မေး။ ။ Gan ဖြစ်တယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော်ထင်နေပါတယ်ဗျ။ ဆရာဝန်ကြီးနဲ့တော့ သွားပြမှာပါ။ ဒါပေမယ့် ကုလို့ ရမရ သိချင်ပါတယ်။ ခုမှဖြစ်ခါစပါ။ ဒါ HIV ဖြစ်မှာလာ။ အကယ်လို့ HIV ဆိုရင်တော့
မကုတော့ပါဘူး။ Masterလည်း ဆက်မတက်တော့ဘူး။ Sucide လုပ်လိုက်တော့မယ်။
ဖြေ။ ။ Gano ဆိုတာ Ganorrhoea လို့ခေါ်တဲ့ ဆီးပူညောင်းကျရောဂါတစ်ခုပါ။ ဒါက လိင်ဆက်ဆံတာကနေ ကူးစက်တတ်ပါတယ်။ ဒီရောဂါကို တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ စနစ်တကျပျောက်အောင် ကုလို့ရပါတယ်။
စိတ်မပူပါနဲ့။ ဆေးပုံမှန်သောက်ရင် ပျောက်ပါတယ်။ ဆေးကုတာ စနစ်မကျရင်တော့ ရောဂါ အမြစ်မပျောက်ပဲ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုးကျိုးတွေ ကတော့ မျိုးပွားလမ်းကြောင်း ထိခိုက်ခြင်း၊ ဆီးလမ်းကြောင်း ကျဉ်းလာခြင်း၊ ကလေး မရနိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ Gano ဟာ HIV ပိုးလိုမဟုတ်ပါဘူး။ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။ ဒါကြောင့် သေသေချာချာကုရင် ၃ လအတွင်း ပျောက်ပါတယ်။ ဒီတော့ စိတ်အေးအေးထားပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး ကုသစေချင် ပါတယ်။
မေး။ ။ ဆရာရေ မိန်းမက ပိုးရှိတယ်လို့သေချာပေါက် ellisa ကပြောခဲ့ပါတယ်။ ကျွန်တော်က မိန်းမကို လေးနှစ်လောက် မသိဘဲ ပေါင်းသင်းလာခဲ့တဲ့ လင်ယောက်ျား တယောက်ပါခင်ဗျာ သုံးလ ခြောက်လထိ ဘန်ကောက် ဆေးရုံက nonreactive လို့ပြောတုန်းပါ။ အခု နှစ်နှစ်အကြာထိ အာရှတော်ဝင် ကလည်း nonreactive လို့ပြောတုန်းပါပဲ။ ဒီလိုမျိုး မကူးစက်တာ ထူးဆန်း မနေဘူးလား။ ရာနှုန်းပြည့် စိတ်ချရပြီလို့ ကျွန်တော့်ကို ဆရာ ပျော်ခိုင်းမှာလား။ စိတ်ချမ်းသာပေမယ့်လည်း သံသယများနဲ့ပါ။ ELISSA ရဲ့ အာမခံမှုကလည်း အံ့မခန်းပါပဲ။ ဆရာနည်းနည်း ပြောပြပေးစေချင် ပါတယ်။
ဖြေ။ ။ အမျိုးသမီးမှာ ပိုးရှိပြီး အမျိုးသားကို မကူးစက်တဲ့ စုံတွဲတွေကို တွေ့ဖူးပါတယ်။ မကူးစက်တာ မထူးဆန်းပါဘူး။အမျိုးသမီးမှာ ပိုးရှိတာ သေချာ ရင်တော့ နောက်ပိုင်း လင်ခန်း မယားခန်းတွေမှာ ကွန်ဒုံးသုံးရပါမယ်။
မိတ်ဆွေစစ်တာ ELISA နည်းက ဘယ်လိုနည်းလဲဆိုတာ အသေးစိတ်သိရရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ELISA က Generation မျိုးစုံ ရှိပါတယ်။ ဥပမာ 1st Generation ELISA ဆိုရင် စိတ်မချရပါဘူး။ 3rd Generation ELISA ဆိုရင်တော့ စိတ်ချရပါတယ်။ ဒါပေမယ့် ELISA တွေအားလုံးကတော့ မရှိတဲ့သူကို မရှိဘူးလို့ပြောတာ ၉၉.၉၉ ရာခိုင်နှုန်းမှန်ကြပါတယ်။ ဒီတော့ မိတ်ဆွေအနေနဲ့ ကံကောင်းစွာဖြင့် ပိုးမကူးစက် ခဲ့ဘူးလို့ပဲ မှတ်ယူစေချင် ပါတယ်။ ဒါကို စိတ်မသန့်သေးလို့ ထပ်စစ်မယ်ဆိုရင်တော့ နောက် ၆ လကြာရင် ထပ်စစ်ကြည့်ပါ။ အခုတော့ အမျိုးသမီးနဲ့နေရင် ကွန်ဒုံး သုံးစေချင်ပါတယ်။
မေး။ ။ ကျွန်တော် အပျော်မယ် တစ်ယောက်နဲ့ ဖြစ်ပါတယ်။ ကွန်ဒုံး သုံးပါတယ်။ ဒါပေမဲ့ သူ့ဆီက ထွက်တဲ့ မိန်းမ အရည်က ကွန်ဒုံးအဆုံး လိင်တံ အရင်းအသားမှာ စိုနေပါတယ်။ ပြီးပြီးချင်းတော့ ရေဆေးပါတယ်။ အဲ့ဒီလို အသားမှာ စိုတာကကော HIV/AIDS ကူးဆက်နိုင်ပါ သလား။ အဲ့ဒီနောက်ပိုင်း ၂ ပတ်အကြာလောက် ပေါင်ကြားမှာ ယားပြီးတော့ ပူနေပါတယ် (အရေပြား အပူလောင်သလိုမျိုး) အဲ့ဒါ ဘာဖြစ်တာလဲ သိပရစေ။
ဖြေ။ ။ အသားမှာ လိင်အင်္ဂါအရည်စိုရုံနဲ့ HIV မကူးစက်နိုင်ပါဘူး။ အသားက မပွန်းပဲ့ဘူး၊ အနာမရှိဘူးဆိုရင် HIV လုံးဝ မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် ကာလသားရောဂါပိုးတော့ ကူးစက်နိုင်ပါတယ်။ ပေါင်မှာ ယားပြီး ပူလောင်တာ အရေပြားယားနာ သို့မဟုတ် allergic သို့မဟုတ် ကာလသား ရောဂါဖြစ်နိုင်ပါတယ်။ နီးစပ်ရာ ဆရာဝန်နဲ့ ပြသစေချင် ပါတယ်။
လမင်းကို




