တောင်အာဖရိက
သိပ္ပံပညာရှင်တို့က အမျိုးသမီးများတွင် HIV ကူးစက်ခြင်းခံရမှုကို ထိရောက်စွာ လျှော့ချပေးနိုင်သည့်
နည်းလမ်းကို ထုတ်ဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဆာဟာရ အာဖရိကတိုက်ထဲတွင် အမျိုးသမီးများနှင့်
ကျောင်းသူလေးများတွင် HIV ကူးစက်ခြင်း ခံနေရသည်ဟု ဆိုသည်။ တောင်အာဖရိက သိပ္ပံပညာရှင်တို့က
အခြားသော အဏုဇီဝ ပိုးမွှားများအား နှစ်အတန်ကြာမျှ မနှစ်မြို့ဖွယ်ရာ စမ်းသပ်မှုများကို
ပြုခဲ့ပြီးနောက် ထိရောက်သော အကျိုးရလဒ်ကို ထွက်ပေါ် လာစေခဲ့ခြင်း ဖြစ်သည်။
တောင်အာဖရိက
သိပ္ပံပညာရှင်တို့က စမ်းသပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပြီး ဂျဲလ်နှင့်ပတ်သက်၍
ရာခိုင်နှုန်း ၁၀၀ ထိရောက်မှုရှိစေပြီး လူအများကြားတွင် အသုံးပြုနိုင်မည့် ထုတ်ကုန်တစ်ခုဖြစ်
လာစေရန်အထိ အချိန်ယူရဦးမည် ဖြစ်သည်။ ဟားဗတ်ဆေးဘက်ဆိုင်ရာ ကျောင်းမှ ပါမောက္ခ ဒေါက်တာဘရုစ်ဝေါ့ကာ
က အမျိုးသမီးများ အနေဖြင့် ကိုယ်တိုင် ထိရောက်စွာ အသုံးပြု ကာကွယ်နိုင်မည့် ကိရိယာတန်ဆာပလာ
အဖြစ် ပထမဦးဆုံးအကြိမ် အသုံးပြုနိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Yangon Media Group - HIV
ပိုး ကူးစက်ခြင်းမှ ကာကွယ်သည့်နည်းလမ်း တောင်အာဖရိက ပညာရှင်တို့ ရှာဖွေတွေ့




