17
Jun

HIV ပိုး ပဋိပစ္စည်းရှိသောမိခင်တွေ ကလေးရရှိလာပါက မည်သို့ ပြုလုပ်ရမည်နည်း



မိခင်နို့တစ်မျိုးတည်းကို
၆ လအထိသာ တိုက်ကျွေးသင့်သည် နီးစပ်ရာဆေးရုံ၊ ဆေးခန်း၌ အချိန်မှန်မှန်ပြသကာ အစဉ်အမြဲ
အကြံဥာဏ်နှင့် အကူအညီရယူပါ။ နှစ်သိမ့်ဆွေးနွေးမှုကို ရယူသင့်သည်။ အကယ်၍ ကလေးတွင် အေအိုင်ဒီအက်စ်
လက္ခဏာများ ပြသလာနိုင်မည်ဟုထင်ပါက ကြိုတင်ပဋိဇီဝ ဆေးဝါးများတိုက်ကျွေးသင့်သည်။ ကလေးနှင့်
မိဘများကို လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အကူအညီပေးသင့်သည်။

ကလေးများတွင်
တွေ့ရသော အေအိုင်ဒီအက်စ်လက္ခဏာများ

များသောအားဖြင့်
အသက် ၈ လခန့်တွင် စတင်ပေါ်ပေါက်လာသည်။ မွေးစမှစ၍လည်း တစ်ခါတစ်ရံ ပေါ်ပေါက်နိုင်သည်။ လက္ခဏာများမှာ
- ကလေးကြီးထွားမှု မရှိခြင်း၊ နှေးကွေးခြင်း၊ ကလေးဘေလုံးအသည်း အကြိတ်များကြီးထွားခြင်း၊
မကြာခဏဖျားနာခြင်း၊ ကူးစက်ရောဂါများခံစားရခြင်း။

HIV ပဋိပစ္စည်းရှိသော ကလေးအေအိုင်ဒီအက်စ်
လက္ခဏာ ဖြစ်နေသော ကလေးကို ထိန်းသိမ်းပြုစုနည်း

အထူးရှောင်ကြဉ်စရာ အချက်များ
မရှိပါ။ အခြားကလေး လူနာများကို ပြုစုသလိုပင် ပြုစုနိုင်သည်။ သန့်ရှင်းရေးကို ပြုစုသူက
အထူးဂရုပြုရမည်။ ကလေး၏ ဆီး၊ သွေး၊ သလိပ်တို့ကို သေချာစွာ လျှော်ဖွတ်ဆေးကြောရမည်။ ကျန်းမာရေး
ဝန်ထမ်းများကဲ့သို့ ကလေးများကို သွေးဖောက်ရာတွင် အထူးသတိထားရပါမည်။



အေးအေးဇင်





True News
- အတွဲ ၂၊ အမှတ် ၃၅၊ ၂၇ ဧပြီ၊ ၂၀၁၀ (
စာမျက်နှာ ၂၉)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top