မေး။ ။ နောက်ဆုံး လိင်ဆက်ဆံတာ march 2013 ကပါ။ Auguest 2013 မှာ blood test ပြီပါပြီး။ HIV non reactive ပါ။ CONDOM သုံးခဲ့တယ်။ အခု လိင်တံ မှာ နီလာပြီ ယားလာပါတယ်။ allegeric လိုမျိုးဖြစ်လာတယ်။ ဘာဖြစ်တယ် ဘာလုပ်၇မယ် ဆိုတာကို ညွှန်းကြားပေးပါ။
ဖြေ။ ။ HIV Non-reactive ဖြစ်တယ်ဆိုရင် HIV အတွက် စိတ်ချလို့ ရပါပြီ။ လိင်တံမှာ နီပြီး ယားလာတယ်ဆိုတာက အရေပြားမှာ ယားနာ သို့မဟုတ် allergic သို့မဟုတ် ကာလသားရောဂါ စတာတွေ ဖြစ်တတ်ပါတယ်။
မှာချင်တာကတော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပါ။ ယားတဲ့ လိင်တံနေရာကို လက်နဲ့ကို မကုတ်မိပါစေနဲ့။ လိင်တံသန့်ရှင်းရေး ဂရုစိုက်ပါ။ အတွင်းခံဘောင်းဘီ ကို သေသေချာချာ လျှော်ပြီ မီးပူတိုက်ပြီးမှ ၀တ်ပါ။ တစ်ခါတစ်လေ အတွင်းခံမသန့်ရင် လိင်တံမှာ ယားနာဖြစ်တတ်ပါတယ်။ အသုံးပြုတဲ့ ရေ မသန့်ရင်လည်း ယားနာဖြစ်တတ်ပါတယ်။ ပုံမှန်စွဲသောက်နေတဲ့ ပိုးသတ်ဆေးတွေရှိရင် ရပ်ပါ။
မေး။ ။ HIV မကူးဆက်နိုင်အောင် ဆေးသောက်ရင် ရနိုင်လား။ ကျတော် အမျိုးသမီး တစ်ယောက်ကို oral sex အပြန်အလှန် ဆက်ဆံမိလိုက်ပါတယ်။ ကျတော်သံသရ ရှိနေလို့ ဘယ်လိုဆေးသောက်ရင် ရနိုင်မလဲ။ HIV virus မ၀င်နိုင်အောင်လို့ပါ။ ၅.၁၀.၂၀၁၃ မနက် ၃း၀၀ လောက်မှာပါ။ ကျတော် အရမ်း စိုးရိမ်နေလို့ပါ။
ဖြေ။ ။ ၂၄ နာရီ အတွင်း ဆေးသောက်ရင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ အခုမိတ်ဆွေက ဘယ်မှာနေတာလဲ။ ဆေးသောက်ဖို့ အတွက် နီးစပ်ရာ HIV အထူးကု သို့မဟုတ် သမားတော်နဲ့ ပြသ စေချင်ပါတယ်။ ဆေးကို ကျနော်တို့ ညွှန်ပေးလို့ မရပါဘူးခင်ဗျာ။
လမင်းကို




