မေး(၁)။ ။ ဆက်ဆံပြီး ၅ လ အကြာမှာ စစ်ရင်ရော မှန်နိုင်ပါသလား။ အခု ခြေထောက်မှာ ယားနာဖုလေးတွေပေါက်လာလို့ပါ။ အရည်ကြည်ဖူးလေးတွေပါ။ တော်တော်လည်း ယားပါတယ်။ HIV လက္ခဏာများလားလို့ စိုးရိမ်မိပါတယ်။ ဆက်ဆံတုန်းက ကွမ်ဒုံးပေါက်သွားခဲ့တာကို မသိပဲ ဆက်ဆံမိခဲ့ပါတယ်။ သွေးအဖြေကတော့ Non-Reactive ပြပါတယ်။ ဒါပေမယ့် ၅ လမှာ စစ်တဲ့ အတွက် မသေချာမှာစိုးရိမ်မိပါတယ်။ စစ်တာကတော့ သွေးသလိပ်သီးသန့် စစ်တဲ့ အပြင်ဓါတ်ခွဲခန်းမှာပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါလားခင်ဗျာ။ စိတ်ဖိစီးမှုလည်း အရမ်းများနေပါတယ်။
ဖြေ။ ။ ၅ လ အကြာမှာစစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါလည်း ဖြစ်နိုင်ပါတယ်။ ပထမတစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက်စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။
မေး (၂)။ ။ ကျွန်တော် အမျိုးသမီးတစ်ယောက်နဲ့ ဆက်ဆံခဲ့ပါတယ်။ ကွန်ဒုံး သုံးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အင်္ဂါမှာ လမ်းလျှောက်တာများလို့ အတွင်းခံပွတ်ရာလေး ရှိပါတယ်။ သွေးတော့ မထွက်ပါဘူး။ HIV ကူးနိုင်ပါသလား။ ဆရာ ကျွန်တော် စိုးရိမ်နေပါတယ်။
ဖြေ။ ။ ပွန်းပဲ့တဲ့ နေရာက အနာလိုမျိုး မဖြစ်နေရင် စိတ်ပူစရာမလိုပါဘူး။ ကွန်ဒုံးသုံးခဲ့တာ သေချာတယ်ဆိုရင် စိတ်ချရပါတယ်။ စိတ်သိပ်မပူပါနဲ့။ အရမ်းစိတ်ပူနေတယ်ဆိုရင်တော့ နောက် ၃ လကျော်ရင် သွေးစစ်ကြည့်ပါ။ HIV ရော ကာလသားရောဂါပါ စစ်ပါခင်ဗျာ။
မေး(၃)။ ။ ကျွန်တော်လွန်ခဲသော ၁ လကျော်က အကာကွယ်နဲ့ လိင်ဆက်ဆံခံပါတယ်။ အကာကွယ်က မိန်းမလိင်ထံမှာ ကျွတ်ခဲ့ပါတယ်။ သုတ်ပိုး မထွက်ခင်သိပါတယ်။ ဆက်ဆံပြီး ၁ ပတ်ကျော်လောက်မှာ ဖျားတာ အခုတစ်လကျော်ပါပြီ။ လည်ပင်းမနာသလို အာသီးလဲ မယောင်ပါဘူး။ ကိုယ်လက်တွေတော့ ကိုက်တယ် မလုပ်ချင်ပါဘူး။ ဗိုက်နာပေမယ့် ၀မ်းအနဲငယ်ပဲ သွားပါတယ်။ အဲ့ဒါ HIV လား။ ဖျားကြာရင် HIV လို့ ပြောပါတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ မိတ်ဆွေရဲ့ လိင်ဆက်ဆံဖော်က ဘယ်လိုလူမျိုးလဲဆိုတာ စာမှာ မဖော်ပြထားတော့ လိင်ဆက်ဆံသူ အမျိုးသမီးက အခကြေးငွေပေးရတဲ့ လိင်လုပ်သမလို့ ယူဆရပါတယ်။
ကွန်ဒုံးကျွတ်ကျန်တာ သိသိချင်း လိင်ကိစ္စကို ရပ်လိုက်ပါလား၊ ဒါမှ မဟုတ် ဆက်ဆံလို့ ပြီးမှ ကျွတ်နေမှန်း သိလိုက်တာလား သိချင်ပါတယ်။
များသောအားဖြင့် HIV က ကူးစက်တာနဲ့ ချက်ချင်း ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ဖျားတာ၊ ၀မ်းသွားတာမျိုးကလည်း HIV ပိုးကူးစက်ပြီး အချိန်အတော်ကြာမှ (ဥပမာ- ၁ နှစ် ၂ နှစ်နေမှ) AIDS ရောဂါအဆင့်ရောက်မှ ဖြစ်တာမျိုးပါ။ အခုဖြစ်ပုံက HIV လို့ ပြောလို့ မရပါဘူး။
ကာလအကြာကြီးဖျားစေတဲ့ အကြောင်းရာတွေက အများကြီးရှိပါတယ်။ ဥပမာ- တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊သွေးရောဂါ တွေရှိရင် ရက်ရှည်ဖျားတတ်ပါတယ်။
လိင်ဆက်ဆံခဲ့တုန်းက ရောဂါကူးခဲ့ရင်လည်း HIV ထက် ကာလသားရောဂါက ပိုပြီး ကူးစက်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ကာလသားရောဂါတွေ ကူးစက်ခံရရင်တော့ ဖျားတာ၊ လိင်အင်္ဂါမှာ အနာပေါက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အခုရက်ရှည်ဖျားတာကို အရင်ဆုံး သေသေချာချာကုသပြီး ရောဂါ အဖြေရှာစေချင်ပါတယ်။ ဒီအတွက် သမားတော်နဲ့ ပြစေချင်ပါတယ်။ သမားတော်က သွေးစစ်၊ ဆီးစစ်တာတွေ လုပ်ပြီးမှ ကျန်တဲ့ HIV ရှိ/မရှိ သွေးစစ်ဖို့ ၊ကာလသားရောဂါ ရှိ/မရှိ သွေးစစ်ဖို့ကို လုပ်စေချင်ပါတယ်။
လမင်းကို




