19
May

HIV ပိုး ဆန့်ကျင်နိုင်သော ပရိုတင်းများကို သြစတေးလျ သန္တာကျောက်တန်းများတွင် တွေ့ရှိခဲ့

HIV ဗိုင်းရပ်ကို ခုခံအား T ဆဲလ်တွေထဲကို ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်သော ပရိုတင်း အမျိုးအစားများကို သြစတေးလျနိုင်ငံရဲ့ ကမ်းလွန် သန္တာကျောက်တန်းတွေမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ဒီသန္တာကျောက်တန်းကရတဲ့ ပရိုတင်းတွေကို လိင်ကိစ္စတွေမှာ အသုံးပြုတဲ့ ချောဆီ၊ ကွန်ဒုံးတွေမှာ ထည့်သွင်း အသုံးပြုခြင်းအားဖြင့် HIV ပိုး ကူးစက်ခြင်းကို ရာခိုင်နှုန်း တစ်ခုအထိ လျှော့ချနိုင်မယ်လို့ ဆေးပညာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သုတေသီ Barry O Keefe က ဒီလို အာနိသင်ရှိတဲ့ ပရိုတင်းကို တွေ့ရှိတာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းနဲ့ ယခု သန္တာကျောက်တန်းမှရတဲ့ ပရိုတင်းကို cnidarins လို့ခေါ်ဆိုကြောင်း ရှင်းပြ ခဲ့ပါတယ်။

သြစတေးလျနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းလွန်ဒေသမှာ တွေ့ရှိရတဲ့ cnidarins မှာ အဲဒီလို အာနိသင်ရှိကြောင်းကို သြစတေးလျနိုင်ငံ၊ အမျိုး သားကင်ဆာနဲ့ ဗိုင်းရပ်ပိုးဆိုင်ရာ အင်စတီကျုက သူ့မှာပါဝင်တဲ့ ထောင်နဲ့ချီတဲ့ သဘာဝ ပစ္စည်းတွေကို စစ်ဆေးသုံးသပ်ပြီးမှ ယခုလိုကြေညာနိုင်ခြင်း ဖြစ်ပါတယ်။ ဒီပရိုတင်းက HIV ပိုး ကူးစက်ခြင်းနဲ့ ခုခံအားစနစ်ကို ထိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ် နိုင်မှုတွေကြောင့် ကာကွယ်ဆေးများမှာလည်း အသုံးပြုနိုင်ချေ ရှိမရှိကို ဆက်လက် လေ့လာနေကြပါတယ်။

မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်

Health Updates Journal

အမေ့အိမ်HIV ပိုး ဆန့်ကျင်နိုင်သော ပရိုတင်းများကို သြစတေးလျ သန္တာကျောက်တန်းများတွင် တွေ့ရှိခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top