7
Jun

HIV ပိုး ကူးစက်ခံ ရသူများ အကူအညီ ရယူရန် ဆက်သွယ်နိုင်

HIV ပိုးကူးစက် ခံရပြီး အကူအညီ လိုအပ်နေသူတွေ အနေနဲ့ Phoenix Association ကို ဆက်သွယ်ကာ အကူအညီ ရယူနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီ အဖွဲ့ဟာ အကြောင်း အမျိုးမျိုးနဲ့ HIV ပိုးကူးစက်ခံ ထားရသူ ဝေဒနာရှင်တွေ အများစုနဲ့ စုပေါင်း ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ အဖွဲ့ကို စတင် တည်ထောင်ခဲ့ တာဟာ ခုနှစ်နှစ်လောက် ရှိခဲ့ပြီး HIV ပိုးကူးစက် ခံရသူတွေကို နှစ်သိမ့် ဆွေးနွေး ပညာပေးမှုတွေ လုပ်ဆောင် ပေးနေတာ ဖြစ်ပါတယ်။

HIV ပိုးကူးစက် ခံရသူတွေ အနေနဲ့လည်း အဆိုပါ အဖွဲ့ကို ဆက်သွယ် လာရင် အဖွဲ့ကနေ ARV ဆေးရဖို့တွေ၊ ဆေးသောက် နည်းတွေ၊ ဆေးသောက်ချိန် မှန်ဖို့အတွက် စတာတွေကိုပါ စနစ်တကျ လေ့ကျင့် ပေး တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝေဒနာရှင်တွေကို စိတ်ဓာတ် ကျဆင်းမှု မရှိအောင် အမြဲ အားပေးကာ စောင့်ရှောက် ပေးထား တယ်လို့ သိရပါတယ်။

အချို့ HIV ပိုး ကူးစက်ခံရပြီး မိသားစု ပတ်ဝန်းကျင်ရဲ့ စွန့်ပယ်မှုကို ခံရတဲ့ ဝေဒနာရှင်တွေ အတွက် ကိုတော့ ဖီးနစ်အဖွဲ့ ကနေ နှစ်လကျော် သုံးလအထိ နေစရာ စီစဉ်ပေးကာ ဆေးရရှိအောင်၊ ဆေးသာက်မှု မှန်ကန်အောင် လေ့ကျင့် စောင့်ရှောက် ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် အကူအညီ လိုအပ်သူ ဝေဒနာရှင် တွေဟာ Phoenix Association ဖုန်းနံပါတ် ၀၉-၇၃၁၁၉၀၅၀ ကို ဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။

MRTV-4 - HIV ပိုး ကူးစက်ခံ ရသူများ အကူအညီ ရယူရန် ဆက်သွယ်နိုင် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top