ပြန်လည်ထုတ်လွှင့် -- HIV ပိုးဟာ သွေး၊ သုတ်ရည်၊ မိန်းမနဲ့ ယောက်ျား အရည်ကြည်နဲ့ မိခင်နို့ရည်တွေက ကူးပြီး လေ၊ ရေ၊ အစားအသောက်နဲ့ အပေါ်ယံ ထိတွေ့မှုတွေကတဆင့် မကူးနိုင်ပါ။
HIV/AIDS ရှိသူတွေကို အခြားလူတွေက ခွဲခြားဆက်ဆံရတဲ့ အဓိက အကြောင်းရင်းတခုက ကူးဆက်မှာ ကြောက်တာလို့ ပြီးခဲ့တဲ့ အပတ်က ဆွေးနွေးခဲ့ပါတယ်။ ဒီလို ကူးဆက်နိုင်တဲ့နည်းနဲ့ မကူးဆက်နိုင်တဲ့ နည်းတွေကို သိလာရင် ဘယ်လိုကာကွယ်နိုင်မယ်ဆိုတာ သိလာပြီး မကူးနိုင်တဲ့ နည်းတွေအတွက်လည်း မကြောက်တော့ဘဲ အခုလို ခွဲခြားဆက်ဆံတာတွေ လျော့နည်းလာနိုင်ပါတယ်။
ဒီအကြောင်းကို ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က HIV/AIDS ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာမြတ်ထူးရာဇတ် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
"ဒေါက်တာ မြတ်ထူးရာဇတ် ခင်ဗျား.. အိတ်အိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်နေတဲ့သူတွေကို ခွဲခြားဆက်ဆံတာက အဓိက အကြောင်းအရင်းက လူတွေက ရောဂါ ကူးမှာကြောက်တာလို့ အရင်အပတ်က ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်နော်....
ဒီတပတ်တော့ အခုလို ကူးမှာ မကြောက်ရအောင် ရောဂါ ကူးနိုင်တဲ့ နည်းတွေနဲ့ မကူးနိုင်တဲ့ နည်းတွေကို ကျနော်တို့ အသေးစိတ် ဆွေးနွေးကြရင် ကောင်းမလားလို့.... အဓိက ကတော့ ဒီလို ကွဲကွဲပြားပြား သိထားကြရင် ရောဂါ ကူးမှာကို ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာ သိပြီးတော့ ရောဂါ မကူးနိုင်တဲ့ နည်းလမ်းတွေကိုကြာက်ကြတော့မှာ မဟုတ်သလို ခွဲခြားဆက်ဆံမူတွေ လျော့နည်းလာဖို့ ရည်ရွယ်တာပါ....
ရောဂါ ကူးမှာ စိုးရိမ်တယ် ဆိုရင် ဘာကြောင့် အိတ်အိုင်ဗွီ ကူးနိုင်တာလဲ.... ဘယ်နေရာတွေ အိတ်အိုင်ဗွီ ပိုးရှိတယ်ဆိုတာ သိဖို့ အရေးကြီးတယ်.... အိတ်အိုင်ဗွီဟာ သွေးထဲမှာ ရှိတယ်... သုတ်ထဲမှာ ရှိတယ်.. သုတ်ရည်ထဲမှာ ရှိတယ်... မိန်းမ အင်္ဂါရည်နဲ့ ယောကျာ်းအင်္ဂါရည် တွေမှာရှိတယ်... ပြီးတော့ မိခင်တွေရဲ့ နို့ရည်မှာလည်း ရှိတယ်... ဒီပြင် အင်္ဂါတွေက ထွက်တဲ့ အရည်တွေနဲ့ သွေးပါခဲ့ရင်လည်း အဲနေရာတွေမှာ ရှိနိုင်ပါတယ်....
ပထမက သွေးထဲက တဆင့် ကူးနိုင်တယ်ဆိုတော့ အဲနည်းလမ်းတွေကို အသေးစိတ်ကစ ပြောပေးပါလား ကိုမြတ်ထူးရေ.... ကာကွယ်နိုင်တဲ့ နည်းတွေကိုလည်း တွဲပြီး ရှင်းပြပေးရင် ကောင်းတာပေါ့... လက်တွေ့ သုံးနိုင်အောင်ပေါ့ဗျာ........
သွေးက တဆင့်ကူးတယ် ဆိုတာက အရင်က သွေးလှူကြတယ်... သွေးလှူတဲ့ အချိန်မှာ ဒီသွေးကို အိပ်အိုင်ဗွီ မစစ်ထားဘူးဆိုရင် ဒီသွေးထဲမှာ အိတ်အိုင်ဗွီ ပါလာပြီ ဆိုရင် ဒီသွေးကနေတဆင့် သွေးလက်ခံသူကို ဒီရောဂါ ကူးစက်နိုင်တယ်... ဒါကြောင့်မို့ ဂျပန်၊ အမေရိကန် နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာဆိုရင် သွေးလက်ခံရင် သွေးလက်ခံတဲ့ သူတွေမှာ အိတ်အိုင်ဗွီ ကူးစက်တာတွေ ဖြစ်လာတယ်... ဒါ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုံးကပေါ့... အခုနောက်ပိုင်းကျတော့ လှူထားတဲ့ သွေးအားလုံးကို အိတ်အိုင်ဗွီ အကုန်စစ်တော့ ဒီ အန္တရာယ် နည်းသွားတယ်....
အဲဒီတော့ ကိုမြတ်ထူးရေ... သွေးသွင်းတာ ပြီးရင် မူးယစ်ဆေးထိုးတဲ့ သူတွေ အတွက်ရော....
မူးယစ်ဆေးသုံးစွဲတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ဆေးထိုးအပ်တွေကို တလှည့်စီ လှည့်သုံးမယ်ဆိုရင် အိတ်အိုင်ဗွီ ကူးစက်နိုင်တယ်... မူးယစ်ဆေး သုံးတဲ့သူတွေမှာ သုံးစွဲတဲ့ ဆေးထိုးပြွန် ဆေးထိုး အပ်တွေမှာ သွေးထဲမှာ ပါတဲ့ အိတ်အိုင်ဗွီ ရောဂါးပိုးကတဆင့် နောက်တဆင့်သုံးတဲ့လူတစ်ယောက် ကို ကူးစက်နိုင်ပါတယ်... ဒါကြောင့်မို့လို့လည်း အိတ်အိုင်ဗီ ဖြစ်ပွားနှုန်းဟာ မူးယစ်ဆေးသုံးစွဲတဲ့ သူတွေများ ပိုပြီးတော့ အဖြစ်များတယ်.... သူဟာ တကယ်လို့ မူးယစ်ဆေး သုံးမယ်ဆို ဆေးထိုးအပ် အသစ်ကို အမြဲသုံးပါ.... တကယ်လို့ အသစ်မသုံးနိုင်ဘူးဆိုရင် ကိုယ်သုံးတဲ့ ဆေးထိုးအပ်ကို ကိုယ့်ဆီမှာပဲ ရှိပါစေ... အခြားတယောက်ဆီကို အယောက်ပါစေနှင့်.....
ဟုတ်ကဲ့ ... နောက်တခုက ဆေးရုံးသုံး ကိရိယာတွေ ဆေးထိုးအပ်တွေကရော ကူးစက်နိုင်ပါသလား ကိုမြတ်ထူးရေ........
ဆေးရုံး ဆေးခန်းတွေမှာ သုံးတဲ့ ဆေးထိုးအပ် ဆေးထိုးပြွန်တွေ အားလုံးကို ပြန်သုံးမယ်ဆိုရင် ကျနော်တို့ ပိုးသပ်ရပါတယ်..... ပိုးသတ်တဲ့အချိန်မှာ ကျနော်တို့ အပူချိန်ကို မြင့်ပြီး သတ်ရတယ်... ပြုတ်ရတာပေါ့နော်.... ဒါမှ မဟုတ်ရင် ဆေးထိုးအပ် ဆေးထိုးပြွန် အသစ်နဲ့ သုံးရတယ်... အဲလိုသာ သုံးမယ်ဆိုရင် ဖြစ်ပွားမှုနှုန်းဟာ အင်မတန် နဆေးထိုးည်းပါတယ်... တကယ်လို့ ဆေးထိုးအပ် ဆေးထိုးပြွန် မလောက်လို့ ဆေးရုံးဆေး ခန်းတွေမှာ ပြုတ်ပြီးတော့ ပြန်ပြန်သုံးရတဲ့ အချိန်မှာ တကယ်လိုသာ ပြုတ်တဲ့ အချိန်က နည်းမယ်... ပိုးကို သေသေချာချာ မသတ်နိုင်ခဲ့ဘူးဆိုရင် ရောဂါကူးနိုင်သလားဆိုတော့ ကူးနိုင်ပါတယ်... ဒါပေမယ့် ရာခိုင်နှုန်းအရ တော်တော်ကို ကူးနိုင်ခြေ နည်းပါတယ်... ဘာလို့လည်း ဆိုတော့ အိတ်အိုင်ဗွီ ပိုးဟာ အပြင်မှာ အသက်ရှင်နိုင်ဖို့က အတော်ကို နည်းပါတယ်.. နာရီပိုင်းပဲ အသက်ရှင်နိုင်တယ်.. တချို့ဆို မီနစ်ပိုင်းမှာပဲ သေကြတယ်... ဆေးထိုးပြွန် ဆေးထိုးအပ်တွေမှာ နာရီပေါင်းများစွာ ကြာနေတယ်ဆိုင်ရင် အပြင်မှာ ခြောက်ပြီးတော့ ဒီ အိတ်အိုင်ဗွီဟာ သေသွားတယ်...
ဟုတ်ကဲ့ နောက် ခေါင်းရိတ်တဲ့အခါမှာ သင်တုံးဓား သုံးတာတို့ အမွေးတွေ ရိတ်တဲ့နေရာမှာသုံးတဲ့ ဘရိတ်ဓားတို့မှာ ရော ကူးနိုင်ခြေ ရှိသလား ခင်ဗျား......
မရှိဘူးလားဆိုတော့ မဟုတ်ဘူး ရှိတယ်... ဒါပေမယ့် အင်မတန် နည်းတယ်.. ကျနော်တို့ သုတေသန လုပ်တဲ့အချိန်မှာ သင်တုံးဓားကနေ ကူးတာတို့ မုတ်ဆိတ်ရိတ်တဲ့ ဘရိတ်ဓားက ကူးတဲ့ ဆိုတာ သုတေသနမှာ မတွေ့ရ သလောက်ပါပဲ... ဘာကြောင့်လည်း ဆိုတော့ အိတ်အိုင်ဗွီပိုးဟာ အပြင်မှာ နာရီပိုင်းပဲ အသက်ရှင်နိုင်တဲ့ အတွက်ဖြစ်ပါတယ်... တကယ်လို့ တခြားသူ သုံးပြီးသားကို ပြန်သုံးမယ် ဆိုရင် ပိုးသေအောင် သတ်ပြီးမှ သုံးသင့်ပါတယ်... အိတ်အိုင်ဗွီ ပိုးမှ မဟုတ်ပါဘူး အသဲယောင် အသားဝါ ဘီပိုးတို့လို ရောဂါတွေ အတွက်ပါ ကာကွယ်နိုင်ပါတယ်... ဖြစ်နိုင်ရင် အသစ်ကို သုံးသင့်ပါတယ်... အမြဲတမ်း အသစ်မသုံးနိုင်ဘူး ဆိုရင် ကိုယ့်သုံးပြုတဲ့ ဓားကို တခြားသူကို ပေးမသုံးပါစေနှင့်.....
ဟုတ်ကဲ့ အခုလို သွေးထဲက ကူးစက်နိုင်တာတွေကို ဆွေးနွေးပြီးတဲ့ အခါ နောက်တခု ဒုတိယ တစ်ခုအနေနဲ့ သုတ်ရည်နဲ့ အမျိုးသား အမျိုးသမီး အင်္ဂါမှ အရည်တို့ကတဆင့် ကူးနိုင်တာတွေ ဆက်ဆွေးနွေးကြရအောင်...
သုတ်ရည်ကနေ ကူးစက်တယ် ဆိုတာကတော့ အဓိက လိင်ဆက်ဆံတဲ့ အချိန်မှာ အမျိုးသားနဲ့ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားချင်းပဲ ဖြစ်ဖြစ် လိင်ဆက်တဲ့အခါ သုတ်ရည်က ခန္ဓာကိုယ်ထဲ ရောက်သွားခဲ့မယ်ဆိုရင် အိတ်အိုင်ဗွီပိုး ပံျ့နှံ ကူးစက်နိုင်ပါတယ်.ဒါကြောင့် လိင်ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပါ.... နောက်တခုက ကွန်ဒုံးကို ချောမွေ့အောင် ဆိုပြီး အသားလှဆီတွေကို မသုံးပါနဲ့ အသားလှဆီကို ကွန်ဒုံးကို ပေါက်ပြဲ စေနိုင်ပါတယ်...
နောက်ဆုံး မိခင်က တဆင့် မိခင်နို့ရည်ကနေ ကူးစက်နိုင်တာဆိုတာကို ထပ်ပြီး ဆွေးနွေးပေးပါအုံး......
အဓိကက ဒီမိခင်နို့ရည် အပြောခင်မှာ ကိုယ်ဝန်ဆောင် မိခင်တယောက်ဟာ အိတ်အိုင်ဗွီပိုး ရှိနေတယ်ဆိုရင် မိခင်ရဲ့ သွေးနဲ့ ကလေးရဲ့ ချက်ကြိုးက ဆက်နေတဲ့ အတွက် ကလေးကို ကူးစက်နိုင်ပါတယ်... ဒါပေမယ့် ဒီကူးစက်နှုန်းဟာ အရင်တုံးကဆို ၃၀ % သာ ရှိပါတယ်.. အခုချိန်မှာတော့ မိခင်ကနေ ကလေးကို ရောဂါ ကူးစက်နှုန်းကိုဟာ ဆေးတွေ ကောင်းလာတာနဲ့ ၁၀ % အောက်အထိ လျော့ချနိုင်ပါတယ်.... အရေကြီး တာက ကိုယ်ဝန်ဆောင် မိခင်တယောက်ဟာ အိတ်အိုင်ဗွီပိုးရှိတယ်ဆိုတာ သိတာနဲ့ အိတ်အိုင်ဗွီ ကုသဆေးကို ပေးလို့ရပါတယ်...တချိန်တည်းမှာပဲ ကလေးမွေးလာပြီဆိုရင် မွေးလာတဲ့ ကလေးကို မိခင်ရဲ့ နို့ရည်ကနေ တဆင့် ကူးနိုင်တယ်ဆိုတာကို ကျနော်တို့ အရင်က မသိခဲ့ပါဘူး.... အခုနောက်ပိုင်း လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကမှ သိလာတာ ဖြစ်ပါတယ်.... ဒါကြောင့် အိတ်အိုင်ဗွီပိုးရှိတဲ့ မိခင်က နို့ရည်ကနေ တဆင့် ကလေးတွေကို ကူးစက်နိုင်တဲ့ အတွက် မိခင်ကနေ ကလေးကို နို့တိုက်ကျွေးတာကို အားမပေးပါဘူး....
ကျနော်တို့ အခု ကူးစက်နိုင်တဲ့ နည်းတွေကို ဆွေးနွေးလို့တော့ ပြီးသွားပြီ... နောက် မကူးစက်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ ဆက်ဆွေးနွေးကြရအောင်ခင်ဗျာ........
တစ်ယေက်နဲ့ တစ်ယေက်နဲ့ အတူနေကြတယ်.. မိသားစု အတူနေကြတယ်... အဓိကက အိတ်အိုင်ဗွီက လေထဲကနေ လာတာမဟုတ်ဘူး.... တစ်ယောက်နဲ့ တယောက် လက်စွဲ နုတ်ဆက်တာ... ခေါင်းအုံး အတူတူသုံးတာ.. စားသောက်ရာမှာလဲ သူစားထားတဲ့ ပန်ကန်နဲ့ စားလို့ သောက်ရေခွက်နဲ့ သောက်လို့ မကူးပါဘူး .... ရေချိုခန်းအတူတူ သုံးလို့ ဆပ်ပြာ တခုတည်း အတူတူသုံးလည်းပဲ မကူးပါဘူး... အိမ်သာ အတူတူတက်လို့လည်း မကူးပါဘူး.... အကင်္ကျီ လုံချည်တွေကနေလည်း မကူးနိုင်ဘူး... အပေါ်ဘက်မှ ပြောခဲ့သလို အပြင်ဘက်မှာ အိတ်အိုင်ဗွီ ရောဂါပိုးဟာ အချိန် အကြာကြီး အသက်မရှင်နိုင်လို့ပါပဲ....
ဟုတ်ကဲ့ အိတ်အိုင်ဗွီ ပိုးဟာ လေထဲကနေလည်း မကူးစက်နိုင်ဘူး အစားအသောက်ကနေလည်း မကူးစက်နိုင်ဘူး ခန္ဓာကိုယ်ရဲ့ အပေါ်ယံ ထိတွေ့မှု၊ အဝတ်အစားတွေကလည်း မကူးနိုင်ဘူး ဆိုတာတော့ သိရပါပြီ.... နောက် သွားတိုက်တံကို အတူသုံးရင်ရော ကူးစက်နိုင်ပါသလား....
ကောင်းတာတော့ သူများသုံးထားတဲ့ သွားတိုက်တံ မသုံးတာ ကောင်းတာပေါ့... ဒါပေမယ့် သုံးမယ်ဆိုရင် သွေးတို့ဟာ သွားတိုက်တံရဲ့ အထဲမှာ အမြဲနေတာမှ မဟုတ်တာ.... သုံးမယ်ဆိုရင် ဆင်ကြယ်အောင်ဆေး ခြောက်အောင်ထားပြီး သုံးပြုနိုင်ပါတယ်....
မိသားစု အတူတူနေကြတဲ့ အခါ ခြင်တို့ကြမ်းပိုးတို့လို ခေါ်တဲ့ အင်းဆက် ပိုးတွေကနေ တဆင့်ရော ကူးစက်နိုင်သလား...
အဲဒီ ခြင်တို့ ကြမ်းပိုးတို့နဲ့ ပတ်သက်ပြီ သုတေသနတွေ အများကြီးလုပ်ထားတယ်... အင်းဆက်ပိုးမွားကနေ လုံးဝ မကူးပါဘူး... အိမ်မွေး တိရိစ္ဆာန်တွေကနေ တဆင့်လည်း လုံးဝ မကူးစက်နိုင်ပါဘူး....
ဟုတ် အခု တော်တော်လေးတော့ ရှင်းသွားပါပြီ... အိတ်အိုင်ဗွီ ပိုးဟာ သွေး၊ သုတ်ရည်၊ အမျိုးသား အမျိုးသမီး လိင်က အရည်ကြည်တွေနဲ့ မိခင်နို့ရည်တို့ကနေ လွဲပြီးတော့ အခြားနည်းတွေနဲ့ မကူးစက်နိုင်ဘူးဆိုတော့ ကျနော်တို့ သေချာသွားအောင် ချွေးတို့၊ ဆီးတို့၊တံတွေးတိုကနေရော ကူးစက်နိုင်ပါသလားခင်ဗျာ.....
တံတွေးတို့ ဆီးတို့ကနေ လုံးဝ မကူးပါဘူး.. ချွေးတို့ ဆီးတို့အထဲမှာ အိတ်အိုင်ဗွီ ပိုးဟာ လုံးဝ မရှိသလောက်ထိကို ပါဝင်မှု အလွန်းနည်းပါးပါတယ်... ပါဝင်တဲ့ ပိုးဟာလည်း ကူးစက်နိုင်တဲ့ ပိုးမဟုတ်ပါဘူး....
ကျေးဇူးပါပဲ ကိုမြတ်ထူးရေ... ကျနော်တို့ မကူးနိုင်တဲ့ နည်းတွေနဲ့ ကူးနိုင်တဲ့ နည်းတွေကို သိကြပြီ ဖြစ်တဲ့ အတွက် ကိုယ်ကိုကို ကာကွယ်နိုင်ကြမှာ ဖြစ်တဲ့အပြင် မကူးနိုင်တဲ့ နည်းလမ်းတွေကို သိပြီ မကြောက်တဲ့ အတွက် အိတ်အိုင်ဗွီနဲ့ နေထိုင်သူတွေကို ခွဲခြားဆက်ဆံခြင်းတွေ မရှိပဲ ဝိုင်းဝန်ဖေးမှ ကူညီမှုတွေ ပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ဒီအပတ်ရဲ့ ကျန်းမာရေး ဆွေးနွေးမှုပဲ ဖြစ်ပါတယ်..."




