

ဒါတွေကတော့

၁) မိမိ ကျန်းမာရေးကို ဂရုပြုခြင်း

၂) အခွင့်ကောင်း စောင့်ဝင်လာသော ရောဂါများကို
စနစ်တကျ ကုသခြင်းနဲ့

၃) ပိုးထိန်းဆေး (အေအာတီ/ဗီ ART or
ARVဆေး) သောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအချက်
(၃) ချက်ကသာ မိတ်ဆွေရဲ့ သက်တမ်းကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို စနစ်တကျ
လိုက်နာရင် အသက်ရှည်မယ့် အလားလာတွေ ပိုများ နိုင်ပါတယ်။ ဒီတော့ ဒီအချက်တွေကို တစ်ခုခြင်း
ကြည့်ကြရအောင်

၁) မိမိကျန်းမာရေးကို ဂရုပြုခြင်း
(self-care) ဆိုတာက အားလုံးထဲက အရေးအကြီးဆုံး အချက်ပါ

-
ဒီမှာ ဘာတွေပါလဲဆိုတော့

-
အာဟာရမျှတအောင် စားခြင်း။ အပြင်စာ/ ၀မ်းပျက်စေမည့် အစားများရှောင်ခြင်း။

-
အိပ်ရေး ၀အောင်အိပ်ခြင်း။ အိပ်ရေးပျက်မခံခြင်း။

-
မျှတသော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း။

-
တစ်ကိုယ်ရေး သန့်ရှင်းရေးရှိခြင်း။ အထူးသဖြင့် လိင်အင်္ဂါနဲ့ အရေပြားတွေမှာ အနာမဖြစ်အောင်
ဂရုပြုခြင်း။

-
စိတ်အပန်းဖြေခြင်း (ဂီတ။ အနုပညာ။ အားကစား စသဖြင့် စိတ်ပန်းဖြေမှုရယူခြင်း)

-
တစ်ကိုယ်တည်းမနေပဲ မိတ်ဆွေအပေါင်းသင်းများနှင့် ပုံမှန်ဆက်သွယ် ရောနှောနေခြင်း။

-
အခါအားလျော်စွာ တတ်ကျွမ်းသူ (counselor) များနှင့် နှစ်သိမ့်ဆွေးနွေးမှုခံယူခြင်း။

-
စိတ်တည်ငြိမ်မှုရအောင် တရားဘာဝနာပွားခြင်း (မိမိဘာသာအလျောက် ဘာသာရေး လုပ်ငန်းများ လုပ်ခြင်း)

-
ဆေးလိပ်အရက် ရှောင်ခြင်း။ သောက်သုံးနေသူ ဖြစ်ပါက တဖြည်းဖြည်း လျော့ခြင်း။

-
လိင်ကိစ္စအတွက် ကွန်ဒွန်သုံးခြင်း။ လိင်ဆက်ဆံဘက်များသူ ဖြစ်ပါက လိင်ဆက်ဆံဘက် အရေအတွက်
လျော့ချခြင်း။

-
မိမိတွင် အနာ/ထိခိုက်ရှနာများ ရှိပါက သေချာစွာ ပတ်တီးစည်းထားခြင်း (သူတစ်ပါးကို မကူးစက်စေရန်
အတွက်)

-
လက်သည်းညှပ်။ မုတ်ဆိတ်ရိတ်ဓား စသည်ကို တစ်ယောက်တည်းသာ သုံးစွဲခြင်း (သူတစ်ပါးကို မကူးစက်စေရန်
အတွက်)

-
ဆေးမြီးတို/ တိုင်းရင်းဆေးများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။

-
သွေး၊ မျက်ကြည်လွှာနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မလှူမိအောင် ရှောင်ခြင်း (သူတစ်ပါးကို
မကူးစက်စေရန် အတွက်)

-
ဖျားနာလာပါက နီးစပ်ရာ တတ်ကျွမ်းသော ကျန်းမာရေး ၀န်ထမ်းများနှင့် စနစ်တကျ ကုသခြင်း စတာတွေ
ပါပါတယ်။

ဒါတွေက
အထွေအထူး လုပ်နေစရာ မလိုပါဘူး..။ တကယ့်ကို သေသေချာချာ လိုက်နာရင် သက်တမ်းစေ့ နေရမှာပါပဲ....။

ကဲ

၂) အခွင့်ကောင်းစောင့် ၀င်လာသော ရောဂါများကို
စနစ်တကျကုသခြင်း (Treatment of Opportunistic infections) ဆိုတာကဘာလဲ။

HIV
ရောဂါပိုး ကူးစက်တာ ကြာလာရင် ကိုယ်ခံအား ကျလာတာနဲ့ အပြင်က ပိုးတွေက ကိုယ်ထဲဝင်ပြီး
နှိပ်စက်တက်ပါတယ်...။ ဒါကို အခွင့်ကောင်း စောင့်ဝင်လာသော ရောဂါများလို့ ခေါ်ပါတယ်။ HIV
ပိုးရှိသူတွေမှာ အဖြစ်များတဲ့ ပိုးတွေ (ရောဂါ)တွေ ကတော့

-
တီဘီရောဂါ (ဒါက အဖြစ်အများဆုံးပါ)

-
ဝမ်းပျက်ဝမ်းလျှော (ဒါလည်း အဖြစ်များပါတယ်)

-
ကြွက်နို့ (သာမန်ကြွက်နို့နဲ့ မတူပါ.. ဆေးမြီးတိုနဲ့ ကုရင် ပိုဆိုးလာတတ် ပါတယ်)

-
ရေယုံ

-
မက်ခရု

-
ဝက်သက်

-
အကျိတ်များ ကြီးလာခြင်း

-
အရေပြား အနာလေးများ ပေါက်ခြင်း စတာတွေပါပဲ။

ဒီနေရာမှာ
မှတ်ရမှာက ဒီရောဂါတွေနဲ့ သာမန်လူတွေမှာထက် HIV ပိုးရှိတဲ့ သူတွေမှာ အဖြစ်များပါတယ်...။
ဒီလိုရောဂါတွေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ တတ်ကျွမ်းသော ကျန်းမာရေး ၀န်ထမ်းများနှင့်
စနစ်တကျ ကုသရမှာ ဖြစ်ပါတယ်...။ ဆေးမြီးတိုတွေ တွေ့ရာတွေနဲ့ မရပါဘူး။ စနစ်တကျကုရင် အထက်က
ပြောခဲ့တဲ့ ရောဂါတွေက ကုလို့ လွယ်ပါတယ်။ ဒါဆို သက်တမ်း ပိုရှည်မှာပါ။ နောက်ဆုံးကတော့

၃) ပိုးထိန်းဆေး (အေအာတီ/ဗီ ART or
ARVဆေး) သောက်ခြင်းပါ။

ဒီဆေးကတော့
ပိုးရှိတဲ့ လူတိုင်းသောက်ဖို့ မလိုပါဘူး..။ ဒီဆေးက တခြားဆေးတွေလို မိမိ သဘော အလျောက်
သောက်လို့ မရပါဘူး။ ဘယ်အချိန်မှာ သောက်ရမယ်၊ ဘယ်အခါမှာ သောက် ဖို့လိုတယ် ဆိုတာကိုတော့
တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ သောက်သင့် ပါတယ်။

ဒီဆေးရဲ့
ဆိုးကျိုးတွေကလည်း ရှိနေသေးတော့ သေသေချာချာ ကြပ်ကြပ်မတ်မတ် သောက်ရမယ့် ဆေးဖြစ်နေတော့
အကျယ်ကိုတော့ နောက်မှပြောပါရစေ။ ဒီ HIM ဆိုက်မှာ လည်း ရှာဖတ်လို့ ရပါတယ်။

နောက်ဆုံး
ပြောချင်တာကတော့ ဘယ်လောက် အသက်ရှင်မယ် ဆိုတာကို စဉ်းစားပြီး စိတ်ပူ နေမယ့်အစား အသက်ရှည်အောင်
ဘယ်လို ပြုမူနေထိုင်မယ်လို့ ပြောင်းပြီး စဉ်းစားသင့် ပါတယ်။ “အသက်ဉာဏ်စောင့်” ဆိုတဲ့အတိုင်း
မိမိရဲ့ အနေအထိုင် အပြုအမူတွေကသာ မိတ်ဆွေရဲ့ အသက်ကို ရှည်စေမှာဖြစ်ပါတယ်။ ဂျာနယ်တွေ
စာစောင်တွေက ပြောတဲ့ အသက်က အာမခံချက် မပေးနိုင်ပါဘူး ခင်ဗျာ။ မိတ်ဆွေရဲ့ နေ့စဉ်နေထိုင်
ပြုမူပုံ (life style) တွေကသာ မိတ်ဆွေရဲ့ အသက်ရှင်ရေး အတွက် အာမခံချက် ပေးနိုင်မှာ
ဖြစ်ပါတယ်။

ဆွေးနွေးချင်တာရှိရင်လည်း
ကျနော်တို့နဲ့ အီးမေးလ်ကတဆင့် ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။



လေးစားလျက်

လမင်းကို

Comments

  1. Anonymous says:

    လမင်းကို ကို ဘယ်လိုဆက်သွယ်လို့ရမလဲခင်ဗျာ........အရေးတကြီး သိချင်ပါတယ်ခင်ဗျာ...HIV ကူးစက်ခံထားရသူ အကိုဝမ်းကွဲတယောက်ကို ကူညီချင်လို့ပါခင်ဗျာ..ကျနော့်မေးလ် ကတော့ ureshi.kyaw@gmail.com

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top