2
Dec

HIV ပိုး ကူးစက်နိုင်စွမ်း ကျဆင်း

HIV ဗိုင်းရပ်စ် ရောဂါပိုးဟာ ကြာလာတာနဲ့ အမျှ ကူးစက် နိုင်စွမ်း ပိုကျဆင်း လာပြီး အသေ အပျောက်နှုန်း လည်း ပိုနည်း လာတယ်လို့ သိပ္ပံ စမ်းသပ်မှု ကြီး တခုက တွေ့ရှိ ခဲ့ပါတယ်။

အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် က သုတေသီ တွေ အာဖရိကတိုက် ဘော့ဆွာနာ နိုင်ငံက ရာနဲ့ ချီတဲ့ အမျိုးသမီး တွေ ဆီမှာ လေ့လာ ခဲ့တဲ့ သုတေသန ရလဒ် အရ ဒီလို တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

HIV ရောဂါပိုး ဆက်လက် ရပ်တည် နိုင်ဖို့မှာ ပျက်စီး ယိုယွင်း မှုတွေ ဖြစ်ပေါ် လာတဲ့ အတွက် မျိုးပွားနှုန်း ပိုကျဆင်း လာပြီး ခုခံအားကျ ရောဂါ ဖြစ်ပွားမှု အဆင့်ထိ ရောက်ဖို့ အချိန် ပိုကြာ လာတယ်လို့ သုတေသီတွေက ရှာဖွေ တွေ့ရှိ ခဲ့ကြ တာပါ။

HIV ပိုးကို အစွမ်းပျက်ပြယ်အောင် ကြိုးပမ်းတာဟာ ဗိုင်းရပ်စ်ပိုး ပပျောက်ရေး အတွက် အသုံးကျ မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ HIV ပိုးဟာ အင်အား ပျော့နေတဲ့ အချိန် မှာတောင် အန္တရာယ် ပေးနိုင်သေးတယ် လို့လည်း သိပ္ပံ ပညာရှင်တွေက သတိပေး ပြောကြား သွားပါတယ်။

ဘီဘီစီHIV ပိုး ကူးစက်နိုင်စွမ်း ကျဆင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top